Myanmar Association of Japan Alumni ( MAJA )

1. Photo Contest at JCH


ယခုနှစ် ၂နှစ်ပြည့်ကို ကြိုဆိုမယ့် Japan Culture Hosue မှာ "ဂျပန်ယဉ်ကျေးမှုနှင့် ကျွန်တော်" ဆိုသော ခေါင်းစဉ်ဖြင့် ဓာတ်ပုံပြိုင်ပွဲကြီး (Photo Contest) ကို ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။ အားလုံးရော ဂျပန်ယဉ်ကျေးမှုတွေနှင့် ဘယ်လိုမျိုးတွေ ပတ်သက် ဆက်နွှယ်မှုတွေရှိကြသလဲ။ အားလုံးအတွက် ဂျပန်ယဉ်ကျေးမှုဆိုတာ ဘယ်လိုမျိုးပါလဲ။ အဲ့လိုမျိုး ပျော်စရာကောင်းသော ဓာတ်ပုံပြိုင်ပွဲကြီး ကျင်းပဖို့အတွက် ဓာတ်ပုံလက်ရာတွေကို ခေါ်ယူနေပါတယ်။

※ ဒီပြိုင်ပွဲသည် ပရော်ဖက်ရှင်နယ် ပြိုင်ပွဲသဘောမျိုး မဟုတ်ပဲ အပျော်သမျိုးအနေနှင့် ကျင်းပသည့်ပွဲ ဖြစ်ပါတယ်။

●လျှောက်ထားနိုင်သော ကာလ / ၂၀၁၈ခုနှစ် ဇူလိုင်လ ၂၅ရက်နေ့(ဗုဒ္ဓဟူးနေ့)မှ ၂၀၁၈ခုနှစ် သြဂုတ်လ ၁၄ရက်(ဗုဒ္ဓဟူးနေ့) ည ၁၂နာရီအထိ
●ခေါင်းစဉ် / "ဂျပန်ယဉ်ကျေးမှုနှင့် ကျွန်တော်"
●လိုအပ်သည့်အရည်အချင်း / မည်သူမဆို ပါဝင်လျှောက်ထားနိုင်ပါတယ်။
●လျှောက်ထားနိုင်သည့် နည်းလမ်း / JCH ၏ မေးလ် လိပ်စာသို့ ဓာတ်ပုံများ ပေးပို့လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရမည့် လိပ်စာ
jch.yangon@gmail.com ကို မေးလ်ပို့ လျှောက်ထားနိုင်ပါတယ်။
မေးလ် အကြောင်းအရာ (Subject)တွင် "JCH ဓာတ်ပုံပြိုင်ပွဲ လျှောက်ထားခြင်း" ဆိုပြီး ရေးသားပေးပို့ပေးပါ။

ပူတွဲပို့ရမယ့် အချက်အလက်များ
(လိုအပ်သောအရာများ) ※လျှောက်ထားလိုသည့်အခါ သေချာပေါက် ပူးတွဲဖိုင်ကို မေးလ်နဲ့ ပေးပို့လျှောက်ထားနိုင်ပါတယ်။
①ဓာတ်ပုံခေါင်းစဉ် ②ဓာတ်ပုံအကြောင်း ရှင်းပြချက် ③ ရိုက်ထားသည့် နေရာ၊ ရိုက်ထားသည့် ခုနှစ်၊လ၊ရက် ④ လျှောက်ထားသူ အမည် (နာမည်အရင်းကို ထုတ်ဖော် မပြချင်ပါက နာမည်ပြောင်(Nickname)ကို ထည့်သွင်းဖော်ပြနိုင်ပါတယ် )
⑤လျှောက်ထားသူ၏ နေရပ်လိပ်စာ ⑥ လျှောက်ထားသူ၏ ဖုန်းနံပါတ်(ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်) ⑦အသက် ⑧ကျား/မ ⑨ဖေ့ဘုတ် လိပ်စာ

●သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်း
①လျှောက်ထားနိုင်မည့်ပုံအရေအတွက်က တစ်ယောက်ကို ၁ပုံသာလျှင် ဖြစ်ပါတယ်။ 
②လျှောက်ထားမည့် ဓာတ်ပုံတွင် ကာယကံရှင် ကိုယ်တိုင်က ရိုက်ထားသောပုံ၊ နောက်တစ်ခုက ကိုယ်တိုင်ရိုက်ထားသောပုံ မဟုတ်ပေမယ့်လည်း ကာယကံရှင် ကိုယ်တိုင်ပါဝင်သော ပုံ ဖြစ်ရပါမယ်။
③ကင်မရာနဲ့ပဲ ဖြစ်ဖြစ် ဖုန်းနဲ့ပဲ ဖြစ်ဖြစ် ရိုက်နိုင်ပါတယ်( တခြား ကင်မရာ အပရီကေးရှင်များနှင့်လည်း ရိုက်နိုင်ပါတယ်)
④ဓာတ်ပုံထဲတွင် တခြားသူတစ်ယောက်ယောက်ပါနေပါက ထိုသူထံမှ ခွင့်ပြုချက်ကို တောင်းခံလာပေးပါ။
⑤ကိုယ့်ရဲ့ Cosplay တုန်းက ပုံတွေလည်း ဝင်ရောက်လျှောက်ထားလို့ရပါတယ်။
⑥အလျားလိုက်ပုံပဲ ဖြစ်ဖြစ်၊ ဒေါင်လိုက်ပုံပဲဖြစ်ဖြစ် ရပါတယ်။
A4 အရွယ်အစား စက္ကူဖြင့် ပရင့်ထုတ်တဲ့အခါမှာ ပုံရဲ့အရည်အသွေး(ဒေတာ ဆိုဒ် နည်းသော) အခြေအနေမျိုးရှိတဲ့ ဓာတ်ပုံတွေကိုတော့ ရွေးချယ်မည့်အထဲက ဖယ်ထုတ် သွားမည် ဖြစ်ပါတယ်။
ဖြည့်စွက်ချက်
လျှောက်ထားသည့် ဓာတ်ပုံတွေက မထုတ်ဝေရသေးသော၊ ထုတ်ဝေဖို့ စာရင်းထဲတွင်လည်း မရှိသော ဓာတ်ပုံတွေ ဖြစ်ရပါမည်။ ဒေတာဆိုဒ်သည် 10MBအောက်ပါ။

●ရွေးချယ်မည့် နည်းလမ်းများ
JCHမှာ ခင်းကျင်းပြသထားတဲ့ကာလမှာ လာရောက်သူများထံမှ ရသော Vote အရေအတွက်ဖြင့် ဆုကိုသတ်မှတ်ရွေးချယ်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ လေး ဆုကတော့ အဖွဲ့အစည်း ၄ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ပြီးတော့ အများသဘောတူအရ ဆုံးဖြတ်သွားမှာပါ။

ရွေးချယ်မည့်သူ : JCH ဝန်ထမ်းများ၊ MAJA ဝန်ထမ်းများ၊ Japan Foundation Yangon မှ ဝန်ထမ်းများ၊ JCH သို့လာရောက်သည့် ဧည့်သည်များ

●ဆုအရေအတွက် / ၅ဦး
JCH ဆု ( ၁ဆု)
MAJA ဆု ( ၁ဆု)
Japan Foundation Yangon ဆု ( ၁ဆု)
Japan Foundation Asia Center ဆု ( ၁ဆု)
JCH သို့လာရောက်သည့် ဧည့်သည်များပေးသောဆု ( ၁ဆု)

ဆုရရှိသူများအတွက် လက်ဆောင်ရှိပါတယ်။

●ထုတ်ပြန်ကြေညာချက်
လျှောက်ထားကြသော ဓာတ်ပုံတွေအထဲမှ လျာထားစာရင်းဝင် လက်ရာ ၂၀ကို ရွေးချယ်သွားပါမည်။ အရွေးချယ်ခံရသော လျာထားစာရင်းဝင် လက်ရာများကို သြဂုတ်လ ၁၈ရက်(စနေနေ့) ကနေ ၂၆ရက်(တနင်္ဂနွေနေ့)အထိ JCHမှာ ခင်းကျင်းပြသထားမှာ ဖြစ်ပြီး လာရောက်သူများထံမှ လူကြိုက်အများဆုံး Vote ပေးတာကိုု လက်ခံသွားမည် ဖြစ်ပါတယ်။ သြဂုတ်လ ၃၀ရက် ( ကြာသပတေးနေ့) မတိုင်ခင်မှာ ဆုရရှိသူထံကို တိုက်ရိုက်ဆက်သွယ်အကြောင်းကြားပေးမှာပါ။ ဆုချီးမြင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁ရက်(စနေနေ့) JCH ၂နှစ်ပြည့်အခမ်းအနားမှာ ပေးအပ်ချီးမြင့်သွားမှာ ဖြစ်ပါတယ်။ ဆုရရှိသူများ ဆုချီးမြင့်ပွဲအခမ်းအနားကို ဆက်ဆက်တက်ရောက်ပေးဖို့ မေတ္တရပ်ခံအပ်ပါတယ်။
ဒါဆိုရင် အားလုံးထံမှ "ဂျပန်ယဉ်ကျေးမှုနှင့် ကျွန်တော်" ဆိုတဲ့ ခေါင်းစဉ်နှင့်သက်ဆိုင်သော ဓာတ်ပုံတွေကို စောင့်မျှော်နေပါမယ်။ မဆိုင်းမတွ လာရောက်လျှောက်ထားကြပါစို့။

 2019-09-07 00:00:00
1 တစ်ဦးချင်းအလိုက် JLPT စာမေးပွဲ လျှောက်ထားခြင်းနှင့် ငွေပေးချေခြင်း လမ်းညွှန် 2. ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်မည့် EJU (Examination for Japanese University Admission for International Students) စာမေးပွဲ လျှောက်လွှာ လက်ခံခြင်းနှင့် ပတ်သက်၍
visitors :      252,066