Myanmar Association of Japan Alumni ( MAJA )

 2025 NIYE Junior Program (National Institution for Youth Education) အတွက်လျှောက်လွှာခေါ်ယူခြင်း


လက်တွေ့လုပ်ဆောင်မှုများမှတစ်ဆင့် ဂျပန်နိုင်ငံ နှင့် ASEAN နိုင်ငံများမှ လူငယ်များ၏ အတွေးအခေါ်များ တိုးတက်စေရန် နှင့် အပြည်ပြည်ဆိုင်ရာ လူ့ဘောင် အဖွဲ့အစည်းများတွင် ပါဝင်လှုပ်ရှား ဆောင်ရွက်နိုင်သည့် အသိပညာများ ပိုင်ဆိုင်လာစေရန် ရည်ရွယ်ပြီး 2025 NIYE Junior Program ဖြင့် NIYE မှ ဦးစီးကာ ဂျပန်နိုင်ငံ (Tokyoနှင့် အနီးတဝိုက်နေရာများ) သို့ ၅ - ရက်ကြာ ( 10th December to 15th December, 2025 ) သွားရောက်ရမည့် အစီအစဉ် ဖြစ်ပါသည်။

{Main event in each program}
- Exchange program with Japanese junior high school students
- Learning Japanese Culture
- Fieldwork in Tokyo

စိတ်ပါ၀င်စားသောကျောင်းသားကျောင်းသူများသည် အောက်ပါအရည်အချင်းများနှင့်ပြည့်စုံပါက လျှောက်ထား နိုင်ပါသည်။

၁။ 2nd April 2010 မှ 1st  April 2013 အတွင်း မွေးဖွားသူဖြစ်ရမည်။

၂။ အင်္ဂလိပ်လိုပြောဆိုဆက်ဆံနိုင်ရမည်။

၃။ အင်္ဂလိပ်ဘာသာဖြင့်ရေးသားနိုင်ရမည်။
(စာစီစာကုံးနှင့် စစ်တမ်းမေးခွန်းများကို ရေးသားတင်ပြရန် လိုအပ်သောကြောင့်)

၄။ ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုများကို စိတ်ပါ၀င်စားစွာ လေ့လာချင်စိတ်ရှိသူ ဖြစ်ရမည်။

၅။ ဂျပန်နိုင်ငံမှ အသစ်အသစ်သောအရာ (အစားအစာစသည်…) များကို သိရှိလိုသူဖြစ်ရမည်။

၆။ မိမိနိုင်ငံ၏ ယဉ်ကျေးမှုများကိုလည်းတစ်ခြားနိုင်ငံမှ ကျောင်းသားကျောင်းသူများကို ပြန်လည်ဝေမျှပေးနိုင်ရမည်။

၇။ အုပ်စုလိုက်လှုပ်ရှားလုပ်ကိုင်တတ်သူဖြစ်ရမည်။

၈။ ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

၉။ Myanmar Association of Japan Alumni ( MAJA )  နှင့် National Institution for Youth Education (NIYE) တို့မှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လေးစားလိုက်နာရမည်။

၁၀။ ခရီးစဉ် အစအဆုံးလိုက်ပါနိုင်သူဖြစ်ရမည်။ (ပြည်ပထွက်ခွာမှ ပြည်တွင်းပြန်လည်ဆိုက်ရောက်သည်အထိ)

၁၁။ မြန်မာနိုင်ငံကူးလက်မှတ် (PV) လက်၀ယ်ရှိသူဖြစ်ရမည်။

၁၂။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း၏ သာမန်အသင်းသားတစ်ဦးမှ ထောက်ခံပေးရပါမည်။

*** လျှောက်ထားသူများထဲမှ အင်္ဂလိပ်စာ၊ ဗဟုသုတရေးဖြေစာမေးပွဲ နှင့် လူတွေ့စစ်ဆေးပြီး ကျောင်းသား/သူ (၆) ဦး အား ရွေးချယ်သွားပါမည်။

