2022 ခုနှစ် July လတွင် ဖြေဆိုထားသော JLPT စာမေးပွဲအတွက် Certificate များ ထုတ်ယူနိုင်ပြီဖြစ်ကြောင်း အသိပေးကြေငြာခြင်း
2022 ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သော JLPT စာမေးပွဲ၏ Certificate များအား ၁၁.၁၀.၂၀၂၂ ရက်နေ့ (အင်္ဂါနေ့) မှ စတင်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် အောက်ပါအတိုင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။
ရန်ကုန်တွင်လျှောက်လွှာတင်သူများ
နေရာ - MAJA Education Center (MEC)
လိပ်စာ - အမှတ် ၆၈၂/၆၈၃ (က) ဒုတိယထပ် ၊ သစ္စာလမ်းမ၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်။ (ပုဏ္ဏမီ မှတ်တိုင်အနီး)
ဖုန်း - 09 428 613 848
အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များ ပိတ်ပါသည်။
မန္တလေးတွင်လျှောက်လွှာတင်သူများ
နေရာ - MAJA Office (Mandalay Branch)
လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ဖုန်း - 09 255 162 533
အချိန် - 9:30 AM မှ 4:00 PM (12:00 PM မှ 1:00 PM အထိ ထမင်းစားနားခေတ္တပိတ်ပါသည်။)
စနေ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များပိတ်ပါသည်။
အောင်လက်မှတ် ထုတ်ယူရာတွင် Test Voucher များကို မမေ့မလျော့ ယူခဲ့ပေးပါရန်
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း