Myanmar Association of Japan Alumni ( MAJA )

 ၁၉ ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ ပြိုင်ပွဲဝင်များဖိတ်ခေါ်ခြင်း


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)နှင့်ပူး ပေါင်းပြီး [၁၉ ကြိမ်မြောက် ဂျပန်စကားပြောပြျိင်ပွဲ] ကိုကျင်းပပါမည်။
ရန်ကုန်မြို့ နှင့် မန္တလေးမြို့ တွင် ကျင်းပမည့် ပဏာမ အဆင့်ရွေးချယ်ပွဲတွင် ရွေးချယ်ခံရသည့် ပြိုင်ပွဲဝင်၁၅ဦးမှာ သြဂုတ်လ ၂၆ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် စကားပြောပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ကြပါမည်။
ထိုပွဲတွင် ဆုရရှိသူသည် အာဆီယံနိုင်ငံများမှ ဆုရရှိသူများ ဂျပန်နိုင်ငံတွင် စုဝေးမည့်ပွဲကို တက် ရောက်နိုင်မည့် အခွင့်အရေးကို ရရှိပါမည်။
ထို့အပြင် ယခုနှစ်တွင် ပဏာမ စစ်ဆေးမှု အောင်မြင်ခဲ့ပြီး ဤပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသော ပြိုင်ပွဲဝင်များအနက်မှ JENESYS အစရှိသည့် ဖိတ်ခေါ် အစီအစဉ်များ၏ စည်းကမ်းချက်နှင့်  ကိုက်ညီသူများကို ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ခွင့်ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ 
ပါဝင် ယှဉ်ပြိုင်ပေးကြပါရန်နှင့် ပြိုင်ပွဲဝင် အများအပြား မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော် လျက် ရှိပါသည်။

၁။ ပဏာမ စစ်ဆေးရွေးချယ်မည့် နေ့ရက်၊အချိန်
(၁)မန္တလေးမြို့
၂၀၁၈ခုနှစ်၊ သြဂုတ်လ၄ရက်(စနေနေ့)
(၂)ရန်ကုန်မြို့
၂၀၁၈ခုနှစ်၊ သြဂုတ်လ၁၁ရက်(စနေနေ့)
※ ဝင်ရောက်ယှဉ်ပြိုင်မည့်သူများ လာရောက်ရမည့်အချိန်ကို သီးခြားအကြောင်းကြားပါမည်။

၂။ ပဏာမ စစ်ဆေးရွေးချယ်မည့် နေရာ
(၁) မန္တလေးမြို့
ဟီတိုစင်တာ (လမ်း ၈၀နှင့် ၁၂လမ်းထောင့်၊မန္တလေးမြို့)
(၂) ရန်ကုန်မြို့
MAJA စင်တာ (အမှတ်၆၆က၊သူရလမ်း၊၉ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့[ပုဏ္ဏမီ မှတ်တိုင်အနီး])

၃။ စီစဉ်သူ၊ ကူညီပံ့ပိုးသူ
(၁)စီစဉ်သူ
မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)
(၂)ပံ့ပိုးသူ
ဂျပန်ဖောင်ဒေးရှင်း
(၃)ကူညီပံ့ပိုးသူ
မြန်မာနိုင်ငံ ဂျပန် ကုန်သည်ကြီးများ အသင်း(JCCM)၊ ရန်ကုန် ဂျပန်လူမျိုးများအသင်း၊ ဂျပန်-မြန်မာအသင်း၊ ဂျပန်ပြည်ပ စီးပွားရေး လုပ်ငန်းများအသင်း
(၄)ကူညီသူ
ဟီတိုစင်တာ
၄။ လျှောက်ထားနိုင်မည့်သူ
(၁) မြန်မာနိုင်ငံသားဖြစ်ရမည်
(၂) အသက်၁၆နှစ်မှ ၃၀နှစ်အတွင်းရှိသူဖြစ်ရမည်
(၃) ယခင်ကကျင်းပခဲ့သော စကားပြောပြိုင်ပွဲများတွင် ဆုရရှိဖူးသူမဖြစ်ရ
(၄) ဂျပန်ဘာသာပြဆရာ၊ဆရာမ မဖြစ်စေရ

၅။ လျှောက်ထားနိုင်မည့်နည်းလမ်းများ
ဇူလိုင်လ၊ ၁၇ရက်နေ့(အင်္ဂါနေ့)မှ ဩဂုတ်လ၊ ၂ရက်နေ့ (ကြာသပတေးနေ့)အတွင်း လျှောက်လွှာတွင် လိုအပ်သည့် အချက်အလက်များ
ဖြည့်စွက်ပြီး အောက်ပါနေရာများတွင် လျှောက်ထားနိုင်ပါသည်။
(၁) ရန်ကုန်မြို့
နေရာ။ MAJA (အခန်း ၇၀၇၊တိုက်စီ၊ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့)
လျှောက်ထားချိန်။ နံနက်၉း၃၀~၁၂း၀၀၊နေ့လည်၁၃း၀၀~၁၆း၃၀ (နေ့စဉ်)
(၂) မန္တလေးမြို့
နေရာ။ ဟီတိုစင်တာ (လမ်း၈၀နှင့်၁၂လမ်းထောင့်၊မန္တလေးမြို့)
လျှောက်ထားချိန်။ နံနက်၉း၃၀~၁၂း၀၀၊နေ့လည်၁၃း၀၀~၁၆း၃၀ (နေ့စဉ်)
※ လျှောက်လွှာကို ဤနေရာမှလည်း Download ရယူနိုင်ပါသည်။ (၁၉ကြိမ်မြောက်ဂျပန်ဘာသာစကားပြောပြိုင်ပွဲဝင်ခွင့်လျှောက်လွှာ)

၆။ ပဏာမရွေးချယ်ခြင်း
ပြိုင်ပွဲနေ့တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ခေါင်းစဉ်ဖြင့် ပဏာမ ရွေးချယ်ပွဲတွင် ပြောကြားပြီးနောက်တွင် ဒိုင်များ၏ အမေးအဖြေ နှင့်အတူ ပဏာမရွေးချယ်ပါမည်။
ရန်ကုန်မြို့နှင့်မန္တလေးမြို့များ၏ စံနှုန်းကို ကိုးကား၍ အမှတ်အများဆုံး ၁၅ဦးသည် နောက်ဆုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရပါမည်။

၇။ အခြား
(၁) ပဏာမရွေးချယ်မှုအဖြေကို ဩဂုတ်လ၁၇ရက်(သောကြာနေ့)အထိ နောက်ဆုံးထား၍ ပြိုင်ပွဲဝင်များ ကို အကြောင်းကြားပေးပါမည်။
ထို့အပြင် သံရုံး Home Page တွင်လည်း ကြေညာပေးသွားပါမည်။
(၂) စကားပြောပြိုင်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားပါမည်။
အများအပြားလာရောက်ကြည့်ရှုမည်ကိုစောင့်မျှော်လျက်ရှိပါသည်။
နေ့ရက်၊အချိန်။ ၂၀၁၈ခုနှစ်၊ ဩဂုတ်လ၂၆ရက် (တနင်္ဂနွေနေ့) နံနက်၉း၀၀~၁၂း၀၀
နေရာ။ Melia Hotel, Yangon

၈။ စုံစမ်းရန်
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
ဖုန်း။ ၀၉-၈၆၁၂၁၅၁၊ ၀၉-၈၆၁၃၈၄၈၊ ၀၉-၂၆၂၆၀၂၁၂၁

 2019-09-05
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,183