၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် Online မှလက်ခံမည့် လျှောက်လွှာ အရေအတွက် နှင့် ပတ်သတ်၍ ကြေငြာခြင်း။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် ရောင်းချပြီးသည့် လျှောက်လွှာ အရေအတွက်နှင့် ပတ်သတ်၍ ၆.၆.၂၀၂၂ (စနေနေ့) တွင်ကြေငြာထားပြီးဖြစ်ပါသည်။
https://www.facebook.com/.../a.272300396.../2359554027531660
(၅.၈.၂၀၂၂) ရက်နေ့မှစ၍ စာမေးပွဲလျှောက်လွှာများရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ Level အားလုံးအတွက် ၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲလျှောက်လွှာရောင်းချခြင်းကို မပြုလုပ်တော့ပါ။
ကျန်ရှိသော စာမေးပွဲလျှောက်ထားခြင်းအတွက် Online စနစ်ဖြင့်သာ လက်ခံသွားမည် ဖြစ်ပါသည်။ Online စနစ်ဖြင့် လက်ခံသွားမည့် အရေအတွက်မှာ ကနဦးလျာထားချက်ထက် တိုးမြှင့်ပြီး၊ အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည်ဖြစ်ပါသည်။ စာမေးပွဲကျင်းပပြုလုပ်နိုင်သည့် စာဖြေဌာနများ၏ အများဆုံးအရေအတွက်အထိ တိုးမြှင့်ထားခြင်းဖြစ်ပါသည်။
ရန်ကုန်စာဖြေဌာနအတွက် တိုးမြှင့်ထားသော Online Application form လက်ခံမည့်အရေအတွက်-
N1 Level - ၅၀၀ ဦး
N2 Level - ၁၅၀၀ ဦး
N3 Level - ၄၀၀၀ ဦး
N4 Level - ၁၄၀၀၀ ဦး
N5 Level - ၄၀၀၀ ဦး
မန္တလေးစာဖြေဌာနအတွက် တိုးမြှင့်ထားသော Online Application form လက်ခံမည့်အရေအတွက်-
N1 Level - ၂၀၀ ဦး
N2 Level - ၅၀၀ ဦး
N3 Level - ၁၅၀၀ ဦး
N4 Level - ၈၀၀၀ ဦး
N5 Level - ၄၀၀၀ ဦး
Online Application Form လျှောက်ထားရမည့်ရက်များ၊ လျှောက်ထားခြင်းလမ်းညွှန်စသည့် အသေးစိတ်များကို မကြာမှီရက်အတွင်း ကြေငြာပေးသွားမည် ဖြစ်ပါသည်။
Online Application လျှောက်ထားခြင်းအတွက် လျှောက်ထားသူသည် အောက်ပါလိုအပ်သည်များအား ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။
(၁) လိုင်စင်ဓါတ်ပုံကဲ့သို့ ရိုက်ထားသော မျက်နှာအပြည့်ပုံ၏ Image File (ရုပ်ပုံဖိုင်) (JPEG or PNG အမျိုးအစား)
(၂) အသုံးပြုမည့် သက်သေခံကတ်ပြား၏ Image File (JPEG or PNG)။ မှတ်ပုံတင်၏ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများ (သို့) ပတ်စ်ပို့/ကျောင်းသားကတ်/ မွေးစာရင်း၏ ဓါတ်ပုံ (သို့) ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းနှင့်နောက်ခြမ်း ဓါတ်ပုံများမှ မိမိအသုံးပြုမည့် တစ်ခုခု။
(၃) လက်မှတ်၏ Image File (JPEG or PNG)
(၄) ငွေပေးချေနိုင်သည့်နည်းလမ်းများ (KPAY, AYA PAY, CB PAY, Internet Banking, Mobile Banking, OK$, eCommerce Registered ပြုလုပ်ထားသော MPU Card)
ငွေပေးချေသည့်နည်းလမ်းနှင့် ပတ်သက်၍ လျှောက်ထားခြင်းလမ်းညွှန်တွင် အသေးစိတ်ဖော်ပြသွားမည်ဖြစ်သည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)