Myanmar Association of Japan Alumni ( MAJA )

 ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို စိတ်ဝင်စားသူများအတွက် Online အသိပညာပေးဆွေးနွေးပွဲ


ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို စိတ်ဝင်စားသူတိုင်းအနေနဲ့ ဂျပန်နိုင်ငံဘက်မှ တိုက်ရိုက်စီစဉ်ပေးတဲ့ ဒီ Online အသိပညာပေးဆွေးနွေးပွဲလေးကို မိနစ် ၉၀ ခန့် အချိန်ပေးပြီး တက်ရောက်လေ့လာထားသင့်ပါတယ်။

ဒီအစီအစဉ်ဟာ Japan Association for Human Resources in Industrial Product Manufacturing (JAIM) မှ ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင် အလုပ် လုပ်ကိုင်လိုသူများအတွက် စီစဉ်ပေးတဲ့ Specified Skilled Worker (SSW) ဆိုင်ရာ အခမဲ့ဆွေးနွေးပွဲ ဖြစ်ပါတယ်။

📌 အစီအစဉ်အသေးစိတ်
📅 နေ့ရက် – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် (ကြာသပတေးနေ့)
🕐 အချိန် – မြန်မာစံတော်ချိန် နေ့လယ် ၁:၀၀ မှ ၂:၃၀ နာရီအထိ
💻 Online – Zoom မှတစ်ဆင့်
🎟️ ပထမဆုံး စာရင်းပေးသွင်းသူ ၂၀၀ ဦးအတွက် (အခမဲ့)

📍 ဆွေးနွေးမည့်အကြောင်းအရာများ
၁။ ဂျပန်နိုင်ငံရှိ ကုန်ထုတ်လုပ်ငန်းများတွင် အလုပ်အကိုင်အခွင့်အလမ်းများ
၂။ SSW အဖြစ် သွားရောက်လုပ်ကိုင်နိုင်မည့် လုပ်ငန်းစဉ်များ
၃။ လိုအပ်သော အရည်အချင်းများနှင့် ကြိုတင်ပြင်ဆင်ရမည့်အချက်များ
၄။ လျှောက်ထားမှုနှင့် အလုပ်အကိုင်ဆိုင်ရာ သိရှိထားသင့်သည့် အချက်အလက်များ

📝 Registration ပြုလုပ်ရန်
📌 အောက်ပါ Link
https://jaim-seminar-entry.spiral-site.com/overseas_seminar_202610_my?_ifbs-overseas_seminar_202610_my=s1_Step1
သိုမဟုတ် Poster ပါ QR Code ကို Scan ဖတ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။

⏰ နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက် – ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်

သတ်မှတ်ရက်အတွင်း Registration ပြုလုပ်ထားသူများကိုသာ တက်ရောက်ခွင့်ဆိုင်ရာ အကြောင်းကြားချက်များ ပေးပိုသွားမည်ဖြစ်သဖြင့် စာရင်းမသွင်းထားပါက တက်ရောက်နိုင်ရန် အခွင့်အရေးလက်လွတ်သွားနိုင်ပါတယ်။

Japan မှာ အလုပ်လုပ်ကိုင်ဖို ရည်ရွယ်ထားတယ်ဆိုရင် Japan ဘက်က တိုက်ရိုက်စီစဉ်ပေးတဲ့ အခမဲ့အသိပညာပေးအစီအစဉ်တွေကို အခွင့်အရေးရှိတုန်း တက်ရောက် လေ့လာထားပါ။

မိမိအတွက်သာမက မိမိပတ်ဝန်းကျင်က လူငယ်တွေအတွက်ပါ အသိပညာနဲ့ အခွင့်အလမ်းတွေကို ပြန်လည်မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။

အခမဲ့ရရှိတဲ့ အသိပညာအခွင့်အလမ်းကောင်းကို လက်မလွတ်ကြပါနဲ့။



 

 2026-11-06
ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို စိတ်ဝင်စားသူများအတွက် Online အသိပညာပေးဆွေးနွေးပွဲ
visitors :      324,627