Myanmar Association of Japan Alumni ( MAJA )

JLPT 2022 December ရန်ကုန်စာဖြေဌာန လျှောက်လွှာ ရောင်းချခြင်းအား ရပ်ဆိုင်းခြင်း။ JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာဝယ်ယူပြီးသူများသို့ အသိပေးကြေငြာချက်။


ယနေ့ ရန်ကုန်စာဖြေဌာနအတွက် N4 Level လျှောက်လွှာများစတင်ရောင်းချမည်ဖြစ်ရာ၊ ယခု နံနက်၅ နာရီ အချိန်တွင်ပင် လာရောက်တန်းစီသူ ခန့်မှန်းဦးရေ ၅၀၀၀ ဦးခန့်ရှိနေပြီး၊ လူစုလူဝေးအဖြစ်သို့ ရောက်ရှိနေပါသောကြောင့် လျှောက်လွှာရောင်းချရန် ခက်ခဲသည့်အခြေအနေဖြစ်ပေါ်နေပါသည်။

သို့ပါ၍ N4 Level လျှောက်လွှာရောင်းချခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးကြေငြာအပ်ပါသည်။ လျှောက်လွှာများအား Online စနစ်ဖြင့်သာ လက်ခံသွားတော့မည် ဖြစ်ပါသည်။ လျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်အား ထပ်မံကြေငြာသွားပါမည်။

စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ကျောင်းသူကျောင်းသားများ၏ ပူးပေါင်းဆောင်ရွက်မှုကို လေးစားစွာ တောင်းဆိုအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

JLPT 2022 December ရန်ကုန်စာဖြေဌာနအတွက် လျှောက်လွှာဝယ်ယူပြီးသူများသို့ အသိပေးကြေငြာချက်

(..၂၀၂၂) ရက်နေ့တွင် တစ်ဦးချင်းအတွက် 2022 December JLPT N5 လျှောက်လွှာနှင့် ကျောင်း/ ကုမ္ပဏီများအတွက် လျှောက်လွှာများကို ရောင်းချခဲ့ပါသည်။ ယနေ့နံနက် မြောက်များစွာသော လူစုလူဝေးစုစည်းမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် လျှောက်လွှာရောင်းချခြင်းနှင့် လက်ခံခြင်းတို့အား ရပ်ဆိုင်းလိုက် ရပါသည်။

N5 လျှောက်လွှာများ လာရောက် မတင်ရသေးသောသူများအတွက် လျှောက်လွှာလက်ခံခြင်းအား ..၂၀၂၂ ရက်နေ့ (စနေနေ့) ..၂၀၂၂ ရက်နေ့ (တနင်္ဂနွေနေ့) နှင့် ..၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) များတွင် ကြိုတင် Booking ယူ စနစ် ဖြင့်ပြောင်းလဲလက်ခံမည်ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။ တစ်ဦးချင်း N5 လျှောက်လွှာတင်မည့်သူများသည် အောက်ဖော်ပြပါ ဖုန်းများသို့ ဆက်သွယ် Booking ယူပေးပါရန် အသိပေးအပ်ပါသည်။

ဖုန်း -

၀၉ - ၄၂၈ ၇၅၆ ၇၄၆

၀၉ - ၉၈၆ ၀၉၃ ၆၃၇

၀၉ - ၂၆၂ ၆၀၂ ၁၂၁

၀၉ - ၄၂၈ ၆၁၂ ၁၅၁

လျှောက်လွှာ ရောင်းချပေးထားသော ကျောင်းနှင့်ကုမ္ပဏီများအတွက် စီစဉ်ဆောင်ရွက်လျှက်ရှိပြီး ပြန်လည် အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါသည်။

အခက်အခဲများ ဖြစ်ပွားခဲ့သည့်အတွက် စာမေးပွဲဖြေဆိုလိုသည့် ကျောင်းသားကျောင်းသူများအား အနူးအညွှတ်တောင်းပန်အပ်ပါသည်။

JLPT စာမေးပွဲ အကောင်အထည်ပေါ် ကျင်းပနိုင်ရေးအတွက် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 

 2022-08-05
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717