Myanmar Association of Japan Alumni ( MAJA )

 Japan Culture & Education Fair 2026


“KIRA KIRA☆ဂျပန်နွေရာသီပွဲတော်”မှာ ပါဝင်ပြသမယ့် ပြခန်းများနဲ့ စင်မြင့်ဖျော်ဖြေပွဲ အစီအစဉ်များကို ကြေညာပေးလိုက်ပါတယ်!
 
The Japan Foundation Yangon (JFYG) သည် License Academy Co., Ltd.၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့နှင့် ပူးပေါင်းပြီး Japan Culture & Education Fair 2026 ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲမှာ ဂျပန်နွေရာသီပွဲတော်ယဉ်ကျေးမှုကို  ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခံစားနိုင်မယ့် KIRA KIRA☆ ဂျပန်နွေရာသီပွဲတော် နဲ့အတူ  ဂျပန်နိုင်ငံမှ လာရောက်ပြသကြမည့် တက္ကသိုလ်များ၊ အသက်မွေးဝမ်းကျောင်းကောလိပ်များ၊ ဂျပန်ဘာသာစကားကျောင်းများနှင့် ပညာသင်ဆု/ပညာရေးဆိုင်ရာ အကြံဉာဏ်များ ရယူနိုင်မယ့် ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ နှစ်ခုစလုံးကို နေရာတစ်ခုတည်းမှာ တစ်ပြိုင်နက်တည်း ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။
 
ယခုတစ်ကြိမ်မှာ  “KIRA KIRA☆ဂျပန်နွေရာသီပွဲတော်"ရဲ့ ပြခန်းများနှင့် စင်မြင့်အစီအစဉ်အသေးစိတ်များကို ထုတ်ပြန်ကြေညာပေးလိုက်ပါတယ်။
ပြခန်းများမှာတော့
• ဂိမ်းကစားနည်း အမျိုးမျိုး
• ဂျပန်ရိုးရာယုကတ (Yukata) ဝတ်ဆင်မှု အတွေ့အကြုံယူနိုင်မည့်နေရာ
• Lucky Draw ကံစမ်းမဲ အစီအစဥ်
• Photobooth  
• ဂျပန်ပညာတော်သင် လမ်းညွှန်ပြခန်း
• ဂျပန်ဖောင်ဒေးရှင်းမှ ကျင်းပသော နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာစကားဆရာများအတွက် သင်တန်းပရိုဂရမ် (Training Program for Teachers of the Japanese Language)
တက်ရောက်ခဲ့သော ဆရာ၊ဆရာများဖြင့်ဖွဲ့စည်းထားသည့် Urawa JAM ၏ ပရိုဂရမ်အစီအစဉ််မိတ်ဆက်ပြခန်း စသည်တို့ကို ပြင်ဆင်ထားပါတယ်။
 
စင်မြင့်အစီအစဉ်များမှာတော့ 
• Cosplayer များရဲ့ ဖျော်ဖြေတင်ဆက်မှု
• ကင်ဒို (Kendo) နှင့် ကရာတေး (Karate) သရုပ်ပြပွဲများ
• "UTACONဂျပန်သီချင်းဆိုပြိုင်ပွဲ" နှင့် "၆ ကြိမ်မြောက် ဂျပန် သီချင်းဆိုပြိုင်ပွဲ" ဆုရရှိသူများ၏ သီဆိုဖျော်ဖြေမှုများ
• ဂျပန်ယဉ်ကျေးမှုဆိုင်ရာ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ Kanji၊ ဘင်ဂို (Bingo) ကစားပွဲ
• ဂျပန်ဖောင်ဒေးရှင်းမှ ကျင်းပသည့် " ကလေးများအတွက် နွေရာသီဂျပန်စာသင်တန်း" တက်ရောက်ခဲ့သူများ၏ သီဆိုဖျော်ဖြေမှုများ
• မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် Okayama University Japan Educational Information Center, Myanmar (OJEIC) တို့၏ ဂျပန်ပညာတော်သင်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များ တင်ပြခြင်းများ စတာတွေကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

အဲ့ဒီအပြင် ပွဲနေ့ရက်နှစ်ရက်စလုံးရဲ့ နောက်ဆုံးအစီအစဉ်မှာလည်း ဂျပန်နွေရာသီပွဲတော်များအတိုင်း  Bon Odori ကပွဲကို တက်ရောက်လာသူအားလုံး အတူတူ ကခုန်ကြမှာ ဖြစ်ပါတယ်။
 
