Myanmar Association of Japan Alumni ( MAJA )

 Sakura Science Program 2018 အတွက် လျှောက်လွှာခေါ်ယူခြင်း


အာရှနိုင်ငံများမှ လူငယ်များ သိပ္ပံနှင့် နည်းပညာနယ်ပယ်တွင် နက်ရှိုင်းစွာ ဖလှယ်နိုင်စေရန် ရည်ရွယ်ပြီး Sakura Science Program ဖြင့် ဂျပန်နိုင်ငံ အိုကာယာမမြို့သို့ (Feb 24th ~ 2nd March, 2019) သွားရောက်ရမည့် အစီအစဉ်ဖြစ်ပါသည်။

- Under this program, the students will have a chance to visit companies and schools in Setouchi City and Okayama City and exchange opinions about social science and natural sciences with Japanese high school students.

စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံပါကလာရောက်လျှောက်ထားနိုင်ပါသည်။

၁။ 31st March 2002 မှ 1st Feb 2004 အတွင်း မွေးဖွားသူဖြစ်ပြီး အထက်တန်းကျောင်းသားသာဖြစ်ရမည်။

၂။ အင်္ဂလိပ်ဘာသာဖြင့်ပြောဆိုဆက်ဆံရေးသားနိုင်ရမည်။

၃။ ဂျပန်နိုင်ငံ၏သိပ္ပံနှင့် နည်းပညာများကို စိတ်ပါဝင်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။

၄။ ဂျပန်နိုင်ငံသားများ နေထိုင်မှုပုံစံ (ဥပမာ ဝတ်စားဆင်ယင်မှု)များကို သိရှိလေ့လာလိုသူ ဖြစ်ရမည်။

၅။ မိမိနိုင်ငံ၏ သိပ္ပံနှင့် နည်းပညာများကိုလည်း တစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှပေးနိုင်သူဖြစ်ရမည်။

၆။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။

၇။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၈။ Myanmar Association of Japan Alumni ( MAJA ) နှင့် Sakura Science Program တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို အတိအကျ လေးစားလိုက်နာရမည်။

၉။ ပြည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။

၁၀။ မြန်မာနိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်။

၁၁။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း၏ သာမန်အသင်းသားတစ်ဦးမှ ထောက်ခံပေးရပါမည်။

လျှောက်လွှာလက်ခံရက် - 1.11.2018 (Thu) မှ 9.11.2018 (Fri)
နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်းလာရောက်လျှောက်ထားနိုင်ပါသည်။
( စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များပိတ်သည်။)

- လျှောက်လွှာများကို MAJA Office တွင် လာရောက်ထုတ်ယူရမည်။
- ၃လအတွင်း ရိုက်ကူးထားသော3 x 4 cm ရှိသောဓါတ်ပုံတစ်ပုံ(ဓါတ်ပုံနောက်ကျောတွင် အမည်ရေးသားထားရမည်)
- ကျောင်းသားဖြစ်ကြောင်းကျောင်းထောက်ခံချက်
- နိုင်ငံကူးလက်မှတ် မိတ္တူ
- မှတ်ပုံတင် မိတ္တူ A4 (စာရွက်ပေါ်တွင် အပေါ်/အောက် ကူးပေးရန်)
- MAJA သာမန်အသင်းသားတစ်ဦး၏ထောက်ခံစာ

လျောက်လွှာတင်ရမည့်နေရာ
Myanmar Association of Japan Alumni (MAJA)
Room(707), 7th Floor, Building (C), Pearl Condominium, Kaba Aye PagodaRoad, Bahan Township, Yangon.
Tel: 09-428612151, 09-262602121

 

 2019-09-07
၂၁ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ ၂၀၂၀ နှင့်စက်တင်ဘာလ 13 ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် Top J Exam မကျင်းပ ဖြစ်ပါကြောင်းအသိပေးကြေငြာခြင်း
visitors :      48,511