Myanmar Association of Japan Alumni ( MAJA )

 ကျေးဇူးတင်ရှိကြောင်းနှင့် ဖိတ်ကြားခြင်း


ကျေးဇူးတင်ရှိကြောင်းနှင့် ဖိတ်ကြားခြင်း
----------------------------------------------
(၂၀၁၉)ခုနှစ်၊ ဇူလိုင်လ (၇)ရက်နေ့တွင် ကျင်းပခဲ့သော “ဂျပန်ဘာသာ အရည်အချင်းစစ်စာမေးပွဲ”တွင် စိတ်ပါဝင်စားစွာ အားမာန်အပြည့်ဖြင့် မိမိတို့၏ ကိုယ်ပိုင်အချိန်များကိုပေးကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသော မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းမှအသင်းသူ/သားများ၊ တွဲဖက်အသင်းသူ/သားများ၊ မိတ်ဖက်အသင်းအဖွဲ့အသီးသီးမှ အသင်းသူ/သားများ၊ စာဖြေဌာနများဖွင့်လှစ် ခွင့်ပြုကြပါသောဌာနများနှင့် သက်ဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အမှုဆောင်များအားလည်းကောင်း၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဌာနအားလည်းကောင်း၊ ဂျပန်ဖောင်ဒေးရှင်း(ရန်ကုန်)အားလည်းကောင်း၊ စာဖြေဌာနအသီးသီးမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားလည်းကောင်း အထူး ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်တွင် ကျင်းပမည့် ဂျပန် မြန်မာချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်မှုများတွင်လည်းမြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းနှင့်အတူစိတ်ပါဝင်စားစွာအားမာန်အပြည့်ဖြင့်ပါဝင်ဆောင်ရွက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း

 2019-09-09
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,192