Myanmar Association of Japan Alumni ( MAJA )

 (၂၁)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများကို ဆုချီးမြှင့်ခြင်း


မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းအသင်း (MAJA) တို့နှင့်အတူ နိုဝင်ဘာလက Online မှ ကြီးမှူးကျင်းပခဲ့သော (၂၁)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲတွင် ဆုရရှိသူများအား ဒီဇင်ဘာလ ၂၈ရက်နေ့က ဆုချီးမြှင့်ခဲ့ပါသည်။

ဂျပန်လူမျိုးအသင်း၊မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း(JCCM) ဂျပန်-မြန်မာအသင်းနှင့် ဂျပန်ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအသင်းတို့၏ ပံ့ပိုးကူညီမှုများဖြင့် တန်ဖိုးကြီးဆုလက်ဆောင်များကို ပေးအပ်ခဲ့ပါသည်။

ဆုရရှိကြသူများကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါသည်။

ဤပွဲကို Online မှစီစဥ်ကျင်းပခဲ့ရသော်လည်း ပြိုင်ပွဲဝင်များ၏ ယှဥ်ပြိုင်မှုများကို ကြီးမှူးကျင်းပသော အဖွဲ့အစည်းများ၏ Facebook နှင့် Youtube တို့မှ မကြာမီ ထုတ်လွှင့်ကြေညာသွားမည်ဖြစ်ပါသည်။

လက်တလောတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ခက်ခဲကြမ်းတမ်းသော အခြေအနေများ ဖြစ်ပေါ်လျက်ရှိသော်လည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေနှင့် ဂျပန်ဘာသာ လေ့လာသင်ယူနေကြသူများကို အင်တိုက်အားတိုက် ဆက်လက်အားပေးနေပါသည်။

ဂျပန်ဘာသာ လေ့လာသင်ယူနေကြသူများအား နောင်နှစ် ကျင်းပမည့် ဂျပန်စကားပြောပြိုင်ပွဲတွင်လည်း ဆက်ဆက် ပါဝင်ယှဥ်ပြိုင်ကြရန် ဖိတ်ခေါ်အပ်ပါသည်။

ဆုရရှိသူများ

ပထမဆု.....မခင်မေကြူ

"ဂျူဒိုလက်ရွေးစင်ကျွန်မနှင့် ဂျပန်စာ၏အားသာချက်"

ဒုတိယဆု ......မတင်နီလာဝင်း

"အားလုံးကို ပျော်ရွှင်စေလိုသောကျွန်မ၏ဆန္ဒ"

တတိယဆု ....... မနှင်းအိမ့်ဝေ

"ဂျပန်ပညာတော်သင်သွားခြင်းမှ ရခဲ့သောအကျိုးကျေးဇူး"

ဇွဲဆု ....... မဆုဝတီ

"ယုံကြည်မှုကိုကိုင်ဆောင်ပြီးအသစ်အသစ်သောအရာများကို ကြိုးစားကြည့်ကြပါစို့"

ဇွဲဆု ........ မရွှန်းလဲ့ရည်အောင်

"ဥပဒေကျောင်းသူတစ်ယောက်၏ အတွေး"

 

 

 

 

 2020-12-29
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,974