Myanmar Association of Japan Alumni ( MAJA )

 ASCOJA Junior Exchange Program in Bangkok အတွက်လျှောက်လွှာခေါ်ယူခြင်း


ASEAN နိုင်ငံများမှ ကျောင်းသားလူငယ်များအချင်းချင်း လူနေမှုဘ၀ နှင့် ယဉ်ကျေးမှုများဖလှယ်စေရန် ရည်ရွယ်ပြီး Junior Exchange Program ဖြင့် ထိုင်း နိုင်ငံသို့ (၅) ရက်ကြာ (24 – 28 January 2019) သွားရောက်ရမည့် အစီအစဉ်ဖြစ်ပါသည်။

{ Main event in each program}
- Visit Museum
- Home stay
- Spend time with each host family
- Sharing of Experience

စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံပါက လာရောက်လျှောက်ထားနိုင်ပါသည်။

၁။ 28th February 2002 မှ 1st January 2004 အတွင်းမွေးဖွားသူဖြစ်ပြီး အထက်တန်းကျောင်းသား/သူသာ ဖြစ်ရပါမည်။
၂။ အင်္ဂလိပ်ဘာသာဖြင့် ပြောဆိုရေးသားနိုင်ရမည်။
၃။ အာဆီယံနိုင်ငံများ၏ လူနေမှုဘ၀ နှင့် ယဉ်ကျေးမှု ကို စိတ်ပါဝင်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။
၄။ မိမိနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်းတစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှပေးနိုင်ရမည်။
၅။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။
၆။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
၇။ Myanmar Association of Japan Alumni ( MAJA ) နှင့် Junior Exchange Program တို့မှ ချမှတ်ထားသော
စည်းမျဉ်းစည်းကမ်းများကိုလေးစားလိုက်နာရမည်။
၈။ ပြည်ပထွက်ခွာသည်မှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။
၉။ မြန်မာနိုင်ငံကူးလက်မှတ် လက်ဝယ်ရှိသူဖြစ်ရမည်။ (၃လသက်တမ်းကျန်ရှိရမည်။)
၁၀။ နေထိုင်စရိတ် နှင့် စားသောက်စရိတ်ကို အဖွဲ့အစည်းဘက်မှ တာဝန်ယူပါမည်။
၁၁။ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်မည့် အသွားအပြန် လေယာဉ်ခရီးစရိတ်နှင့် အခြားမိမိအသုံးစရိတ်များကို
သွားရောက်မည့်သူ မှ တာဝန်ယူနိုင်သူဖြစ်ရပါမည်။

လျှောက်လွှာလက်ခံရက် - 2.11.2018 (Friday) မှ 12.11.2018 (Monday)
နံနက်(၁၀)နာရီ မှ ညနေ(၄)နာရီ အတွင်း လာရောက်လျှောက်ထားနိုင်ပါသည်။
( စနေနေ့၊တနင်္ဂနွေနှင့်အစိုးရရုံးပိတ်ရက်များတွင် ရုံးပိတ်ပါသည်။)

- လျှောက်လွှာများကို MAJA Office တွင်လာရောက်ထုတ်ယူရမည်။
- (၃)လအတွင်းရိုက်ကူးထားသော3 cm x 4 cm ရှိသောဓါတ်ပုံတစ်ပုံ(ဓာတ်ပုံနောက်ကျောတွင်အမည်ရေးသားထားရမည်)
- အထက်တန်းကျောင်းသားဖြစ်ကြောင်း အထက်တန်းကျောင်းမှထောက်ခံချက်
- နိုင်ငံကူးလက်မှတ်မိတ္တူ
- နိုင်ငံသားစီစစ်ရေးကဒ်ပြားမိတ္တူ (A4 စာရွက်ပေါ်တွင်အပေါ်/အောက်ကူးပေးရန်)
- MAJA သာမန်အသင်းသားတစ်ဦး၏ထောက်ခံစာ

လျှောက်လွှာတင်ရမည့်နေရာ- Myanmar Association of Japan Alumni (MAJA)
Room(707), 7th Floor, Building (C), Pearl Condominium, Kaba Aye Pagoda Road, Bahan Township, Yangon.
Tel: 09-428612151, 09-262602121

 2019-09-07
၂၁ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပဏာမအဆင့် ရွေးချယ်ခံရသူများ၏ အမည်စာရင်းထုတ်ပြန်ခြင်းနှင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ရွှေ့ဆိုင်းလိုက်ကြောင်း ကြေညာခြင်း
visitors :      50,326