(၂၂)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ)ရန်ကုန်နှင့် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့မှ နိုဝင်ဘာလ(၁၃)ရက်နေ့တွင် (၂၂)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကျင်းပပြုလြပ်ခဲ့ပါသည်။
ပြိုင်ပွဲ၀င်စုစုပေါင်း ၇၈ ဦးအနက် ပဏာမပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူ ၁၅ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး၊ နောက်ဆုံးအဆင့် ပြိုင်ပွဲတွင် အနိုင်ရရှိသူ ၅ ဦးအား နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဂုဏ်ပြုလက်မှတ်နှင့် ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ပထမဆု မခင်လပြည့်မောင်
"ကျွန်ုပ်၏မိခင်"
ဒုတိယဆု မမြင့်မြင့်မွန်
"အမှန်တကယ် တောက်ပနေသော သင့်ဆီသို့"
တတိယဆု မခင်ရူပါကျော်
"ယုံကြည်ခြင်းဟာ အောင်မြင်မှုရဲ့ ပထမဦးဆုံးခြေလှမ်း"
ဇွဲဆု မောင်အောင်ငွေဟိန်း
"လူသားမျိုးနွယ်ရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်နည်းလမ်း"
ဇွဲဆု မောင်မိုးထက်အောင်
"အရဲစွန့်လှမ်းခဲ့တဲ့ ခြေတစ်လှမ်းပေါ်က သတ္တိတစ်စုံ"
ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်သည့်အနေဖြင့် ယမန်နှစ်က ကျင်းပခဲ့သည့်အတိုင်း ဒုတိယအကြိမ်မြောက် စကားပြောပြိုင်ပွဲကို Online မှကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းမှ ဂျပန်စာ စိတ်ဝင်စားသူ အများအပြားက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး အလွန်စွမ်းရည်မြင့်မားသောပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ (၂၂)ကြိမ်မြောက်ဂျပန်စကားပြောပြိုင်ပွဲ ကျင်းပခဲ့ပုံကို Youtube မှ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ပါသည်။






2021-12-01