JLPT 2022 December Announcement - 2022 July တွင် Online Form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့သော ကျောင်းသားများအတွက်
2022 July တွင် ရန်ကုန်စာဖြေဌာန၌ N4 level အတွက် Online Form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့သူ များအား ဒီဇင်ဘာလ (၄) ရက်နေ့ ဂျပန်ဘာသာ အရည်အချင်းစစ် စာမေးပွဲ (JLPT) တွင် ရန်ကုန်မြို့၌ ဖြေဆိုရန် အောက်ပါ အစီအစဉ်အတိုင်း ဦးစားပေးလက်ခံသွားမည် ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက် - ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၄) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ - ရန်ကုန်မြို့
၃။ ဖြေဆိုနိုင်သည့် Level – N4 (သို့မဟုတ်) N3
၄။ လျှောက်လွှာလက်ခံမည့်ရက် - ၁.၈.၂၀၂၂ (တနင်္လာနေ့) မှ ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) အတွင်း
၅။ လျှောက်လွှာလက်ခံမည့်နေရာ (ရန်ကုန်)
ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub
အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။ (ဂိတ် ၄ မှ ဝင်ရန်။)
၆။ လျှောက်ထားမှုအသေးစိတ်အား 2022 July လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့် Email သို့ ၂၇.၇.၂၀၂၂ (ဗုဒ္ဓဟူးနေ့) မှ ၃၁.၇.၂၀၂၂ (တနင်္ဂနွေနေ့) အတွင်း ပေးပို့သွားပါမည်။
၇။ Email ဖြင့် လက်ခံရရှိသောဖောင်အား Computer ဖြင့် အချက်အလက်များဖြည့်သွင်းကာ၊ Print (Color or Black&White) ထုတ်ရပါမည်။ Print ထုတ်ထားသည့် စက္ကူဖောင်ပေါ်တွင် ဓါတ်ပုံကပ်ကာ၊ လက်မှတ်ရေးထိုးပြီး အထက်ဖော်ပြပါ သတ်မှတ်ရက်နှင့် နေရာသို့ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လာရောက်လျှောက်ထားနိုင်ပါသည်။ 29.7.2022 9:10 AM
သတိ။ ။ အထက်ဖော်ပြပါ ရက်အတွင်း လာရောက် လျှောက်ထားခြင်းမရှိပါက ၂၈.၇.၂၀၂၂ ရက်နေ့ JLPT 2022 December စာမေးပွဲ ကြေငြာချက်ပါအတိုင်း ပုံမှန်လျှောက်ထားမှုဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။
စာမေးပွဲနှင့် ပတ်သက်၍ အသေးစိတ်ကြေငြာချက်အား အောက်ပါ Link တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။
Link https://www.facebook.com/117985645021854/posts/2352536601566736/
အသေးစိတ်သိရှိလိုသည်များကို ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)