၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်လွှာများစတင်လက်ခံမည့် အချိန်နှင့် အရေအတွက်အား ကြေငြာခြင်း။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ စာမေးပွဲအတွက် Online စနစ်ဖြင့် JLPT လျှောက်လွှာများအား အောက်ဖော်ပြပါအတိုင်း လက်ခံသွားမည် ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ဝက်ဘ်ဆိုက်လိပ်စာ (Web Page Address) အား ၂၀.၈.၂၀၂၂ မနက် ၉:၀၀ နာရီ တွင် ကြေငြာပါမည်။
လျှောက်လွှာစတင် လက်ခံမည့် နေ့ရက်၊ အချိန်နှင့် လူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ N4 Yangon / N4 Mandalay / N5 Mandalay အတွက် (၄)ကြိမ်စီ၊ N5 Yangon အတွက် (၃)ကြိမ်၊ N3 Yangon အတွက် (၂) ကြိမ်ခွဲ၍ လက်ခံသွားမည် ဖြစ်ပါသည်။ Server ကြပ်တည်းကာ ကျသွားခြင်းအား ရှောင်ရှားနိုင်ရန် Server သို့ ဝင်ရောက်နိုင်ခြင်း မရှိသည့်အခါ နောက်ပိုင်း အချိန်များတွင် ဝင်ရောက်လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။
၂၀.၈.၂၀၂၂ မနက် ၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N1 Yangon ၅၀၀ဦး
(၂) N1 Mandalay ၂၀၀ဦး
၂၂.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N2 Yangon ၁၅၀၀ဦး
(၂) N3 Yangon ၂၀၀၀ဦး
(၃) N2 Mandalay ၅၀၀ဦး
(၄) N3 Mandalay ၁၅၀၀ဦး
(၅) N4 Mandalay ၂၀၀၀ဦး
၂၂.၈.၂၀၂၂ နေ့လည် ၁:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N3 Yangon ၂၀၀၀ဦး
(၂) N4 Yangon2 ၂၀၀၀ဦး
(၃) N4 Yangon3 ၂၀၀၀ဦး
(၄) N5 Mandalay ၁၅၀၀ဦး
မှတ်ချက်။ ။ N4 Yangon2 နှင့် Yangon3 မှ ခုံအမှတ်သတ်မှတ်ချက်အရ ခွဲထားခြင်းသာဖြစ်ပြီး၊ နှစ်ခုစလုံး ရန်ကုန်မြို့တွင်ဖြေဆို ကြရမည်ဖြစ်သည်။
၂၃.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၁၅၀၀ဦး
(၂) N4 Yangon3 ၁၅၀၀ဦး
(၃) N5 Yangon ၁၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၅၀၀ဦး
၂၃.၈.၂၀၂၂ နေ့လည် ၁:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၂၀၀၀ဦး
(၂) N4 Yangon3 ၂၀၀၀ဦး
(၃) N5 Yangon ၁၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၀၀၀ဦး
၂၄.၈.၂၀၂၂ မနက်၁၀:၀၀ နာရီ မှ စတင်လျှောက်ထားနိုင်သည့် Level၊ စာဖြေဌာနနှင့် ဦးရေ
(၁) N4 Yangon2 ၁၅၀၀ဦး
(၂) N4 Yangon3 ၁၅၀၀ဦး
(၃) N5 Yangon ၂၀၀၀ဦး
(၄) N4 Mandalay ၂၀၀၀ဦး
(၅) N5 Mandalay ၁၀၀၀ဦး
Sever မှ လက်ခံနိုင်သည့် လူအရေအတွက်အထိ Online လျှောက်လွှာအား ဝင်ရောက်ဖြည့်သွင်း နိုင်သော်လည်း၊ ငွေပေးချေသည့်အဆင့်သည် Level အလိုက် သတ်မှတ်ထားသည့် အရေအတွက်အထိသာ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။
ယခုအကြိမ်စာမေးပွဲတွင် Online Application စနစ်သစ်ဖြင့် လူဦးရေအနည်းငယ်သာ လက်ခံရန်လျာထားခဲ့သော်လည်း၊ စာရွက်လျှောက်လွှာရောင်းချရာတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ပါသောကြောင့်၊ ပထမဦးဆုံးအကြိမ် အသုံးပြုမည့် စနစ်သစ်တွင် လျှောက်ထားသူ လူဦးရေအများအပြားကို လက်ခံသွားရမည် ဖြစ်ပါသည်။ မျှော်မှန်းမထားသော ပြဿနာများ၊ လူဦးရေအများအပြားတပြိုင်နက် ဝင်ရောက်ခြင်းကြောင့် ဝင်ရောက်ရန် ခက်ခဲခြင်း၊ ရပ်တန့်သွားခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ရရှိသည့် အချိန်အတွင်း လုပ်ဆောင်နိုင်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားပါသော်လည်း၊ ဖြစ်ပေါ်ခဲ့သည့်အခြေအနေအရ ပြောင်းလဲဆောင်ရွက်ရသည် ဖြစ်ပါသောကြောင့် ပြဿနာနှင့် အခက်အခဲများအပေါ် နားလည်မှုဖြင့် ပူပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)