Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်နှင့် ပတ်သတ်၍ ကြေငြာခြင်း။


ရန်ကုန်စာဖြေဌာန

၂၀၂၂ခုနှစ် ဇူလိုင်လ စာမေးပွဲတွင် Online form တင်ခဲ့ပြီး ဖြေဆိုခွင့်မရခဲ့သည့်ကျောင်းသား၊ သူများအတွက် ဉီးစားပေး လက်ခံပြီးသော အရေအတွက် -

N3 Level - ၉၉၉ ဉီး

N4 Level - ၂၀၈၄ ဉီး

ကျောင်းများသို့ရောင်းချပြီးသည့်အရေအတွက် - ၁၈၀၃၅ ဉီး

(ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်းရောင်းချရန် စီစဉ်ထားသော အရေအတွက်၏ တဝက်ခန့်ဖြစ်သည်။)

တစ်ဉီးချင်း (N5Level) အတွက် ရောင်းချပြီးသည့်အရေအတွက် - ၄၇၅၀ ဉီး

ရန်ကုန်စာဖြေဌာနအတွက် စုစုပေါင်း လက်ခံ/ရောင်းချပြီးသည့် အရေအတွက် - ၂၅၈၆၈ ဉီး

မန္တလေးစာဖြေဌာန

တစ်ဉီးချင်း Level အလိုက်ရောင်းချပြီးသည့် အရေအတွက်များ -

N1 Level – ၁၀၀ ဉီး

N2 Level - ၃၀၀ ဉီး

N3 Level - ၅၅၆ ဉီး

မန္တလေးစာဖြေဌာနအတွက် စုစုပေါင်းရောင်းချပြီးသည့် အရေအတွက် - ၉၅၆ ဉီး

(..၂၀၂၂) ရက်နေ့မှစ၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ Level အားလုံးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို မပြုလုပ်တော့ပါ။

ကျန်ရှိသော စာမေးပွဲလျှောက်ထားခြင်းအတွက် Online စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online စနစ်ဖြင့် လက်ခံသွားမည့်အရေအတွက်မှာ ကနဉီးလျာထားသည့် စာမေးပွဲဖြေဆိုသူအရေအတွက်ထက် တိုးမြှင့်နိုင်ရန် ညှိနှိုင်းလျက်ရှိပြီး၊ မကြာမှီရက်အတွင်း ထုတ်ပြန်ကြေငြာသွားမည်ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2022-08-06
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,450