ဒီပွဲဟာ ဝင်ကြေးအခမဲ့ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းရန် မလိုဘဲ မည်သူမဆို လွတ်လပ်စွာ လာရောက်နိုင်ပါတယ်။ မိသားစု၊ သူငယ်ချင်းများနှင့် ဂျပန်စာသင်တန်းကျောင်း မှ သူငယ်ချင်းများကိုပါ ခေါ်ဆောင်ပြီး ပျော်ပျော်ပါးပါး လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။
 
✨ပွဲအစီအစဉ်အကျဉ်းချုပ်✨  
   
🏮 နေ့ရက် ။ ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁ ရက် (စနေနေ့) နှင့် ၂ ရက် (တနင်္ဂနွေနေ့)  

🎆အချိန် ။ ။ မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲ (last entry time ညနေ ၃ နာရီ)   

🏮နေရာ ။ ။ Melia Yangon (Inya Ballroom, Function Room 1)  

🎆ကြီးမှူးကျင်းပမည့်အဖွဲ့အစည်းများ ။  ။   
[KIRA KIRA☆ဂျပန်နွေရာသီပွဲတော်]  
The Japan Foundation, Yangon (JFYG), Myanmar Association of Japan Alumni (MAJA)  
[ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ]  
Licence Academy  

🏮ပူးပေါင်းပါဝင်ကူညီသည့်အဖွဲ့အစည်းများ။ ။ Myanmar Japan Center (MJC)၊ Okayama University Japan Educational Information Center (OJEIC)   
🎆 Sponsor ကုမ္ပဏီများ။ ။ All Nippon Airways (ANA), Marubeni, MUFG Bank, Ltd., Yangon Branch,  Yangon Branch, MIYAKO FOOD MYANMAR Co., Ltd  

🏮 ဝင်ကြေး။ ။ အခမဲ့  
🎆ကြိုတင်စာရင်းပေးသွင်းရန် မလိုပါ။

🏮စုံစမ်းမေးမြန်းရန်။ ။  
KIRA KIRA☆ဂျပန်နွေရာသီပွဲတော် အတွက်  
   ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (ဖုန်း 01-43920/1၊ မေးလ် info_JFYG@jpf.go.jp)  
ဂျပန်ပညာ‌တော်သင်ဆွေးနွေးပွဲ အတွက်
   Nice Myanmar (ဖုန်း 09-409122212/09-897408617၊ မေးလ်  information@nicemyanmartravel.com)
 
👘Yukataဝတ်ခြင်းအစီအစဉ်(※ကြိုတင်စာရင်းပေးသွင်းရန်လိုအပ်ပါတယ်။)👘
 
KIRA KIRA☆ဂျပန်နွေရာသီပွဲတော်တွင် Yukataကို ကိုယ်တိုင်ခံစားဝတ်ဆင်နိုင်မည့် Cornerတစ်ခုပြုလုပ်ပေးထားပါတယ်။ ပါဝင်ဝတ်ဆင်ကြည့်လိုသူများအနေဖြင့် အောက်ဖော်ပြပါလင့်ခ်မှတဆင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါတယ်။ စာရင်းပေးသွင်းရာတွင် ပထမရက် နှင့် ဒုတိယရက်အတွက်ဆိုပြီး ခွဲခြားထားသည့်အတွက်
လျှောက်လွှာတင်ရာတွင် သေချာသတိပြုရွေးချယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
 
ပထမရက်အတွက် လျှောက်လွှာတင်ရန် : https://forms.gle/Yh3ERa7EEyKHfQSSA
 
ဒုတိယရက်အတွက် လျှောက်လွှာတင်ရန်: https://forms.gle/paGLyVs7b9aNCHkN6
 
Yukataဝတ်ခြင်းအစီအစဉ်နှင့်ပတ်သက်သည်များကို မေးမြန်းစုံစမ်းလိုပါက: Myanmar Association of Japan Alumni (MAJA) (ဆက်သွယ်ရန်ဖုန်း-09-428756746、09-986093637)
※ယုကတ ဝတ်ဆင်ခွင့်ရသူများအနေနဲ့ ပွဲနေ့ ကိုယ်ဝတ်ဆင်ရမယ့်ရက်မှာ နိုင်ငံသားစိစစ်ရေးကတ်ပြားကို သက်သေခံအနေနဲ့ပြသရမှာဖြစ်လို့ တပါတည်းယူလာပေးကြပါ။



 2026-07-24
Japan Culture & Education Fair 2026
visitors :      289,382