N4 Yangon စာမေးပွဲဖြေဆိုခွင့် ရရှိသူများ (နောက်ဆက်တွဲ) စာရင်းကြေငြာခြင်း။
JLPT 2022 JULY စာမေးပွဲ N4 Yangon Level အတွက် (16.3.2022) ရက်နေ့ကြေငြာချက်ပါ ဖြေဆိုခွင့် ရရှိသူများအနက်မှ သတ်မှတ်ရက်အတွင်း စာမေးပွဲကြေးပေးသွင်းမှုမရှိသူများ၊ Cancel ပြုလုပ်သူများ နေရာတွင် (26.2.2022) ရက်နေ့ (17:23:57) အချိန်နောက်ပိုင်းလျှောက်ထားသူများအနက်မှ (17:23:58) အချိန်မှ (17:33:33) အချိန်ထိ လျှောက်ထားသူ (262) ဉီးစာရင်းအား Invoice no. နှင့်တကွ အောက်ပါအတိုင်း ကြေငြာအပ်ပါသည်။
ယခုစာရင်းပါလျှောက်ထားသူများအနေဖြင့် စာမေးပွဲဖြေဆိုမည်ဖြစ်ပါက စာမေးပွဲကြေးအား (24.3.2022) ရက်နေ့ ညနေ 3နာရီ နောက်ဆုံးထားပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းရာတွင် အောက်ပါ အချက်အလက် များကို Application Form တွင် ဖြည့်သွင်းခဲ့သည့် အတိုင်း သေချာစွာ ဖြည့်သွင်းပေး ရမည် ဖြစ်ပါသည်။
(၁) လျှောက်ထားသူအမည်
(၂) ဆက်သွယ်ရန်ဖုန်းနံပါတ်
(၃) Level
(၄) Test Site
(၅) ငွေပမာဏ 33000 (စာမေးပွဲကြေး + Application Fee)
[AYA Bank မှ ပေးသွင်းသူများသာရိုက်သွင်းရန်လိုအပ်ပါသည်]
(၆) Invoice No
Invoice No အား အောက်ပါအတိုင်း ဖြည့်သွင်းပါ။
KBZ Quick Pay
“Notes” နေရာတွင် “မိမိ Invoice No” ကို ဖြည့်သွင်းပါ။
AYA mBanking
“Test Level & Place” နေရာတွင် “N4 (Test Place) (မိမိ Invoice No)” ဟု ဖြည့်သွင်းပါ။ ဥပမာ “N4 Yangon N410123)”
ငွေပေးသွင်းမှု လမ်းညွှန်အား အောက်ပါ လင့်များတွင် ကြည့်ရှုနိုင်ပါသည်။
<AYA>
https://drive.google.com/.../1dC7qXHKZE7MZ0XNPJ7Z.../view...
<KBZ>
https://drive.google.com/.../18IbARscI4NXtwQ4u2uu.../view...
Online မှတဆင့် ငွေပေးသွင်းရန် အခက်အခဲရှိသူများအနေဖြင့်-
ရန်ကုန် - 09-980 446 834 ဖုန်းသို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖော်ပြပေးထားသော လမ်းညွှန်များကိုသေချာစွာ ဖတ်ရှု၍တိကျစွာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးနိုင်ပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။
စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း