Myanmar Association of Japan Alumni ( MAJA )

 MAJA Office (ပုလဲကွန်ဒိုရုံးခန်း) လိပ်စာပြောင်းလဲ ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်းနှင့် JLPT စာမေးပွဲနှင့် ပတ်သက်သောလုပ်ငန်းများအားလုံး ယခင်ကြေငြာထားသည့်အတိုင်း မပြောင်းလဲပဲ တောင်ဥက္ကလာပ တွင် ဖွင့်လှစ်ထားသော MAJA Education Centre တွင် ဆက်လက်လုပ်ဆောင်ခြင်း။


MAJA Office (ပုလဲကွန်ဒိုရုံးခန်း) လိပ်စာပြောင်းလဲ ဖွင့်လှစ်ကြောင်းအသိပေးကြေညာခြင်း

*** ( JLPT စာမေးပွဲနှင့် ပတ်သက်သောလုပ်ငန်းများအားလုံး ယခင်ကြေငြာထားသည့်အတိုင်း မပြောင်းလဲပဲ တောင်ဥက္ကလာပ တွင် ဖွင့်လှစ်ထားသော MAJA Education Centre တွင် ဆက်လက်လုပ်ဆောင်ရမည်ဖြစ်ပါသည်။)

ပုလဲကွန်ဒို (၇) လွှာတွင် ဖွင့်လှစ်လျက်ရှိသော MAJA ရုံးခန်းအား ဧပြီလ တစ်ရက်နေ့ (၁.၄.၂၀၁၉) မှစတင်၍ အမှတ်2B(4)၊ နှင်းဥယျာဉ်အိမ်ရာ၊သုမင်္ဂလာလမ်း၊နှင်းဆီကုန်း(က) ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် သို့ ပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်ရှင်။ MAJA office သို့ လာရောက်စုံစမ်းလိုပါက အောက်ပါလိပ်စာအတိုင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်ရှင်။

တောင်ဥက္ကလာပ တွင်ဖွင့်လှစ်ထားသော MAJA Education Centre တွင် 
➡ Top J စာမေးပွဲ ဖောင်တင်ခြင်းနှင့် အောင်လက်မှတ်ထုတ်ယူခြင်း၊
➡ JLPT စာမေးပွဲ ဖောင်တင်ခြင်းနှင့် အောင်လက်မှတ်ထုတ်ယူခြင်း၊
➡ Japanese Language Class များ တက်ရောက်နိုင်ခြင်း၊
➡ MAJA Member ဝင်ရောက်နိုင်ခြင်း။ စသည့် လုပ်ငန်းများ ဆောင်ရွက်ပေးနေပါသည်။

ပုလဲကွန်ဒို ရုံးခန်းမှ ယခု ပြောင်းရွှေ့ထားသော လိပ်စာအသစ်ဖြစ်သည့် အမှတ်-2B(4)၊ နှင်းဥယျာဉ်အိမ်ယာ၊သုမင်္ဂလာလမ်း၊နှင်းဆီကုန်း(က) ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ် တွင် 
➡ MAJA Member ဝင်ရောက်နိုင်ခြင်း၊ အသင်းဝင်ကဒ်များထုတ်ယူနိုင်ခြင်း။
➡ EJU Exam form တင်ခြင်းနှင့် အမှတ်စာရင်းထုတ်ယူခြင်း၊ 
➡ Exchange program များခေါ်ယူခြင်း၊
➡ Scholarship များ လျှောက်ထားနိုင်ခြင်း။ 
➡ Certificate များ အမှားပြင်ဆင်နိုင်ခြင်း။ စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးနေပါသည်။

ဆက်သွယ်စုံစမ်းရန်

လိပ်စာအသစ်
------------
အမှတ်-2B(4)၊ နှင်းဥယျာဉ်အိမ်ယာ၊သုမင်္ဂလာလမ်း၊နှင်းဆီကုန်း(က) ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်။
ဖုန်း- ၀၉၄၂၈၆၁၂၁၅၁၊ ၀၉၂၆၂၆၀၂၁၂၁၊ ၀၉ ၃၁၅၈၀၄၇၈

 2019-04-03
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,192