Myanmar Association of Japan Alumni ( MAJA )

 Toshiba Youth Club Asia Vol.8 [TYCA] အတွက်လျှောက်လွှာခေါ်ယူခြင်း


မင်္ဂလာပါ...

Toshiba Youth Club Asia Vol.8 { TCYA } အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ (March 23rd ~ 30th, 2024) တစ်ပတ်ကြာ သွားရောက်ရမည့် ခရီးစဉ်ဖြစ်ပါသည်။

ထူးချွန်ထက်မြက်သော လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ လူငယ်များတွေ့ဆုံမည့် အစီအစဉ်ဖြစ်ပါသည်။

ယင်းအစီအစဉ်တွင် Energy and Environmental issues, Resilience against natural disasters, Economics and social development of the region, and the role of Science and Technology for social innovation စသော အချက်များကို ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပြီး၊ အနာဂါတ်တွင် စွမ်းဆောင်မူအပြည့်နှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင် သွားနိုင်မည့် Asia-Pacific Region ဖြစ်ပေါ်လာရန် ရည်ရွယ်ပါသည်။

(ရွေးချယ်ခံရသူအား ဂျပန်အစိုးရ၏ကုန်ကျစရိတ်ဖြင့် ဂျပန်နိုင်ငံသို့ စေလွှတ်မည်ဖြစ်ပါသည်။)

( http://www.tyca.asia တွင်လည်း ၀င်ရောက်လေ့လာနိုင်ပါသည်။ )

**********

လျှောက်ထားနိုင်သောကျောင်းသား၊ကျောင်းသူများ

. လျှောက်ထားစဉ်တွင် အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိသည့် အထက်တန်းကျောင်းသား (သို့) တက္ကသိုလ်ပထမနှစ် တက်ရောက်နေသောသူ။

. အင်္ဂလိပ်လို ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်ပြီး အင်္ဂလိပ်ဘာသာဖြင့် စာစီစာကုံးရေးသားနိုင်သူ။

. ၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်မှ ၃၀ ရက်အတွင်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူ။

. ဂျပန်နိုင်ငံအကြောင်းကို အထူးစိတ်ပါ၀င်စားသူဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် ဆောင်ရွက်နေသော စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ၊ သဘာဝဘေးအန္တရာယ်များအပေါ် ခံနိုင်ရည်ရှိမှု၊ ဒေသတွင်းဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူသားများ၏ ဆန်းသစ်တီထွင်မှုများအပေါ် သိပ္ပံနှင့် နည်းပညာ၏ အခန်းကဏ္ဍ စသည်တို့နှင့် ပတ်သက်သောဗဟုသုတများ ကြွယ်၀သူ။

. အဆိုပါအစီအစဉ်တွင် ပါဝင်ကြမည့် နိုင်ငံတကာမှ ကျောင်းသား/သူများနှင့် စိတ်ပါ၀င်စားစွာ ဆွေးနွေးပြောဆိုနိုင်သူ။

. ဂျပန်စကားအား အခြေခံမျှပြောဆိုနိုင်သူ။

**********

လျှောက်လွှာထုတ်ယူတင်သွင်းရန်

. လျှောက်လွှာများအား (..၂၀၂၃ မှ ၁၁..၂၀၂၃) အတွင်း အောက်ပါလိပ်စာရှိ MAJA ရုံးခန်းတွင် လာရောက်ဝယ်ယူ ဖြည့်စွက်၍ တင်သွင်းရမည် ဖြစ်ပါသည်။

. 3 x 4 cm ဓါတ်ပုံတစ်ပုံ (၃လအတွင်း ရိုက်ကူးထားသော အပြာရောင်နောက်ခံပါဓါတ်ပုံ ဖြစ်ရမည်။ ဓါတ်ပုံနောက်ကျောတွင် လျှောက်ထားသူ၏ အမည်နှင့် မွေးသက္ကရာဇ်အား အင်္ဂလိပ်ဘာသာဖြင့်ရေးသားထားရမည်။)

. မိမိလက်ရှိတက်ရောက်နေသောကျောင်းမှ ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာမူရင်းအား ယူဆောင်လာရမည်။

. မှတ်ပုံတင်မိတ္တူ (အဖြူအမဲ သို့ အရောင်ဖြင့်) နှင့် Passport မိတ္တူ (အဖြူအမဲ သို့ အရောင်ဖြင့်) အား ယူဆောင်လာရမည်။ (Passport လျှောက်ထားဆဲဖြစ်ပါက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့တွင် လက်ဝယ်ရှိမည်ဖြစ်ကြောင်း သက်သေပြနိုင်သည့် အထောက်အထား ယူဆောင်လာရမည်။)

. သတ်မှတ်ချက်နှင့် ပြည့်စုံသူများကို အကြောင်းကြားမည်ဖြစ်ပြီး၊ ၁၆..၂၀၂၃ ရက်နေ့တွင် Essay လာရောက်ဖြေဆိုရမည် ဖြစ်သည်။ ခုံနံပါတ်၊ ဖြေဆိုရမည့်နေရာ၊ အချိန်နှင့် Essay အတွက် လေ့လာပြင်ဆင်ထားရမည့် အကြောင်းအရာများကို လျှောက်လွှာတွင် ဖြည့်သွင်းခဲ့သော Email သို့ အချိန်မီ ကြိုတင်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ Essay စာမေးပွဲ အောင်မြင်သူများကို လူတွေ့ထပ်မံစစ်ဆေး၍ အပြီးသတ်ရွေးချယ်မည် ဖြစ်ပါသည်။

(နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီအတွင်း ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လျှောက်လွှာလာရောက်ဝယ်ယူ ဖြည့်သွင်း လျှောက်ထားနိုင်ပါသည်။ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် ရုံးပိတ်ပါသည်။)

**********

လျှောက်လွှာလက်ခံမည့်နေရာ

Myanmar Association of Japan Alumni (MAJA)

အမှတ် 2B (4) နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ် - ၀၉ - ၂၆၂၆၀၂၁၂၁၊ ၀၉ - ၄၂၈၆၁၂၁၅၁၊ ၀၁ - ၇၅၇၁၀၁၅

Viber နံပါတ် - +959262602121

 2023-08-28
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,716