JLPT 2022 December မန္တလေးစာဖြေဌာနအတွက် ထပ်မံကြေငြာချက်
ကိုဗစ်ရောဂါပြန့်ပွားမှုနှင့် လက်ရှိရင်ဆိုင်နေရသောအကန့်အသတ်များကြားတွင် ဂျပန်ဘာသာကို အလေးထားဖြေဆိုရန် ကြိုးပမ်းကြသူများအားလုံးအား ကျေးဇူးအထူးတင်ရှိပါသည်။
ယနေ့ မန္တလေးစာဖြေဌာနတွင် လျှောက်လွှာများ အရောင်းရပ်ဆိုင်းလိုက်ရခြင်းနှင့် ပတ်သက်၍ စာမေးပွဲကျင်းပရေး ကော်မတီအနေဖြင့် ညှိုးငယ်သောစိတ်ထားဖြင့် အနူးအညွတ် တောင်းပန် အပ်ပါသည်။
ယနေ့အတွက် တစ်ဦးချင်းတင်မည့်သူများ၊ ဂျပန်ဘာသာသင်ကျောင်းများနှင့် ကုမ္ပဏီများအားလုံး အတွက် အရောင်း ရပ်ဆိုင်းခဲ့ပြီး၊ ယခု လျှောက်လွှာပြန်လည်ရောင်းချခြင်းနှင့် ပတ်သက်၍ အစီအစဉ်အသစ်အား အောက်ပါအတိုင်း ကြေငြာအပ်ပါသည်။
JLPT Form ရောင်းမည့်နေရာများ (တစ်ဦးချင်းတင်မည့်သူများ၊ ဂျပန်ဘာသာသင်ကျောင်းများနှင့် ကုမ္ပဏီများအတွက်)
Level N1, N2 - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် ၂:၀၀ နာရီ – မင်္ဂလာမန္တလေး၊ ကားပါကင် (၄) လွှာ
Level N3 - ၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့)၊ နေ့လယ် ၂:၀၀ နာရီ – မင်္ဂလာမန္တလေး၊ ကားပါကင် (၃) လွှာ
Level N4 - ၄.၈.၂၀၂၂ (ကြာသပတေးနေ့)၊ နံနက် ၁၀:၀၀ နာရီ - မင်္ဂလာမန္တလေး၊ ငုရွှေဝါလမ်း
Level N5 - ၅.၈.၂၀၂၂ (သောကြာနေ့)၊ နံနက် ၁၀:၀၀ နာရီ - မင်္ဂလာမန္တလေး၊ ငုရွှေဝါလမ်း
၃.၈.၂၀၂၂ (ဗုဒ္ဓဟူးနေ့) နံနက်ပိုင်း တိုကင်ရရှိထားသူများအနေဖြင့် သတ်မှတ်ထားသော နေ့ရက်နှင့် အချိန်တွင် သက်ဆိုင်ရာကောင်တာတွင် တိုကင်ပြ၍ သွားရောက် ဝယ်ယူနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း