Myanmar Association of Japan Alumni ( MAJA )

 2018 NIYE Junior Program (National Institution for Youth Education) အတွက် လျောက်လွှာခေါ်ယူခြင်း


 

လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် လူငယ်များ၏ အတွေးအခေါ်များတိုးတက်စေရန် နှင့် ASEAN နိုင်ငံများမှ လူငယ်များဂျပန်နိုင်ငံအကြောင်းကိုပိုမိုသိရှိ၊ စိတ်ဝင်စားလာစေရန် ရည်ရွယ်ပြီး2018 NIYE Junior Program ဖြင့် NIYE မှ အကုန်အကျခံကာဂျပန်နိုင်ငံ (National Chuo Youth Friendship Center, Sizuoka Prefecture) သို့ ၁၀ရက်ကြာ( 19th November to 27th , 2018 ) သွားရောက် ရမည့် အစီအစဉ်ဖြစ်ပါသည်။

{ Main event in each program}
- Visiting Junior High School, Interact with Japanese Students
- Learning Japanese Culture
- Homestay
- Presentation day in Tokyo

စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံပါက လာရောက်လျောက်ထားနိုင်ပါသည်။
၁။ 2nd April 2002 မှ 1st April 2005 အတွင်းမွေးဖွားသူဖြစ်ရမည်။
၂။ အင်္ဂလိပ်လိုပြောဆိုဆက်ဆံနိုင်ရမည်။
၃။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားနိုင်ရမည်။ (စာစီစာကုံးနှင့် စစ်တမ်းမေးခွန်းများကိုရေးသားတင် ပြရန်လိုအပ်သောကြောင့်)
၄။ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုများကို စိတ်ပါဝင်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။
၅။ဂျပန်နိုင်ငံမှ အသစ်အသစ်သောအရာ (အစားအစာစသည်…)များကိုသိရှိလိုသူဖြစ်ရမည်။
၆။ မိမိနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်းတစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှ ပေးနိုင်ရမည်။
၇။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။
၈။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၉။ Myanmar Association of Japan Alumni ( MAJA ) နှင့် National Chuo Youth Friendship Center တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်။
၁၀။ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။ (ပြည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက် သည်အထိ)
၁၁။ မြန်မာနိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်။
၁၂။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းသားတစ်ဦးမှ ထောက်ခံပေးရပါမည်။

 လျှောက်ထားသူများထဲမှ အင်္ဂလိပ်စာ၊ ဗဟုသုတရေးဖြေစာမေးပွဲ နှင့် လူတွေ့စစ်ဆေးပြီး ကျောင်းသား/သူ (၆)ဦးအား ရွေးချယ်သွားပါမည်။v
 ရွေးချယ်ခံရပါက မိမိသက်ဆိုင်ရာကျောင်းမှv ဤ program ဖြင့် သွားရောက်မည့်ကာလကို ခွင့်ရက်အဖြစ် ခွင့်ပြုကြောင်းစာ တင်ပြနိုင်ရမည်။

လျောက်လွှာလက်ခံရက် - 11.7.2018 (Wed) မှ 31.7.2018 (Tue)
နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲအတွင်းလာရောက်လျောက်ထားနိုင်ပါသည်။
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များပိတ်သည်။)
- လျောက်လွှာများကိုMAJA Office တွင် လာရောက်ထုတ်ယူရမည်။
- ၃လအတွင်း ရိုက်ကူးထားသော3 x 4 cm ရှိသောဓါတ်ပုံတစ်ပုံ
(ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသားထားရမည်)
- ကျောင်းသားဖြစ်ကြောင်းကျောင်းထောက်ခံချက်
- နိုင်ငံကူးလက်မှတ် မိတ္တူ
- မှတ်ပုံတင် မိတ္တူ A4 (စာရွက်ပေါ်တွင် အပေါ်/အောက် ကူပေးရန်)
- MAJA အသင်းသားတစ်ဦးထောက်ခံစာ

လျောက်လွှာတင်ရမည့်နေရာ- Myanmar Association of Japan Alumni (MAJA)
Pearl Condominium, Room(707), Building (C), Kaba Aye PagodaRoad, Bahan Township, Yangon.
09-428612151, 09-262602121

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2019-09-07
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,177