ရွေးချယ်ခံရပါက မိမိသက်ဆိုင်ရာကျောင်းမှ  ဤ program ဖြင့် သွားရောက်မည့်ကာလကို ခွင့်ရက်အဖြစ် ခွင့်ပြုကြောင်း ခွင့်စာ တင်ပြနိုင်ရမည်။ (ပုဂ္ဂလိကကျောင်း နှင့် International School မှ ကျောင်းသား/သူများလည်း စိတ်ပါဝင်စားပါက ဝင်ရောက် လျှောက်ထားနိုင်ပါသည်။)

ရွေးချယ်ခံရပါက လေယာဉ်လက်မှတ်ခ နှင့် တည်းခိုစရိတ် (၅၀,၀၀၀ ယန်း) ကျခံရမည် ဖြစ်ပါသည်။

၁။ လျှောက်လွှာလက်ခံရက်

• စာရင်းသွင်းခြင်း (Google Form) - ၈.၈.၂၀၂၅ ရက်နေ့မှ ၁၇.၈.၂၀၂၅ ရက်နေ့အတွင်း
• လျှောက်လွှာပေးပို့ခြင်း    - ၁၈.၈.၂၀၂၅ ရက်နေ့မှ ၂၂.၈.၂၀၂၅ ရက်နေ့အတွင်း

၂။ လျှောက်ထားရမည့်နည်းလမ်း

(၂-၁) Google Form တွင် စာရင်းသွင်းခြင်း
သတ်မှတ်ရက်နှင့် ရုံးချိန်အတွင်း ဖော်ပြပါ Google Form တွင် အချက်အလက်များကို ဖြည့်သွင်းပြီး စာရင်းပေးသွင်းရမည်ဖြစ်ပါသည်။

Google Form - https://forms.gle/YHixcZbbKx1F2KHw7

 (၂-၂) လျှောက်လွှာပေးပို့ခြင်း
အောက်ပါစာရွက်စာတမ်းများအား MAJA ရုံးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြင့်ဖြစ်စေ ၂၂.၈.၂၀၂၅ ရက်နေ့ ညနေ ၄း၀၀ နောက်ဆုံးထား၍ ပေးပို့လျှောက်ထား ရမည် ဖြစ်သည်။

၁။ Application Form
(https://drive.google.com/file/d/1jySvFmtQ_R3hTz6YiGgV-v53IhtFFPaa/view?usp=sharing
အဆိုပါ လင့်တွင်ပါရှိသော Application Form အား Download ရယူ၍ လက်ရေးဖြင့် အချက်အလက် များ အား မှန်ကန်စွာဖြည့်သွင်းရမည်။)

၂။ မှတ်ပုံတင်မိတ္တူ
(မှတ်ပုံတင် အရှေ့၊အနောက်အား မိတ္တူကူးထားသည့်စာရွက်)

၃။ ကျောင်းသားဖြစ်ကြောင်းကျောင်းထောက်ခံချက်
(လက်ရှိတက်ရောက်နေသော ကျောင်းမှ တောင်းယူထားသော ကျောင်းထောက်ခံချက် စာရွက် ဖြစ်ရမည်။)

၄။ နိုင်ငံကူးလက်မှတ်မိတ္တူ
(လျှောက်ထားဆဲဖြစ်ပါက ၁၅.၉.၂၀၂၅ ရက်နေ့ နောက်ဆုံးထား၍ လက်ဝယ်ရရှိရမည်ဖြစ်ပြီး ထုတ်ယူမည့် ရက်စွဲပါသည့် ဘောင်ချာစာရွက်မိတ္တူအား ပူးတွဲတင်ပြရမည်။)

၅။ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်း၏ သာမန်အသင်းသားတစ်ဦးမှ ထောက်ခံစာ
(နောက်ဆုံးအဆင့်ရွေးချယ်ခံရမှသာတင်ပြရမည်။)

လျှောက်လွှာပေးပို့ရမည့်လိပ်စာ
 မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
 အမှတ် 2B (4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်း မြို့နယ်၊ ရန်ကုန်မြို့။

*** MAJA သို့ စာရွက်စာတမ်းပေးပို့လာသော ကျောင်းသူ/သားများအား စစ်ဆေး၍ အသေးစိတ်အား email ဖြင့် ပြန်လည် ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း 09-428612151, 09-262602121 အား ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း
MAJA


 2025-08-08
Application Announcement for Long-term Capacity Development Scholarship Program
visitors :      210,938