2022 December JLPT စာမေးပွဲ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍ နောက်ဆက်တွဲ ကြေငြာချက်
2022 December JLPT စာမေးပွဲ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား အောက်တိုဘာလ (၃) ရက်နေ့မှ စတင်၍ ယနေ့အထိ ထုတ်ပေးနေဆဲ ဖြစ်ပါသည်။
စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ပေးရာတွင် ကနဦးကြေငြာချက်ပါ အချိန်ဇယားအတိုင်း ရုံးပိတ်ရက်အပြောင်းအလဲ မရှိ ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
(လျှောက်လွှာ ထုတ်ယူသူများ အဆင်ပြေစေရန် ၂၄.၁၀.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် ဒီပါဝလီနေ့တွင်လည်း Test Voucher ဆက်လက်ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။)
*** MAJA အနေဖြင့် ယခုကဲ့သို့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူခြင်းအတွက် မည်သည့် အခကြေးငွေမျှ (ထုတ်ယူကြေး၊ နောက်ကျကြေး၊ စသည်ဖြင့်) ကောက်ခံခြင်း လုံးