Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် တစ်ကြိမ်ထက်ပို၍ ငွေလွှဲသွင်းခဲ့သော စာမေးပွဲကြေး အား ပြန်လည်ပေးအပ်ခြင်းနှင့် ပတ်သက်၍


၂၀၂၂ခုနှစ် ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် Online မှ လျှောက်ထားရာတွင် Online ငွေပေးချေမှု စနစ် (Payment System) အားနည်းမှုကြောင့် တစ်ကြိမ်ထက်ပို၍ ငွေလွှဲသွင်းခဲ့သော ကျောင်းသား ကျောင်းသူ များအား အောက်ဖော်ပြပါအစီအစဉ် ပိုမိုပေးသွင်းငွေအား ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

(၂၂..၂၀၂၂) ကြေညာချက်ပါ ငွေပေးချေမှုအခြေအနေတွင် "PAYMENT_SUCCESSFUL" မဟုတ်ခဲ့သောကြောင့် တစ်ကြိမ်ထက်ပိုမိုလွှဲသွင်းသူများကိုသာ မူအားဖြင့် ပြန်လည်ပေးအပ်ရန်ရှိသော်လည်း၊ ပထမဦးဆုံးအကြိမ် ငွေလက်ခံသည့် စနစ်ဖြစ်ခြင်းနှင့် ငွေပေးချေမှု စနစ်အားနည်းမှုကြောင့် လျှောက်ထား သူများ၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းစဉ်းစားပြီး "PAYMENT_SUCCESSFUL" ဖြင့် တစ်ကြိမ်ထက် ပိုမို လွှဲသွင်းသူများကိုလည်း ယခုအကြိမ်တွင် ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။ သို့သော် နောက်အကြိမ် များတွင် "PAYMENT_SUCCESSFUL" ဖြစ်သော်လည်း မိမိသဘောဆန္ဒဖြင့် တစ်ကြိမ်ထက်ပိုမို လွှဲသွင်းသူများကို ပြန်လည်ပေးအပ်သွားမည် မဟုတ်ပါ။ တဖန်၊ နေရာနှင့် Level မှားယွင်း လျှောက်ထား သူများအား ယခုအကြိမ်တွင်လည်း ဆောင်ရွက်ပေးသွားမည် မဟုတ်ပါ။

တစ်ကြိမ်ထက်ပို၍ ငွေလွှဲသွင်းခဲ့သော စာမေးပွဲကြေး ပြန်လည်ထုတ်ယူခွင့် လျှောက်ထားသူများသည် အောက်ဖော်ပြပါစာရွက်စာတမ်းများကို (၂၈--၂၀၂၂)ရက် တနင်္ဂနွေနေ့ မှ (၃၁--၂၀၂၂)ရက် ဗုဒ္ဓဟူးနေ့ အတွင်း Viber (သို့) Email ဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။

(၃၁--၂၀၂၂)ရက်နေ့ ညနေ နာရီအထိ ပြန်အမ်းငွေလျှောက်ထားခြင်း မရှိသော လျှောက်လွှာများအား စာဖြေသူ ခုံနံပါတ်ထုတ်ဝေသည့် အထဲတွင် ထည့်သွင်းသွားမည် ဖြစ်ပါသည်။ ခုံနံပါတ်အစဥ်အား ပြန်လည်ပြင်ဆင်၍မရတော့ပါသောကြောင့် သတ်မှတ်ကာလအတွင်း ပြန်အမ်းငွေ လျှောက်ထားခြင်းမရှိသော လျှောက်ထားသူများအား ပြန်အမ်းငွေအား လုံးဝ ပြန်လည်ပေးအပ်သွားနိုင်မည် မဟုတ်ပါ။

စာမေးပွဲကြေး ပြန်လည်ထုတ်ယူခွင့် လျှောက်ထားရန်လိုအပ်သည်များ -

() ငွေသွင်းပြေစာ (Payment Receipt)

() လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ () စောင်

() စာမေးပွဲကြေးပြန်ထုတ်ခွင့်လျှောက်လွှာ (Printထုတ်၍လက်ရေးမူဖြင့်လည်းဖြည့်သွင်းနိုင်ပါသည်။)

https://drive.google.com/.../1cKE3i7ifAVCZG8Zw.../view...

စာမေးပွဲကြေးပြန်လည်ထုတ်ယူသည့် လျှောက်လွှာများအား Online Application System မှ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေး၍ လိုအပ်ချက်များ၊ ကွဲလွဲချက်များရှိပါက ဆက်သွယ်မေးမြန်းပြီး မှန်ကန်ပါက စာမေးပွဲကြေးများ ပြန်လည်ထုတ်ပေးပါမည်။

ရန်ကုန်၊ စာဖြေဌာန

Email- jlptmyn.2022ygn1@gmail.com

(သို့မဟုတ်)

Viber - 09-428 756 746

မန္တလေး စာဖြေဌာန

Email - jlptmyn.mdy@gmail.com

(သို့မဟုတ်)

Viber- 09-986 093 637

သတိ။ အထက်ဖော်ပြပါ နံပါတ်များမှအပ အခြားသော MAJA Email, Viber နံပါတ်များသို့ ပေးပို့ပါက လက်ခံဆောင်ရွက်ပေးမည်မဟုတ်ပါ။

အထောက်အထားပြည့်စုံသည့်လျှောက်လွှာများအား (၁၉..၂၀၂၂)ရက်နေ့ မှ (၃၀..၂၀၂၂)ရက်နေ့ အတွင်း MAJA စာရင်းသို့ ဝင်ရောက်လာသော ငွေပမာဏ (ကျပ် ၃၈၀၀၀ / ၄၃၀၀၀) အတိုင်း ငွေလွှဲပေးပို့ပေးသွားမည် ဖြစ်ပါသည်။

JLPTစာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း(MAJA)

 2022-08-28
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,444