Myanmar Association of Japan Alumni ( MAJA )

 ၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ


၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို  ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁  ရက် (စနေနေ့) တွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများ အောက်ပါအချက်အလက်များကို ဖတ်ရှု၍ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
 
၁။ ကျင်းပမည့် နေ့ရက်နှင့် အချိန်
 ပြိုင်ပွဲကျင်းပမည့်နေ့။   ။၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက် (စနေနေ့)  ၉ နာရီမှ ၁၂ နာရီ
(※ပဏာမအဆင့်ကိုအောင်သူများသာ)
 
၂။ လျှောက်လွှာလျှောက်ထားနိုင်သူ
(၁) အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်းဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်းနေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရမည်။
(၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)  
(၃) ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။  
(၄) ဂျပန်နိုင်ငံတွင် ၆ လနှင့်အထက် နေထိုင်ဖူးသူမဖြစ်ရ။  

၃။ လျှောက်လွှာလက်ခံခြင်း
  လျှောက်လွှာများကို အောက်ဖော်ပြပါ Link မှတဆင့် Google Form တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။  
လျှောက်လွှာလက်ခံမည့်ကာလ ။      ။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၁၀ ရက် (တနင်္လာနေ့) မနက် ၉ နာရီ မှ သြဂုတ်လ ၂၁ ရက် (သောကြာနေ့) ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။  
(※အောက်ဖော်ပြပါ link ကို သြဂုတ်လ ၁၀ ရက်နေ့မှ စတင်အသုံးပြုနိုင်မည်ဖြစ်ပါသည်။  
 URL: https://docs.google.com/forms/d/e/1FAIpQLSd10h7JNFZIp8fhVdJ6vPWu9pZTHT7DFJxdBpbcHUcER7pQUQ/viewform
 
Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။
(၁) G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။
(၂) ဓာတ်ပုံ (3x4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name:  မိမိအမည်-2) တို့ကို JPG file ဖြင့်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင်ပေးပါ။
(၃) Speech ၏ အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံး​ရေ ၈၀၀မှ ၁၁၀၀ ဖြင့် (Word File) ပြင်ထားရမည်။
 (File name: မိမိအမည်-3)
(၄) မိမိယှဥ်ပြိုင်မည့် Speech သည် 3 မိနစ်ထက်မနည်း 4 မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို MP 3 ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။
 
၄။ ပဏာမရွေးချယ်ခြင်း  
ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ် ရွေးချယ် သွားမည် ဖြစ်ပါသည်။   
(※လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှု တွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)
 
ပဏာမရွေးချယ်မည့်နေ့။    ။၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၉ ရက် (စနေနေ့) နှင့် ၂၀ ရက် (တနင်္ဂနွေနေ့)
ပဏာမရွေးချယ်ခြင်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို ယှဉ်ပြိုင်မည့်သူများအား တိုက်ရိုက်ဆက်သွယ်အကြောင်းကြားသွားပါမည်။  
 
၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
  ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နေ့တွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။  
※ အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။  
 
၆။ အကဲဖြတ်အမှတ်ပေးခြင်း
 ပြိုင်ပွဲဝင်များ၏ ပါဝင်ယှဉ်ပြိုင်သည့်အကြောင်းအရာကို အကဲဖြတ်အမှတ်ပေးရာတွင်  
အကြောင်းအရာပိုင်း  -  လက်တွေ့ကျမှု၊  အဆုံးအထိယုတ္တိတန်စွာ ဖော်ပြနိုင်မှု  
ဂျပန်ဘာသာစကားစွမ်းရည်  - အသံထွက်၊ ၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်တိကျမှု၊ ဝေါဟာရရွေးချယ်သုံးနှုန်းမှု
တင်ဆက်မှုစွမ်းရည်  - မျက်နှာအနေအထား၊ လက်ဟန်အမူအရာ၊ အသံအတိုးအကျယ်၊ အသံ အနိမ့်အမြင့် အတက်အကျ
အမေးအဖြေကဏ္ဍ  - မေးခွန်းနားလည်နိုင်စွမ်း၊ တုံ့ပြန်ဖြေဆိုသည့်အကြောင်းအရာနှင့် အချိန်ကြာမြင့်မှု စသည့် ရှုထောင့် (၄) မျိုးကို အခြေခံ၍  ရွေးချယ်အကဲဖြတ်ပါမည်။
 
၇။ ဆုချီးမြှင့်ခြင်း  
(၁) ဆုရရှိသူများအား တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားပါမည်။  
(၂) ပထမဆုရရှိသူသည် ဂျပန်နိုင်ငံတွင်ဆက်လက်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဂျပန်ဘာသာစကားပြော ပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံအသီးသီးမှ ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ ဆုရရှိသူများနှင့်အတူစုဝေး၍ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။  
 
၈။ စုံစမ်းမေးမြန်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း 09-428612151, 09-262602121
အီးမေးလ် event.maja.ygn@gmail.com

ဤပြိုင်ပွဲသည် ဂျပန်ဘာသာလေ့လာလိုစိတ်ပိုမိုထက်သန်လာရန် ရည်ရွယ်ပြီး ဂျပန်ဘာသာလေ့လာနေသူများမှ မိမိ၏အယူအဆများကို ဂျပန်ဘာသာဖြင့်ဖော်ပြခြင်းဖြင့် ဂျပန်ဘာသာအရည်အချင်း ပိုမိုတိုးတက်လာမည်ကို မျှော်လင့်ပါသည်။
ထို့ကြောင့် ပေးပို့လာမည့် စာမူများသည် လျှောက်ထားသူ၏ ကိုယ်ပိုင်ဉာဏဖြင့် ရေးသားထားသော စာမူများဖြစ်ရပါမည်။
 
※လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်းများ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။

 2026-08-17
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,459