Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ Online Application လျှောက်ထားနိုင်သော ခုံအရေအတွက် ချထားပေးခြင်းနှင့် ပတ်သက်၍


ယနေ့ ၂၂..၂၀၂၂ (တနင်္လာနေ့) နံနက် ၁၀ နာရီမှ လျှောက်လွှာများစတင်လက်ခံခဲ့ရာ ငွေပေးချေမှု စနစ် (Payment System) ရပ်တန့်သွားသည့် အချိန်တခု ဖြစ်ပေါ်ခဲ့ပါသည်။

ငွေပေးချေမှု စနစ် (Payment System) ရပ်တန့်မှု မရှိစေရန်၊ တပြိုင်နက်တည်း တစ်ရက်တာ၏ သတ်မှတ်ခုံအရေအတွက်ကို ချထားပေးသွားခြင်းမဟုတ်ပဲ၊ ခုံအနည်းငယ်စီအား အချိန်ခွဲ၍ ချထားပေးခြင်းကို ပြုလုပ်သွားပါမည်။

သို့ပါသောကြောင့် ဝင်ရောက်ချိန်တွင် ခုံလက်ကျန်မရှိပါက အချိန်အနည်းငယ်ခြား၍ ပြန်လည်ဝင်ရောက်ပြီး၊ ခုံလက်ကျန်အား စစ်ဆေးလျှောက်ထားပေးပါရန် အသိပေးအပ်ပါသည်။

လျှောက်လွှာများကို အချိန်ခြားလက်ခံခြင်းအတွက်၊ Online Application လျှောက်ထားချိန်အား နံနက် နာရီမှ ညနေ အတွင်း တိုးမြင့်လက်ခံပေးသွားမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2022-08-22
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,449