Myanmar Association of Japan Alumni ( MAJA )

JLPT 2022 December မန္တလေးစာဖြေဌာန လျှောက်လွှာ တင်ခြင်းနှင့်ပတ်သက်၍ အကြောင်းအရာ။ JLPT 2022 December ရန်ကုန် စာဖြေဌာန (N4 Level) လျှောက်လွှာရောင်းချ ခြင်းနှင့်ပတ်သက်၍။


JLPT 2022 December မန္တလေးစာဖြေဌာန လျှောက်လွှာတင်ခြင်းနှင့်ပတ်သက်၍

အကြောင်းအရာ

() N4 နှင့် N5 ‌လျှောက်လွှာတင်ခြင်းအား Online စနစ်ဖြင့်သာ ပြောင်းလဲလက်ခံမည်

() N1, N2, N3 လျှောက်လွှာရောင်းချမှု ပြီးဆုံးခြင်း

ယနေ့ မန္တလေးစာဖြေဌာနအတွက် လျှောက်လွှာများစတင်ရောင်းချရာ၊ လာရောက်ဝယ်ယူသူ အဆမတန်များပြားပါသောကြောင့်၊ ရောင်းချပုံနည်းစနစ်အား ပြောင်းလဲစီစဉ်ခဲ့ပါသော်လည်း၊ လူစုလူဝေးအားထိန်းချုပ်ရန် ခက်ခဲသည့်အခြေအနေ များဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါအခြေအနေအပေါ် သက်ဆိုင်ရာမှ လုံခြုံရေးအရ ဆက်လက်ရောင်းချခြင်းမပြုရန် တားမြစ်ခြင်းခံရပါသဖြင့်၊ မန္တလေးစာဖြေဌာန၏ JLPT စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို ဆက်လက်ပြုလုပ်မရတော့ပါကြောင်း ဝမ်းနည်းစွာ အသိပေးကြေငြာအပ်ပါသည်။

() N4 နှင့် N5 ‌လျှောက်လွှာတင်ခြင်းအား Online စနစ်ဖြင့်သာ ပြောင်းလဲလက်ခံမည်

ယနေ့ (..၂၀၂၂) ရက်နေ့ နေ့လည် နာရီတွင် ကြေငြာခဲ့သော (..၂၀၂၂ ) နှင့် (..၂၀၂၂) ရက်နေ့များတွင် မန္တလေးစာဖြေဌာန၏ N4 နှင့် N5 လျှောက်လွှာလက်ခံများခြင်းများပြုလုပ် နိုင်တော့မည်မဟုတ်ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေးအပ်ပါသည်။

မန္တလေးစာဖြေဌာန၏ စာမေးပွဲလျှောက်လွှာလက်ခံခြင်းအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။ လက်ခံမည့် အရေအတွက်မှာ ကနဦးကြေငြာချက်အတိုင်း N4 ၄၅၀၀ ဦး နှင့် N5 ၃၀၀၀ ဦး ဖြစ်ပါသည်။Online စနစ်ဖြင့်လက်ခံခြင်းလမ်းညွှန်အား ထပ်မံအသိပေး ကြေငြာသွားမည်ဖြစ်ပါသည်။

() N1, N2, N3 လျှောက်လွှာရောင်းချမှု ပြီးဆုံးခြင်း

ယနေ့ (..၂၀၂၂) ရက်နေ့တွင် သတ်မှတ်ထားသည့် အရေအတွက်ဖြစ်သည့် N1 100ဦး နှင့် N2 300 ဦး အား ရောင်းချခဲ့ပြီး ဖြစ်ပါသည်။ N3 အတွက် 556 ဦး အား ရောင်းချခဲ့ပြီးဖြစ်ပြီး၊ ကျန်လူများအား စာရင်းကောက်ခံ ခဲ့ပါသည်။ N3 အတွက် စာရင်းပေးသွင်းခဲ့သူများအတွက် စီစဉ်ဆောင်ရွက်ဆဲဖြစ်ပါသဖြင့် သည်းခံစောင့်ဆိုင်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အထက်ပါလူဦးရေအတိုင်း သတ်မှတ်ထားသည့် လျှောက်လွှာအရေအတွက် ကုန်ပြီဖြစ်ပါသဖြင့် N1, N2, N3 အတွက်လည်း ဆက်လက်ရောင်းချရန် မရှိတော့ပါ။

အခက်အခဲ ပြဿနာများဖြစ်ပွားခြင်းအပေါ် စာမေးပွဲကျင်းပရေးကော်မတီမှ အနူးအညွှတ်တောင်းပန်အပ်ပါသည်။

မှတ်ချက်။ MAJA မန္တလေးရုံးခွဲအား (..၂၀၂၂) မှ စ၍ ယာယီပိတ်ထားရမည် ဖြစ်ပါသည်။ ရုံးခန်းပြန်လည်ဖွင့်လှစ်နိုင်ပါက အသိပေးကြေငြာသွားပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

JLPT 2022 December ရန်ကုန်စာဖြေဌာန (N4 Level) လျှောက်လွှာ‌‌ရောင်းချခြင်းနှင့်ပတ်သက်၍

ရန်ကုန်စာဖြေဌာနတွင် N4 Level အတွက် လျှောက်လွှာရောင်ချခြင်းနှင့် လျှောက်လွှာတင်ခြင်းများကို ကနဦးကြေငြာချက်အတိုင်း ပြုလုပ်သွားပါမည်။

() တပြိုင်နက်တည်း လျှောက်လွှာလာရောက် ဝယ်ယူသူ များပြားနိုင်ပါသောကြောင့်၊ လူစုလူဝေးဖြစ်ပေါ်မှုအား အတန်အသင့်ထိန်းချုပ်နိုင်စေရန် တစ်ရက်လျှင် အများဆုံး လျှောက်လွှာအစောင်ရေ (၃၀၀၀) အထိဖြင့်၊ ရက်ခွဲ၍ ရောင်းချသွားပါမည်။

() လူတစ်ဦးလျှင် လျှောက်လွှာအစောင်ရေ (2)စောင်နှုန်းဖြင့်သာ ရောင်းချသွားမည်ဖြစ်ပါသည်။

စုစုပေါင်း ရောင်းချမည့်အရေအတွက် - ၈၀၀၀ စောင်

လျှောက်လွှာအရောင်းကာလ (N4 Level) - ..၂၀၂၂ (သောကြာနေ့) မှ ၁၀..၂၀၂၂ (ဗုဒ္ဓဟူးနေ့)

ရက်အလိုက်အများဆုံး ရောင်းချမည့် အစောင်ရေ

..၂၀၂၂ - ၃၀၀၀ စောင်

..၂၀၂၂ - ၃၀၀၀ စောင်

..၂၀၂၂ - ၂၀၀၀ စောင်

//၁၀..၂၀၂၂ - အထက်ရက်များမှ ကျန်ရှိသည့် အစောင်ရေ

လျှောက်လွှာလက်ခံကာလ (N4 Level) - ..၂၀၂၂ (တနင်္ဂနွေနေ့) မှ ၁၀..၂၀၂၂ (ဗုဒ္ဓဟူးနေ့)

အချိန် - မနက် ၉း၀၀ နာရီ မှ ညနေ ၃း၃၀ နာရီအထိ

လျှောက်လွှာဝယ်ယူခြင်းနှင့်လက်ခံမည့်နေရာ

ရန်ကုန်ပညာရေးတက္ကသိုလ် (Yangon University of Education) – Learning Hub

အမှတ် ၃၁၇၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

(ဂိတ် မှ ဝင်ရန်။)

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2022-08-04
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717