Myanmar Association of Japan Alumni ( MAJA )

JLPT 2022 December ကျောင်းမှတာဝန်ခံ၍ မိမိကျောင်းသားများအတွက် စုစည်းပြီး လာရောက်ဝယ်ယူ လိုသူများအတွက် သီးသန့်ကြေငြာချက်


လျှောက်လွှာဝယ်ယူရာတွင် သတိပြုရန်များ

ကျောင်းခွဲတစ်ခုလျှင် လျှောက်လွှာစောင်ရေ အများဆုံး (၁၀၀) အထိ ဝယ်ယူနိုင်ပါသည်။

လျှောက်လွှာဝယ်ယူချိန်တွင် Level အလိုက်ဖြေဆိုမည့် ဦးရေအား တင်ပြရမည် ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင် တင်ပြချက်နှင့်တူညီသည့် အရေအတွက်ကိုသာ လက်ခံသွားမည် ဖြစ်သည်။

ကျောင်းမှတာဝန်ခံ၍ ကိုယ်စားလှယ်တစ်ဦးမှ လာရောက်ဝယ်ယူလိုပါက လုပ်ငန်းလိုင်စင် (သို့) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ (၂၀၁၉ ခုနှစ်နှင့် နောက်ပိုင်းတွင် သက်တမ်းရှိသည့် လိုင်စင်ဖြစ်ပါက လက်ခံပါမည်။) အား ယူဆောင်လာရမည်။

ထို့အပြင် ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့် မိတ္တူ၊ လာရောက်သူ ကိုယ်စားလှယ်၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ တို့အား မဖြစ်မနေ ယူဆောင်လာရပါမည်။

ကျောင်းများသို့ ရောင်းချပေးမည့် ဖောင်အရေအတွက်မှာ စုစုပေါင်း ဖြေဆိုသူဦးရေ၏ တဝက်အထိသာ ဖြစ်သည်။

လျှောက်လွှာတင်ချိန်တွင် သတိပြုရန်များ

• Level အလိုက် စာဖြေသူစာရင်းပြုလုပ်လာရမည်။ စာရင်းပုံစံနမူနာအား လျှောက်လွှာဝယ်ယူချိန်တွင် မေးမြန်းနိုင်ပါသည်။

လျှောက်လွှာတင်ချိန်တွင်လည်း ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ တို့အား စာဖြေသူစာရင်းနှင့်အတူ မဖြစ်မနေ ယူဆောင်လာရပါမည်။

လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (ရန်ကုန်)

30.7.2022 - 7:35 PM
ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် မှ ဝင်ရန်။)

ကျောင်းများအတွက် လျှောက်လွှာအရောင်းကာလ (ရန်ကုန်)

နေ့ရက် - ..၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၀..၂၀၂၂ (ဗုဒ္ဓဟူးနေ့)

လျှောက်လွှာလက်ခံကာလ (ရန်ကုန်)

Level N5 - ..၂၀၂၂ (ကြာသပတေးနေ့) မှ ..၂၀၂၂ (စနေနေ့)
Level N4 - ..၂၀၂၂ (တနင်္ဂနွေနေ့) မှ ၁၀..၂၀၂၂ (ဗုဒ္ဓဟူးနေ့)
Level N3 - ၁၁..၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃..၂၀၂၂ (စနေနေ့)
Level N2 - ၁၁..၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃..၂၀၂၂ (စနေနေ့)
Level N1 - ၁၁..၂၀၂၂ (ကြာသပတေးနေ့) မှ ၁၃..၂၀၂၂ (စနေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ

လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ (မန္တလေး)

30.7.2022 - 7:35 PM
MAJA Office (Mandalay Branch)
ရေလမ်း၊ တိုက် () အခန်း () မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ကျောင်းများအတွက် လျှောက်လွှာအရောင်းကာလ (မန္တလေး)

နေ့ရက် - ..၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၁၀..၂၀၂၂ (ဗုဒ္ဓဟူးနေ့)

လျှောက်လွှာလက်ခံကာလ (မန္တလေး)

Level N1, N2, N3, N4, N5 - ၁၁..၂၀၂၂ (ကြာသပတေးနေ့) မှ ၁၄..၂၀၂၂ (တနင်္ဂနွေနေ့)
အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ

စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ်ကြေငြာချက်အား အောက်ပါ Link တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။

Link https://www.facebook.com/117985645021854/posts/2352536601566736/

အသေးစိတ်သိရှိလိုသည်များကို ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(MAJA)


 2022-08-03
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,718