Myanmar Association of Japan Alumni ( MAJA )

 မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပမည့်နေ့ရက် အားခေတ္တ ဆိုင်းငံ့ခြင်း။


၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်ခဲ့ပါသည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်စွဲဖြင့် ပြည်သူသို့ ပန်ကြားချက်ကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ပန်ကြားချက်တွင် COVID-19 သည် လူစုလူဝေး များပြားရာနေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသောအခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ကြရန်နှင့် ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီးဖြစ်ကြောင်းပါရှိပါသည်။
၃။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ခေတ္တဆိုင်းငံ့ထားမည် ဖြစ်ပါကြောင်းနှင့် အစည်းအဝေးကျင်းပမည့်ရက်အား ထပ်မံအသိပေးကြေညာမည်ဖြစ်ပါကြောင်း အကြောင်း ကြားအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
မန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2020-03-20
Application Announcement for Long-term Capacity Development Scholarship Program
visitors :      213,430