Myanmar Association of Japan Alumni ( MAJA )

 16th KAKE INTERNATIONAL JAPANESE SPEECH CONTEST


ပိုမို ကျယ်ပြန့်လာစေရေး၊ ဂျပန်နိုင်ငံယဉ်ကျေးမှုများ ပိုမိုသိရှိ နားလည်လာစေရေးစသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံပေါင်း (၁၂) နိုင်ငံတွင် နှစ်စဉ်ကျင်းပလျက် ရှိပါသည်။
စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

ယှဉ်ပြိုင်ရမည့် ခေါင်းစဉ် 「未来に伝えたいこと」
DATE: 30.8.2026 (Sunday)
TIME: 9:00 a.m ~ 12:00 p.m
PLACE: Melia Yangon Hotel

ဆုရရှိသူများအား ထိုက်တန်သော ဆုငွေများ ချီးမြှင့်သွားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နောက်ဆုံးအဆင့်ထိ ပါဝင်ယှဥ်ပြိုင်ခွင့်ရရှိသူ အားလုံးထံ Kake Education Institute မှ အသိအမှတ်ပြုလက်မှတ်များ ပေးအပ်သွားမည်ဖြစ်သည်။

ပထမဆုရရှိသူသည် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အပြည်ပြည်ဆိုင်ရာစကားပြောပြိုင်ပွဲတွင် ဆက်လက်ယှဥ်ပြိုင်ရမည်ဖြစ်သည်။

လျှောက်လွှာလျှောက်ထားနိုင်မည့်သူ
အောက်ပါအချက်(၅)ချက်လုံးနှင့်ပြည့်စုံသူဖြစ်ရမည်။
၁။ လက်ရှိမြန်မာနိုင်ငံတွင် အထက်တန်းပညာ (သို့မဟုတ်) ဂျပန်ဘာသာစကားသင်ယူနေသူဖြစ်ပြီး၊
နောင်အနာဂတ်တွင် Kake Education Institute နှင့် ချိတ်ဆက်ထားသော ဂျပန်နိုင်ငံရှိ တက္ကသိုလ်များသို့ တက်ရောက်ပညာသင်ယူလိုသူ။
၂။ ဂျပန်နိုင်ငံတွင် နေထိုင်ကာလ (၁)နှစ် မပြည့်ဖူးသူ။
၃။ ပြိုင်ပွဲဝင် သို့မဟုတ် မိဘတစ်ဦးဦး၏ မိခင်ဘာသာစကားသည် ဂျပန်ဘာသာစကားမဟုတ်သူ။
၄။ ယခင်နှစ်များတွင် Kake Education Institute မှ ကြီးမှူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲများတွင် ဆုရရှိဖူးခြင်းမရှိသူ။
၅။ မြန်မာနိုင်ငံသားဖြစ်သူ။

လျှောက်လွှာလျှောက်ထားခြင်းနှင့် စုံစမ်းမေးမြန်းရန်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၄ ရက် (အင်္ဂါနေ့) မှ ဇူလိုင်လ ၂၅ ရက် (စနေနေ့) အတွင်း (ပိတ်ရက်မရှိ) လျှောက်လွှာဖောင်တွင် လိုအပ်သည်များကိုဖြည့်စွက်၍ အောက်ဖော်ပြပါ Google Form Link သို ပေးပို့ လျှောက်ထားနိုင်ပါသည်။
Link :https://docs.google.com/forms/d/e/1FAIpQLSdEpWcUDaHWo7P238rbmStyyPt6fTiee4g610TSjv0i6ASc0w/viewform

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
Tel: 09-428612151, 09-262602121
event.maja.ygn@gmail.com
Organized By Okayama University International Alumni (Myanmar)
Supported By Embassy of Japan in Myanmar and Myanmar Association of Japan Alumni (MAJA)

 2026-07-14
16th KAKE INTERNATIONAL JAPANESE SPEECH CONTEST
visitors :      284,153