Myanmar Association of Japan Alumni ( MAJA )

Japanese Traditional Games – Come and play the games with your friends and have lovely New Year Cards at Nihongo Club


ဒီနေ့ ဇန်နဝါရီလ ၁၀ ရက် ဗုဒ္ဓဟူးနေ့တွင် ဂျပန်ရိုးရာ ကစားနည်းများ မိတ်ဆက်ပေးနေပါတယ်။ အားလုံးပဲ ၉ နာရီခွဲ မှ ၅ နာရီခွဲ အထိ သူငယ်ချင်းများနှင့် အတူလာရောက် ဆော့ကစားကြပါ။
本日、1月10 日(水)伝統的な日本の遊びを紹介しています。9:30から17:30までおこなっていますのでお友だちをお誘いのうえお越しください。お待ちしています。

 

"နှစ်သစ်ကူးကဒ်"
မနေ့က Nihongo Club မှာ ဂျပန်နှစ်သစ်ကူးနဲ့ ပတ်သက်တဲ့ စကားတွေ ပြောခဲ့ကြပါတယ်။ ပြီးတော့ နှစ်သစ်ကူးကဒ်တွေလည်း လုပ်ခဲ့ကြပါတယ်။ နှစ်သစ်ကူးကဒ်ဆိုတာက နှစ်သစ်ကို ဂုဏ်ပြုတဲ့ စကားရယ် ပြီးခဲ့သောနှစ်က ကိုယ့်အပေါ် အကူအညီပေးခဲ့တဲ့သူတွေ ကို ကျေးဇူးတင်တဲ့စိတ်ရယ်၊ ဒီနှစ်လည်း မပြောင်းလဲပဲ ဆက်လက် ခင်မင်သွားချင်တယ် ဆိုတဲ့ စိတ်ကူးလေးတွေကို ပြောပြပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ရာသီခွင်က ခွေးနှစ် ဖြစ်ပါတယ်။ ဝင်ရောက်ပါဝင်ခဲ့ကြတဲ့သူတွေက ဂျပန်လူမျိုးဆရာနှင့် သူငယ်ချင်းတွေထံ မိမိစိတ်ကူးထဲက အတိုင်း ခွေးပုံလေးတွေ၊ ဒီဇိုင်းလေးတွေဆွဲပြီး နှစ်သစ်ကူးကဒ်လေးတွေ ရေးခဲ့ကြပါတယ်။ အရမ်းကို ချစ်စရာကောင်းတဲ့ ကဒ်လေးတွေ ရခဲ့ပါတယ်။
【年賀状】
昨日の日本語クラブでは、日本のお正月についてのお話しがありました。そして、年賀状を書きました。年賀状とは、新しい年をお祝いする言葉と、前の年にお 世話になった人に感謝の気持ち、そして今年も変わらず良い関係を続けていきたいという想いを挨拶状にしたものです。今年の干支は「戌年(いぬどし)」で す。参加した人達は、日本人の先生や友達に思い思いの犬のイラストを入れた年賀状を書いてました。とってもかわいい年賀状ができましたね。

 

 

 2018-05-18 09:28:29
Long-term Capacity Development ပညာသင်ဆုလျှောက်ထားမည့်သူများသို့
visitors :      220,328