Myanmar Association of Japan Alumni ( MAJA )

 ၂၀ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း။ ၂၀ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ရွေးချယ်ခံရသည့် ကျောင်းသား/သူစာရင်း ကြေငြာခြင်း။


“၂၀ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း”

(၂၀၁၉ခုနှစ် ဇူလိုင်လ ၂၆ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်)
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း၊ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊မြန်မာ နိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA) နှင့်အတူ ပူးပေါင်းပြီး [၂၀ကြိမ်မြောက် ဂျပန်စကားပြော ပြိုင်ပွဲ] ကိုကျင်းပပါမည်။
ရန်ကုန်မြို့နှင့်မန္တလေးမြို့တွင်ကျင်းပမည့်ပဏာမစစ်ဆေးမှုအောင်မြင်သူ၁၅ဦးသည် သြဂုတ်လ၂၅ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည့် ဂျပန်စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရပါမည်။
ပထမဆုရရှိသူသည် အာဆီယံနိုင်ငံများမှ ဂျပန်စကားပြောပြိုင်ပွဲတွင် ဆုရရှိသူများ ဂျပန်နိုင်ငံတွင် စုဝေးမည့်ပွဲသို့ တက်ရောက်ခွင့် ရရှိပါမည်။ ထို့အပြင် ယခုနှစ်တွင် ဆုရရှိသူများအပြင် ပဏာမစစ်ဆေးမှု အောင်မြင်ခဲ့သူ များမှ JENESYS အစရှိသည့်
ဖိတ်ခေါ်အစီအစဉ်များ၏ စည်းကမ်းချက်နှင့် ကိုက်ညီသူအားလုံးကို ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်ခွင့်ကို ပေးအပ်သွားမည်ဖြစ်ပါသည်။ အားလုံး ပါဝင် ယှဉ်ပြိုင်ပေးကြပါရန်နှင့် ပြိုင်ပွဲဝင် အများအပြားဆီမှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို စောင့်မျှော်လျှက် ရှိပါသည်။
အသေးစိတ်ကို ဂျပန်သံရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

https://www.mm.emb-japan.go.jp/…/myan…/news/2019/new-38.html

 

 

 

 2019-09-09
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,185