၂၀၂၂ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်လွှာလက်ခံမည့်ကာလနှင့် လျှောက်ထားခြင်း လမ်းညွှန်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online စနစ်ဖြင့် JLPT လျှောက်လွှာများအား (၂၀.၈.၂၀၂၂) မနက် ၁၀:၀၀ နာရီ မှ (၂၆.၈.၂၀၂၂) ညနေ ၃:၀၀ နာရီ အကြားတွင် လက်ခံသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်။
(၂၀.၈.၂၀၂၂) ရက်နေ့ မနက် ၁၀:၀၀ နာရီတွင် N1 Level (ရန်ကုန်နှင့် မန္တလေး)မှ စတင် လက်ခံသွားမည် ဖြစ်ပါသည်။
Online Application တင်ရမည့် Weblinkနှင့် Level တခုချင်းဆီ၏ Online Application စတင် လက်ခံမည့် နေ့ရက်၊ အချိန်များကို (၁၉.၈.၂၀၂၂) ရက်နေ့ နေ့လည် ၃:၀၀ နာရီတွင် ကြေငြာသွားမည် ဖြစ်ပါသည်။
Level တခုချင်းဆီအတွက် Online စနစ်ဖြင့် လက်ခံမည့် လျှောက်လွှာအရေအတွက်မှာ (၁၀.၈.၂၀၂၂) ရက် နေ့တွင် ကြေငြာထားသည့်အတိုင်း ဖြစ်ပါသည်။
https://www.facebook.com/117985645021854/posts/2362642963889433/
Online စနစ်ဖြင့်မှ လျှောက်ထားမည့်သူများသည် အောက်ဖော်ပြပါ ဗီဒီယို၊ လျှောက်ထားခြင်းလက်စွဲ၊ အစမ်းလျှောက်ထားခြင်း Website များဖြင့် ကြိုသည် တင်လေ့လာပြီး ပြင်ဆင်ထားနိုင်ပါသည်။
Test Application
https://demo.jlpt-maja.org.mm/
Manual (ကြိုတင်လေ့လာရန်အတွက်သာ)
https://demo.jlpt-maja.org.mm/manual
အစမ်းလျှောက်ထားပြုလုပ်နိုင်သည့် ကာလ - (၁၆.၈.၂၀၂၂) မနက် ၁၀:၀၀ နာရီ မှ (၁၇.၈.၂၀၂၂) ညနေ ၅:၀၀ နာရီ အကြား။
အစမ်းလျှောက်ထားခြင်းတွင် ငွေပေးချေခြင်းအဆင့်မပါဝင်ပါ။ ငွေပေးချေခြင်းနှင့် ပတ်သက်ပြီး Online Application လက်စွဲ (Manual)နှင့် ဗီဒီယိုများတွင် လေ့လာနိုင်ပါသည်။
“Available” (လျှောက်ထားနိုင်သော လက်ကျန်ခုံနေရာ) အရေအတွက်ထက် ပိုမိုပြီး လျှောက်ထားသူများပြိုင်နက် ဝင်ရောက်သည့် အခြေအနေတွင်၊ လျှောက်လွှာဖြည့်နေစဥ်အချိန် အတွင်း Booking ပြည့်သွားခြင်းရှိနိုင်ပါသည်။ အဆိုပါ အခြေအနေတွင် Application Form ဖြည့်သွင်းခြင်း ပြုလုပ်နိုင်ခဲ့သော်လည်း၊ ငွေပေးချေမှုအဆင့်သို့ ဆက်လက်မဆောင်ရွက်နိုင်ပဲ လျှောက်လွှာတင်မှု ပြီးမြောက်သည်အထိ မရောက်ရှိခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ယခုအကြိမ်စာမေးပွဲတွင် Online Application စနစ်သစ်ဖြင့် လူဦးရေအနည်းငယ်သာ လက်ခံရန်လျာထားခဲ့သော်လည်း၊ စာရွက်လျှောက်လွှာရောင်းချရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသောကြောင့်၊ ပထမဦးဆုံးအကြိမ် အသုံးပြုမည့် စနစ်သစ်တွင် လျှောက်ထားသူ လူဦးရေအများအပြားကို လက်ခံသွားရမည် ဖြစ်ပါသည်။ မျှော်မှန်းမထားသော ပြဿနာများ၊ လူဦးရေအများအပြားတပြိုင်နက် ဝင်ရောက်ခြင်းကြောင့် ဝင်ရောက်ရန် ခက်ခဲခြင်း၊ ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ရရှိသည့် အချိန်အတွင်း လုပ်ဆောင်နိုင်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားပါသော်လည်း၊ ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရ ပြောင်းလဲဆောင်ရွက်ရသည် ဖြစ်ပါသောကြောင့် ပြဿနာနှင့် အခက်အခဲများ အပေါ် နားလည်မှုဖြင့် ပူပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)