Myanmar Association of Japan Alumni ( MAJA )

 မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်းနှစ်ပတ်လည်အစည်းအဝေးဖိတ်ကြားခြင်း။


မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါ၍ ကြွရောက်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။

ကျင်းပမည့်နေ့ရက် ။ ။ ၂၉.၃.၂၀၂၀ (တနင်္ဂနွေနေ့)
ကျင်းပမည့်အချိန် ။ ။ ၉: ၀၀ နာရီ (Registration – 8:30)
ကျင်းပမည့်နေရာ ။ ။ PARKROYAL YANGON (၃၃၊ အလံပြဘုရားလမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။)

အစည်းအဝေးတွင် အလုပ်အမှုဆောင်သစ် ရွေးချယ်ရန်ရှိပါသည်။ (သာမန်အသင်းသားများသာ)
အလုပ်အမှုဆောင်အဖြစ် ပါဝင်အရွေးခံလိုသူ သာမန်အသင်းသားများ သည် ဆန္ဒပြုလွှာများကို ၂၀.၃.၂၀၂၀(သောကြာ)နေ့ နောက်ဆုံးထား၍ MAJA Head Office သို့ လူကိုယ်တိုင်ဖြစ်စေ၊ Email (maja.ygn@gmail.com) ဖြင့်ဖြစ်စေ ပေးပို့ရမည်ဖြစ်ပါသည်။
ဆန္ဒပြုလွှာကိုအောက်ပါ link တွင် ရယူနိုင်ပါသည်။
https://drive.google.com//1K4rwX7dpt_7L1PK0oQicWaaKK/view

အစည်းအဝေးပြီးလျှင် မိတ်ဆုံစားပွဲဆက်လက်ကျင်းပပါမည်။

အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2020-03-10
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,192