"ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတ မှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း" ကျင်းပမည် ဖြစ်ကြောင်း အသိပေးချက်
ဂျပန်ဖောင်ဒေးရှင်း (JF) သည် ဂျပန်နိုင်ငံ၏ မန်ဂယဉ်ကျေးမှုနှင့် နိုင်ငံခြားယဉ်ကျေးမှုများကို သုတေသနပြုလုပ်ခြင်း၏ စိတ်ဝင်စားဖွယ် ဆွဲဆောင်မှုများကို အဓိက အကြောင်းအရာ အဖြစ် ထားရှိသည့် " ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း" ကို Yangon Book Plaza နှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့နှင့်အတူ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ဂျပန်နိုင်ငံ၏ မန်ဂယဉ်ကျေးမှုနှင့် မြန်မာ့ရိုးရာဂီတကို သုတေသနပြုနေသည့် ဂျပန်လူမျိုး သုတေသနပညာရှင်များကို ဖိတ်ကြားပြီး၊ ၎င်းတို့၏ သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များအပြင် ယဉ်ကျေးမှုမှတစ်ဆင့် လူထုနှင့် ထိတွေ့ဆက်ဆံခြင်းနှင့် ယဉ်ကျေးမှုသုတေသနပြုလုပ်ခြင်း၏ စိတ်ဝင်စားဖွယ်ကောင်းပုံများကို ဟောပြောဆွေးနွေး သွားမည်ဖြစ်ပါသည်။ မည်သူမဆို အခမဲ့ လွတ်လပ်စွာ တက်ရောက်နိုင်သည့် ဆွေးနွေးပွဲဖြစ်သည့်အတွက် တက်ရောက်လိုသူများ အောက်ပါ Form မှတစ်ဆင့် ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
【ပွဲအစီအစဉ် အကျဉ်းချုပ်】
ပွဲအမည်။ ။ဂျပန်နိုင်ငံနားလည်မှုမြှင့်တင်ရေး ဆွေးနွေးပွဲ- ဂျပန်မန်ဂနှင့် ဂီတမှတစ်ဆင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုဖလှယ်ခြင်း
ကျင်းပမည့်နေ့ရက်။ ။ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက် (စနေနေ့)၊ ၂၇ ရက် (တနင်္ဂနွေနေ့)
အချိန်။ ။ ၁၃:၃၀နာရီ မှ ၁၆:၀၀ နာရီ
နေရာ။ ။ စက်တင်ဘာလ ၂၆ ရက် (စနေနေ့)@Yangon Book Plaza
https://maps.app.goo.gl/ijDDWd2aUNgNFZMZ9
စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့)@ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ
https://maps.app.goo.gl/JyXaAKbsKDxYfb4K9
ဦးစီးကျင်းပသူ။ ။ဂျပန်ဖောင်ဒေးရှင်း (JF)
ပူးပေါင်းကျင်းပသူ။ ။ Yangon Book Plaza၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဟောပြောမည့်သူများ။ ။ Prof. INOUE Sayuri (The University of Osaka) ၊ Assoc. Prof. OGAWA Tsuyoshi (Kyoto Seika University)
ဘာသာစကား ။ ။ မြန်မာဘာသာ၊ ဂျပန်ဘာသာ (အလှည့်ကျ ဘာသာပြန်ပေးသူ ရှိပါသည်။)
လက်ခံမည့်ဦးရေ။ ။ စက်တင်ဘာလ ၂၆ ရက် (စနေနေ့)တွင် ၁၀၀ ဦး
စက်တင်ဘာလ ၂၇ ရက် (တနင်္ဂနွေနေ့)တွင် ၇၀ ဦး
※ဦးသူစနစ်ဖြင့် လက်ခံပါမည်။
တက်ရောက်ခ။ ။ အခမဲ့
ကြိုတင်စာရင်းပေးသွင်းရန်
https://forms.cloud.microsoft/Pages/Response
Page.aspx?id=oy_HkJxhhky73GK1b_
fZOZbJyIDTZqVOlKNbBD6nZoxUNVMyNkNHO
E9NUjdFRlNXU0wxSDc4Q1Y4Ni4u
※လူဦးရေ ပြည့်သည်နှင့် လက်ခံမှုကို ပိတ်ပါမည်။
