(၂၇)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆု ရရှိသူများကို ကြေညာခြင်း
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ) ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တိုနှင့်ပူးပေါင်းပြီး (၂၇)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကို ဂျပန်လူမျိုးများ အသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)၊ ဂျပန်-မြန်မာအသင်း၊ ဂျပန်ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအသင်း နှင့် Osaka Minami Rotary Club တိုကလည်း ပံ့ပိုး ကူညီခဲ့ကြပါသည်။
ပြိုင်ပွဲ၀င်များစွာထဲမှ ပဏာမအဆင့်တွင် အနိုင်ရရှိခဲ့သူ ၁၄ ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ် ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေး စည်းမျဥ်းများအ တိုင်း အကဲဖြတ် အမှတ်ပေး ခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေညာခဲ့ပါသည်။
ဆုရရှိသူများအား ဂုဏ်ပြုလွှာများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ဆုရရှိသူများ
🏆ပထမဆု ကျော်ဇင်အောင်「အနီးဆုံးလူတွေအပေါ် ဘာကြောင့် အဆိုးဆုံး ဆက်ဆံမိကြတာလဲ」
🏆ဒုတိယဆု ရွှေရည်ဝင်း「ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ အနာဂတ်ဆီသိုလမ်းခရီး」
🏆တတိယဆု ရွှေဖူးစံ「တိုးတက်လာသောနည်းပညာနှင့် ကလေးငယ်များ၏ဘဝ 」
🏆မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)ဆု ခိုင်စုသီ「ညီအစ်မ」
🏆ဂျပန်လူမျိုးများ အသင်းဆု ယွန်းဝဒီစိုး「အမှားများကိုပြင်ဆင်ရင်း」
အထက်ဖော်ပြပါ ဆုများအပြင် ပွဲကိုကူညီပံ့ပိုးပေးသည့် Osaka Minami Rotary Club မှ Osaka Minami Rotary Club ဆု ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
🏆Osaka Minami Rotary Club ဆု နာဝ「ကျွန်ုပ်၏စိတ်ထဲထင်ကျန်ရစ်သော နွေးထွေးကြည်နူးဖွယ်နေရာ」
ယှဥ်ပြိုင်သူများ၏ အတွေးအမြင်များထင်ဟပ်နေသည့် နွေးထွေးသော တင်ဆက်မှု အကြောင်းအရာများဖြင့် ပွဲကျင်းပရာနေရာသည် အလွန်ပင် သက်ဝင်တက်ကြွနေခဲ့ ပါသည်။
နောင်နှစ်တွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက်ယှဥ်ပြိုင်ကြမည်ကို မျှော်လင့် စောင့်စားလျက်ရှိပါသည်။

🏆ပထမဆု ကျော်ဇင်အောင်「အနီးဆုံးလူတွေအပေါ် ဘာကြောင့် အဆိုးဆုံး ဆက်ဆံမိကြတာလဲ」

🏆ပထမဆု ကျော်ဇင်အောင်「အနီးဆုံးလူတွေအပေါ် ဘာကြောင့် အဆိုးဆုံး ဆက်ဆံမိကြတာလဲ」

🏆ဒုတိယဆု ရွှေရည်ဝင်း「ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ အနာဂတ်ဆီသိုလမ်းခရီး」

🏆ဒုတိယဆု ရွှေရည်ဝင်း「ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့ ဂျပန်နိုင်ငံနဲ့ အနာဂတ်ဆီသိုလမ်းခရီး」

🏆တတိယဆု ရွှေဖူးစံ「တိုးတက်လာသောနည်းပညာနှင့် ကလေးငယ်များ၏ဘဝ 」

🏆တတိယဆု ရွှေဖူးစံ「တိုးတက်လာသောနည်းပညာနှင့် ကလေးငယ်များ၏ဘဝ 」

🏆မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)ဆု ခိုင်စုသီ「ညီအစ်မ」

🏆မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)ဆု ခိုင်စုသီ「ညီအစ်မ」

🏆ဂျပန်လူမျိုးများ အသင်းဆု ယွန်းဝဒီစိုး「အမှားများကိုပြင်ဆင်ရင်း」

🏆ဂျပန်လူမျိုးများ အသင်းဆု ယွန်းဝဒီစိုး「အမှားများကိုပြင်ဆင်ရင်း」

🏆Osaka Minami Rotary Club ဆု နာဝ「ကျွန်ုပ်၏စိတ်ထဲထင်ကျန်ရစ်သော နွေးထွေးကြည်နူးဖွယ်နေရာ」

🏆Osaka Minami Rotary Club ဆု နာဝ「ကျွန်ုပ်၏စိတ်ထဲထင်ကျန်ရစ်သော နွေးထွေးကြည်နူးဖွယ်နေရာ」

အမှတ်တရ စုပေါင်းဓာတ်ပုံ