Myanmar Association of Japan Alumni ( MAJA )

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် အချိန်ဇယား ကြေငြာခြင်း (ရန်ကုန်/ မန္တလေးစာဖြေဌာန)


ရန်ကုန်စာဖြေဌာန

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား ပူးတွဲပါအချိန်ဇယားအတိုင်း ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Online မှ လျှောက်လွှာတင်ထားသူများအတွက် Test Voucher ပြန်လည်ထုတ်ယူရမည့် အသေးစိတ်များအား ထပ်မံ ကြေငြာပေးသွားမည် ဖြစ်ပါသည်။

**လူဦးရေအများအပြားတစ်ပြိုင်နက် လာရောက်ထုတ်ယူခြင်း မဖြစ်စေရန်အတွက် အချိန်ဇယားအတိုင်း တိကျစွာ လိုက်နာပေးပါရန်။**

ရန်ကုန်စာဖြေဌာန

တစ်ဦးချင်းလျှောက်လွှာတင်သူများလိုက်နာရန်

JLPT 2022 December - List of Individuals (Yangon) ဇယားတွင် ကြည့်ရှူရပါမည်။

လျှောက်လွှာလာရောက်ဝယ်ယူစဉ်က မိမိလက်ခံရရှိခဲ့သည့် ဘောက်ချာပေါ်တွင်ပါရှိသော ဘောက်ချာနံပါတ် (ဥပမာ - P-000) အား ဇယားတွင် ရှာဖွေ၍ သက်ဆိုင်ရာ နေ့ရက်နှင့် အချိန်အတွင်း ဘောက်ချာနှင့်တကွ လာရောက် ထုတ်ယူနိုင်ပါသည်။ (နေ့လယ် ၁၂း၀၀ နာရီ မှ ၁း၀၀ နာရီ ထမင်းစားနားပါသည်။)

နေရာ - နံပါတ် 2B (4) နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

သင်တန်းကျောင်းကိုယ်စားလှယ်များ

JLPT 2022 December - List of Schools (Yangon) ဇယားတွင် ကြည့်ရှူရပါမည်။

သင်တန်းကျောင်းအမည်များအား အင်္ဂလိပ်အက္ခရာစဉ် (A ~ Z) စီထားပါသည်။

မိမိသင်တန်းကျောင်းအမည်အလိုက် သတ်မှတ်ထားသော နေ့ရက်နှင့် အချိန်အတိုင်း ဘောက်ချာနှင့်တကွ အတိအကျ လာရောက်ပေးရန် လိုအပ်ပါသည်။ (နေ့လယ် ၁၂း၀၀ နာရီ မှ ၁း၀၀ နာရီ ထမင်းစားနားပါသည်။)

နေရာ - နံပါတ် 2B (4) နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

စာမေးပွဲဖြေဆိုခွင့်ကတ် (Test Voucher) ထုတ်ယူသူများ အထူးသတိပြုရန်

၁။ ဖြေကြားလိုသည့် level (N1, N2, N3, N4, N5) မှန်ကန်ရမည်။

၂။ ဖြေကြားလိုသည့် level နှင့် ခုံနံပါတ် တူညီမှန်ကန်ရမည်။

၃။ ဖြေဆိုမည့်သူ၏ အမည်နှင့် မွေးသက္ကရာဇ် မှန်ကန်ရမည်။

၄။ သွားရောက်ဖြေကြားမည့် Test Site ပါရှိရမည်။

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင်စာမေးပွဲဖြေဆိုခွင့် မပြုပါ။

() မှတ်ပုံတင်

() ယာဉ်မောင်းလိုင်စင်

() နိုင်ငံကူးလက်မှတ်

() ကျောင်းသားကတ် (အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ)

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

မန္တလေးစာဖြေဌာန

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ JLPT စာမေးပွဲအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား ပူးတွဲပါအချိန်ဇယားအတိုင်း ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

Online မှ လျှောက်လွှာတင်ထားသူများအတွက် Test Voucher ပြန်လည်ထုတ်ယူရမည့် အသေးစိတ်များအား ထပ်မံ ကြေငြာပေးသွားမည် ဖြစ်ပါသည်။

**လူဦးရေအများအပြားတစ်ပြိုင်နက် လာရောက်ထုတ်ယူခြင်း မဖြစ်စေရန်အတွက် အချိန်ဇယားအတိုင်း တိကျစွာ လိုက်နာပေးပါရန်။**

မန္တလေးစာဖြေဌာန

တစ်ဦးချင်းလျှောက်လွှာတင်သူများ

လျှောက်လွှာလာရောက်ဝယ်ယူစဉ်က မိမိလက်ခံရရှိခဲ့သည့် ဘောက်ချာနှင့်တကွ အောက်ပါရက်များအတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

နေ့ရက် - .၁၀.၂၀၂၂ (တနင်္လာနေ့) မှ .၁၀.၂၀၂၂ (အင်္ဂါနေ့) အတွင်း

အချိန် - နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ အထိ (နေ့လယ် ၁၂း၀၀ နာရီ မှ ၁း၀၀ နာရီ ထမင်းစားနား ပါသည်။)

နေရာ - ရေလမ်း၊ တိုက် () အခန်း () မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

သင်တန်းကျောင်းကိုယ်စားလှယ်များ

JLPT 2022 December - List of Schools (Mandalay) ဇယားတွင် ကြည့်ရှူရပါမည်။

သင်တန်းကျောင်းအမည်များအား အင်္ဂလိပ်အက္ခရာစဉ် (A ~ Z) စီထားပါသည်။

မိမိသင်တန်းကျောင်းအမည်အလိုက် သတ်မှတ်ထားသော နေ့ရက်နှင့် အချိန်အတိုင်း ဘောက်ချာနှင့်တကွ အတိအကျ လာရောက်ပေးရန် လိုအပ်ပါသည်။ (နေ့လယ် ၁၂း၀၀ နာရီ မှ ၁း၀၀ နာရီ ထမင်းစားနားပါသည်။)

နေ့ရက် - .၁၀.၂၀၂၂ (ဗုဒ္ဓဟူးနေ့)

နေရာ - ရေလမ်း၊ တိုက် () အခန်း () မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

စာမေးပွဲဖြေဆိုခွင့်ကတ် (Test Voucher) ထုတ်ယူသူများ အထူးသတိပြုရန်

၁။ ဖြေကြားလိုသည့် level (N1, N2, N3, N4, N5) မှန်ကန်ရမည်။

၂။ ဖြေကြားလိုသည့် level နှင့် ခုံနံပါတ် တူညီမှန်ကန်ရမည်။

၃။ ဖြေဆိုမည့်သူ၏ အမည်နှင့် မွေးသက္ကရာဇ် မှန်ကန်ရမည်။

၄။ သွားရောက်ဖြေကြားမည့် Test Site ပါရှိရမည်။

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါ သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင်စာမေးပွဲဖြေဆိုခွင့် မပြုပါ။

() မှတ်ပုံတင်

() ယာဉ်မောင်းလိုင်စင်

() နိုင်ငံကူးလက်မှတ်

() ကျောင်းသားကတ် (အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ)

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-09-28
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,719