(မှတ်ချက်။ ။ ၂၆ ရက်နှင့် ၂၇ ရက်နေ့များတွင် ဟောပြောမည့် အကြောင်းအရာများတူညီပါသည်)
【ဆွေးနွေးပွဲတွင်ပါဝင်မည့် အကြောင်းအရာများ】
အပိုင်း (၁) "ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံကို သုတေသနပြုခြင်း - ဂီတမှတစ်ဆင့် ဆုံတွေ့ခဲ့ရသော လူများနှင့် ယဉ်ကျေးမှု" (Prof. INOUE Sayuri)
ဂျပန်လူမျိုးတစ်ယောက်ဖြစ်သည့် ကျွန်မသည် မြန်မာနိုင်ငံဆိုင်ရာ သုတေသနကို ဘာကြောင့် စတင်ခဲ့သလဲ။ သုတေသနပြုလုပ်ရင်းနှင့် ဆုံတွေ့ခဲ့ရသော လူမှုဆက်ဆံရေး များကို မိတ်ဆက်ပေးရင်း၊ လူနှင့်လူ အပြန်အလှန် ချိတ်ဆက်ရခြင်း၏ စိတ်ဝင်စားဖွယ်ကောင်းပုံများနှင့် ဂျပန်နှင့် မြန်မာနိုင်ငံ၏ လူငယ်မျိုးဆက်သစ်များ ယဉ်ကျေးမှုများကို အပြန်အလှန် သိရှိနားလည်ခြင်း၏ အဓိပ္ပာယ်ကို အတူတကွ စဉ်းစားတွေးခေါ်သွားမည် ဖြစ်ပါသည်။
အပိုင်း (၂) "ဂျပန်မန်ဂယဉ်ကျေးမှု (Manga၊ Anime၊ Game) ၏ ထူးခြားချက်များအကြောင်း" (Assoc. Prof. OGAWA Tsuyoshi)
ဂျပန်မန်ဂနှင့် အန်နီမေးရှင်း (Anime) တွေကို နှစ်သက်ပါသလား။ မိမိနှစ်သက်သည့် ဇာတ်ကောင်များအကြောင်းကို တွေးနေရုံနှင့်တင် စိတ်ချမ်းသာမှုကို ခံစားရစေမှာပါ။ ဒါဆိုရင် သူတို့ရဲ့ ဆွဲဆောင်မှုနှင့် ထူးခြားချက်များက ဘာတွေဖြစ်မလဲ။ သိထားပြီးသားလိုလိုနှင့် နက်ရှိုင်းလှတဲ့ မန်ဂယဉ်ကျေးမှုအကြောင်းကို ဟောပြောဆွေးနွေးသွားမှာ ဖြစ်ပါသည်။
【ဟောပြောမည့်သူများ၏ ကိုယ်ရေးအကျဉ်း】
Prof. INOUE Sayuri
Graduate School of Humanities, The University of Osaka, မှ ပါမောက္ခ (Division of Foreign Studies၊ မြန်မာစာအထူးပြု) ဖြစ်ပြီး မြန်မာစာပေနှင့် ဂီတကို အထူးပြု သုတေသနပြုသူ ဖြစ်သည်။ ရေးသားခဲ့သော စာအုပ်များထဲတွင် "The Formation of Genres in Burmese Classical Songs" စသည်တို့ ပါဝင်ပါသည်။
Assoc. Prof. OGAWA Tsuyoshi
Kyoto Seika University၊ Faculty of Manga၊ Character Design Course (ဇာတ်ကောင်ဒီဇိုင်းသင်တန်း) ၏ တွဲဖက်ပါမောက္ခ ဖြစ်ပါသည်။ Kyoto Seika University၊ အနုပညာသုတေသန ဘွဲ့လွန်သင်တန်း (မဟာဘွဲ့) ကို ပြီးမြောက်ခဲ့သည်။ Kyoto International Manga Museum (ကျိုတိုအပြည်ပြည်ဆိုင်ရာ မန်ဂပြတိုက်)တွင် သုတေသနအရာရှိ စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ပြီးနောက် လက်ရှိ ရာထူးနေရာတွင် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်။ မန်ဂရေးဆွဲထုတ်လုပ်သည့် ဖြစ်စဉ် များကို အနီးကပ် လေ့လာနိုင်သည့် ပြပွဲများနှင့် ပွဲအစီအစဉ်များကို စိတ်ဝင်စားပြီး၊ ပြည်တွင်းပြည်ပ ပြပွဲများအပြင် ရုပ်ပုံရေးဆွဲနည်း အလုပ်ရုံဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကိုလည်း ပြုလုပ်လျက်ရှိပါသည်။
【စုံစမ်းမေးမြန်းရန်】
ဂျပန်ဖောင်ဒေးရှင်းရန်ကုန်ဂျပန်ယဉ်ကျေးမှုစင်တာ (JFYG)
အင်္ဂါနေ့မှသောကြာနေ့ မနက် ၉ နာရီမှ ၁၇ နာရီ
ဆက်သွယ်ရန်ဖုန်း။ ။ 01-430920/1
အီးမေးလ်။ ။info.jfyg@jpf.go.jp
