Myanmar Association of Japan Alumni ( MAJA )

ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ(၂၀၁၉ခုနှစ်၊ဇူလိုင်လ)မှစ၍၊ JLPT စာမေးပွဲဖြေဆိုမည့်သူများ အတွက် စည်းကမ်းချက်များတင်းကျပ်သွားမည် ဖြစ်ကြောင်း


ဂျပန်စာ အရည်အချင်းစစ်စာမေးပွဲ(၂၀၁၉ခုနှစ်၊ဇူလိုင်လ)မှစ၍၊ စည်းကမ်း ချက်များ တင်းကျပ်သွားမည် ဖြစ်သည့်အတွက် စာမေးပွဲဖြေဆိုမည့်သူများအနေဖြင့် စည်းကမ်းချက်များကို သေချာစွာ နားလည်သဘောပေါက်ပြီး စာမေးပွဲကိုဖြေဆိုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၁။ စာမေးပွဲဖြေဆိုမည့်နေ့တွင် အမှန်တကယ်ဖြေဆိုမည့်သူဟုတ်၊မဟုတ် စစ်ဆေးနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများမှ အသိအမှတ်ပြု ထုတ်ပေးထားသည့် ဓါတ်ပုံပါသက်သေခံကတ်မူရင်း ကို သေချာစွာယူဆောင်လာကြပါရန်
(မှတ်ပုံတင်ကတ်ပြား၊ ကားမောင်းလိုင်စင်ကတ်ပြား၊ နိုင်ငံကူးလက်မှတ်၊ အထက်တန်းကျောင်း၊ တက္ကသိုလ်များမှ ထုတ်ပေးထားသည့် ကျောင်းသားကဒ် မူရင်းများ ဖြစ်ရမည်)။
မပါရှိပါက ဖြေဆိုခွင့်ရမည် မဟုတ်ကြောင်း ကြိုတင်ရှင်းလင်း ပြောကြားအပ်ပါသည်။

၂။ [ဂျပန်စာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုခွင့်ရလဒ် လက်မှတ်]နှင့်[ဂျပန်စာအရည်အချင်း လက်မှတ်] တို့တွင် ဖော်ပြထားသည့် အမည်၊မွေးသက္ကရာဇ်များမှာ လျှောက်လွှာတွင် ဖော်ပြထား သည်နှင့် ကွဲပြားနေပါက ထုတ်ပေးပြီးနောက် တစ်နှစ်အတွင်းတွင် အမှားပြင်ဆင်ပြီး ပြန်လည်ထုတ် ပေးသွားပါမည်။ ထိုသို့ အမှားပြင်ဆင်ခြင်းအတွက်လျှောက်ထားရာတွင် အင်္ဂလိပ်စာလုံးဖြင့် မိမိနာမည် ကို အပြည့်အစုံ ဖော်ပြထားသည့်မျက်နှာဓါတ်ပုံုပါ သက်သေခံကတ်ပြားကို ယူဆောင်လာရပါမည်။ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်၊ တက္ကသိုလ်ဘွဲ့လက်မှတ် အစရှိသည့် သက်သေခံ ကတ်ပြား မပါရှိပါက သတ်မှတ်စည်းကမ်းများအရ ပြင်ဆင်မှုကို လက်ခံမည်မဟုတ်ပါ။ ဤစည်းကမ်းချက်များကို ၂၀၁၉ခုနှစ်၊ဇန်နဝါရီလ(၁)ရက်နေ့ မှစတင်ပြီး လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

*မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး website မှ ကူးယူဖော်ပြပါသည်။*

https://www.mm.emb-japan.go.jp/…/myan…/news/2018/new-60.html

 2019-09-05
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717