Myanmar Association of Japan Alumni ( MAJA )

JLPT 2022 JULY စာမေးပွဲ N4 Level အတွက် လျှောက်လွှာ လက်ခံရရှိသူများ စာရင်းများနှင့် ပတ်သက်၍ ကြေငြာခြင်း


JLPT 2022 JULY စာမေးပွဲ N4 Level အတွက် လျှောက်လွှာလက်ခံရရှိသူများစာရင်းအား ရန်ကုန်စာဖြေဌာနအတွက် (14.3.2022) ရက်‌‌နေ့ နှင့် မန္တလေးစာဖြေဌာနအတွက် (11.3.2022) ရက်နေ့များတွင် အသီးသီးကြေငြာပေးခဲ့ပါသည်။

အဆိုပါစာရင်းတွင်ပါရှိသော စာမေးပွဲလျှောက်ထားသူများမှ သတ်မှတ်ငွေပေးသွင်းရက်အတွင်းစာမေးပွဲကြေး ပေးသွင်းထားပြီးသူမှာ၊ ရန်ကုန်စာဖြေဌာနတွင် (6334) ဦးနှင့် မန္တလေးစာဖြေဌာနတွင် (3187) ဦး ဖြစ်ပါသည်။

Invoice No. ကြေငြာထားသည့် စာရင်းတွင်ပါရှိပြီး ငွေပေးသွင်းရန်ကျန်ရှိသော စာမေးပွဲလျှောက်ထားသူများအနေဖြင့် စာမေးပွဲ၀င်ရောက်ဖြေဆိုမည်ဖြစ်ပါက (21.3.2022)ရက်နေ့ နေ့လည် 3နာရီ အချိန်နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပါသည်။

** ယခုနောက်ဆုံးသတ်မှတ်ရက်အတွင်း စာမေးပွဲကြေးပေးသွင်းခြင်းမရှိပါက စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ကြောင်းနှင့် (26.2.2022) ရက် (17:23:57) နောက်ပိုင်းတွင် လျှောက်လွှာရောက်ရှိလာသူများကို အချိန်အစဉ်လိုက်အတိုင်း ဖုန်းဖြင့်ဆက်သွယ်ကာ စာမေးပွဲဖြေဆိုခွင့်အား လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ **

စာမေးပွဲကြေးလက်ခံရရှိထားသူစာရင်းအား ခုံနံပါတ်နှင့်တကွ မကြာမီရက်အတွင်းကြေငြာပေးသွားပါမည်။

စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံ
ဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-03-20
1. EJU အတန်း (၈) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အထူးသင်တန်းကြေးဖြင့် တက်ရောက်ခွင့်ရမယ့် (စနေ၊ တနင်္ဂနွေ) သီးသန့်【EJU Preparation – Weekend Special Class】2. ဂျပန်နိုင်ငံ ပညာသင်ဆုနှင့် တက္ကသိုလ်ဝင်ခွင့်များအတွက် သော့ချက် [MEXT & EJU Strategy Guideline] _ Hybrid Seminar
visitors :      308,458