Myanmar Association of Japan Alumni ( MAJA )

 Myanmar Association of Japan Alumni (MAJA)


2016NIYE Junior Program ( National Institution for Youth Education)်အတွက်လျောက်လွှာခေါ်ယူခြင်

 

     လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် လူငယ်များ၏ အတွေးအခေါ်များ တိုးတက်စေရန် နှင့် ASEAN နိုင်ငံများမှ လူငယ်များ ဂျပန်နိုင်ငံအကြောင်းကို ပိုမိုသိရှိ၊ စိတ်ဝင်စားလာစေရန် ရည်ရွယ်ပြီး 2016 NIYE Junior Program ဖြင့် NIYE မှ အကုန်အကျခံကာ ဂျပန်နိုင်ငံသို့ ၁၀ရက်ကြာ ( 24th November to 1st December, 2016 ) သွားရောက်ရမည့် အစီအစဉ်ဖြစ်ပါသည်။

 

{ Main event in each program}
- Visiting Junior High School, Interact with Japanese Student
- Learning Japanese Cultures
- Homestay
- Presentation day in Tokyo

 

စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံပါက လာရောက်လျောက်ထားနိုင်ပါသည်။

 

  • ၁။ 2nd April 2000 မှ 1st April 2003 အတွင်း မွေးဖွားသူဖြစ်ရမည်။
  • ၂။ အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်ရမည်။
  • ၃။ အင်္ဂလိပ်ဘာသာဖြစ်ရေးသားနိုင်ရမည်။ (စာစီစာကုံးနှင့် စစ်တမ်းမေးခွန်း များကိုရေသားတင်ပြရန်လိုအပ်သောကြောင့်)
  • ၄။ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုများကို စိတ်ပါဝင်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။
  • ၅။ဂျပန်နိုင်ငံမှ အသစ်အသစ်သောအရာ (အစားအစာ စသည်…)များကို သိရှိလိုသူဖြစ်ရမည်။
  • ၆။ မိမိနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်း တစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှပေးနိုင်ရမည်။
  • ၇။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။
  • ၈။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
  • ၉။ Myanmar Association of Japan Alumni ( MAJA ) နှင့် Youth Outdoor Learning Center or Youth Friendship Center တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်။
  • ၁၀။ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။(ှပည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ)
  • ၁၁။ မြန်မာနိုင်ငံကူးလတ်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်။
  • ၁၂။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းသားတစ်ဦးမှ ထောက်ခံပေးရပါမည်။

 

လျောက်လွှာလက်ခံရက် - 24.8.2016 – 1.9.2016
( နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။

စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များပိတ်သည်။)

- လျောက်လွှာများကို MAJA Office တွင် လာရောက်ထုတ်ယူရမည်။
- ၃လအတွင်း ရိုက်ကူးထားသော 3 x 4 cm ရှိသော ဓါတ်ပုံတစ်ပုံ
(ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသားထားရမည်)
- ကျောင်းသားဖြစ်ကြောင်း ကျောင်းထောက်ခံချက်
- နိုင်ငံကူးလက်မှတ် မိတ္တူ
- မှတ်ပုံတင် မိတ္တူ A4 (စာရွက်ပေါ်တွင် အပေါ်/အောက် ကူပေးရန်)
- MAJA အသင်းသားတစ်ဦးထောက်ခံစာ
အထက်ပါလိုအပ်သည့် စာရွက်စာတမ်းများကို မိတ္တူ (၅)စောင်ကူး၍ တင်ပေးပါရန်

 

လျောက်လွှာတင်ရမည့်နေရာ- Myanmar Association of Japan Alumni (MAJA)
Pearl Condominium, Room(707), Building (C), Kaba Aye Pagoda Road, Bahan Township, Yangon,

 2018-06-09
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,183