Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲ လျှောက်လွှာလက်ခံခြင်း ပြီးဆုံးကြောင်း အသိပေးကြေညာခြင်း။


၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် (၂၀..၂၀၂၂) မှစတင်၍ Online မှ လျှောက်လွှာများ ဆက်လက်လက်ခံခဲ့ရာ၊ ယနေ့ ၂၆..၂၀၂၂ (သောကြာနေ့) နေ့လယ် (၁၂) နာရီအချိန်တွင် Online Application လက်ခံခြင်းပြီးဆုံးသွားပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

လျှောက်လွှာစတင်ရောင်းချသည့်ရက်မှ နောက်ဆုံးရက်အထိ ကြိုးစားပြီး လျှောက်လွှာတင်ခဲ့ကြသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျေးဇူးအထူးတင်ပါကြောင်း ပြောကြားလိုပါသည်။

ယခုအကြိမ် လျှောက်လွှာများရောင်းချလက်ခံခြင်းအတွက် ပြင်ပတွင် လျှောက်လွှာများရောင်းချခဲ့သည့် အချိန်တွင်၊ မျှော်မှန်းထားသည်ထက် လူဦးရေအဆမတန်များပြားစွာ လာရောက်ခဲ့ပြီး၊ ခက်ခဲသော အခြေအနေများ ဖြစ်ပေါ်ခဲ့သည့်အတွက် ထပ်လောင်းတောင်းပန်အပ်ပါသည်။

(၂၂..၂၀၂၂) ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော Online ငွေပေးချေမှု စနစ်(Payment System) ရပ်တန့်သွားသည့် အတွက် တစ်ကြိမ်ထက်ပို၍ ငွေလွှဲပေးသွင်းခဲ့သော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ဆုံးရှုံးနစ်နာမှု မရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ ပြန်လည်ပေးအပ်မည့် နည်းလမ်းအား အစီအစဉ်ချထားပြီးသည့်နှင့် ကြေညာပေးသွားမည် ဖြစ်ပါသည်။

ဒီဇင်ဘာလတွင် စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်သွားနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးကြပါရန်နှင့် လျှောက်ထားသူများ စာမေးပွဲတွင်အောင်မြင်ကြပြီး အနာဂတ်အိပ်မက်များ အမှန်တကယ် ဖြစ်မြောက်လာစေရန် ဆုမွန်ကောင်း တောင်းအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2022-08-27
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,444