Myanmar Association of Japan Alumni ( MAJA )

 ၂၂ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၁


(ミャンマー語の後に日本語が続きます)

၂၂ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ( ၁၃) ရက် တွင် အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပသွားမည် ဖြစ်ပါသည်။ Covid-19 ရောဂါကူးစက်မှုဆက်လက် ဖြစ်ပွားနေချိန်ဖြစ်ပါ သောကြောင့်၊ ပြိုင်ပွဲကျင်းပခြင်းနှင့် ပဏာမရွေးချယ်ခြင်းများကို အွန်လိုင်းဖြင့် ပြုလုပ်ကျင်းပသွားပါမည်။ ပြိုင်ပွဲဝင်လိုသူများ အနေဖြင့် ကွန်ပျူတာ သို့မဟုတ် စမတ်ဖုန်းမှတစ်ဆင့် ZOOM Application အား အသုံးပြု၍ မည်သည့်နေရာမှမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

၁။ ကျင်းပမည့် နေ့ရက်

ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက် (စနေနေ့)

ပြိုင်ပွဲကျင်းမည့်နေရာ။ ZOOM Meeting (အွန်လိုင်း)

(**ပဏာမအဆင့်ကိုအောင်ခဲ့သူများသာ)

၂။ လျှောက်လွှာလျှောက်ထားနိုင်သူ

() အသက် ၁၆ နှစ် မှ ၃၀ နှစ် အတွင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။

() ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများ မပါပါ)

() ယခင်ကျင်းပခဲ့ဖူးသော ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ဆုရရှိဖူးထားသူမဖြစ်ရ။

၃။ လျှောက်လွှာလက်ခံခြင်း

လျှောက်လွှာများကို အောက်ဖော်ပြပါ Google Form Link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထား နိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်ကာလ ၂၀၂၁ခုနှစ် စက်တင်ဘာလ (၂၇)ရက် (တနင်္လာနေ့) မနက် နာရီ မှ အောက်တိုဘာလ (၁၁)ရက် (တနင်္လာနေ့) ညနေ နာရီခွဲ အထိ ပေးပို့လျှောက်ထားနိုင်ပါသည်။

(**စက်တင်ဘာလ (၂၇) ရက်မှသာ အောက်ဖော်ပြပါ link ကိုအသုံးပြုနိုင်မည် ဖြစ်သည်။

Application Form for the Japanese Speech Contest 2021

https://docs.google.com/.../1FAIpQLSe8QhlBqjHb.../closedform

Application ဖောင်ဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန်လိုအပ်ပါသည်။

() G-mail account ဖြင့် ဖောင်ဖြည့်ရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail အကောင့်ဖွင့်ထားရမည်။

() ဓာတ်ပုံ (3x4 cm) (File name: မိမိအမည်-1) နှင့် မှတ်ပုံတင်အရှေ့အနောက်ပုံ (File name: မိမိအမည်-2) တို့ကို JPG file ဖြင့် ဖြစ်အောင်ကြိုပြင်ထားရမည်။ ဖိုင်တစ်ခုလျှင် Size 3MB အောက် ဖြင့် ပြင်ဆင် ပေးပါ။

() Speech အကြောင်းအရာ ကို ဂျပန်ဘာသာ စာလုံးရေ ၁၀၀၀ ခန့် ဖြင့် (Word File) ပြင်ထားရမည်။

(File name: မိမိအမည်-3)

() မိမိယှဥ်ပြိုင်မည့် Speech သည် (3) မိနစ်ထက်မနည်း (4) မိနစ်ထက်မပိုသော အသံဖိုင် (File name: မိမိအမည်-4) ကို (Mp3) ဖြင့် သွင်းထားရမည်။ File size 10MB ဝန်းကျင်ခန့် ပြင်ဆင်ပေးပါ။

၄။ ပဏာမရွေးချယ်ခြင်း

ပဏာမရွေးချယ်မှုတွင် ပြိုင်ပွဲဝင်ပြောကြားမည့် အကြောင်းအရာကို ပြိုင်ပွဲအတိုင်းပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ်ရွေးချယ်သွားမည် ဖြစ်ပါသည်။

(**လျှောက်ထားသူများ၏ လျှောက်လွှာ၊ Speech (Word file နှင့် အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသည် ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ခွင့်ရရှိပါမည်။)

ပဏာမရွေးချယ်မည့်နေ့။ ။၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၃) ရက် (စနေနေ့) နှင့် အောက်တိုဘာလ (၂၄) ရက် (တနင်္ဂနွေနေ့)

၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ

ပဏာမအဆင့်ရွေးချယ်မှုရလဒ်များကို ပြိုင်ပွဲဝင်များထံသို့ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့်အဖွဲ့အစည်းများ၏ Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့ ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။

** အသေးစိတ်ကို ပါဝင်ယှဉ်ပြိုင်ရမည့်သူများအား တိုက်ရိုက် ဆက်သွယ်အကြောင်းကြားပါမည်။

၆။ စုံစမ်းမေးမြန်းရန်

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

ဖုန်း 09-428612151, 09-262602121

**လက်ရှိဖြစ်ပေါ်နေသောအခြေအနေအပေါ်မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်းစသည့် အစီအစဉ်ပြောင်းလဲခြင်း များ၊ ပွဲရပ်နားခြင်းများရှိနိုင်ပါသည်။

 2021-09-22
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,186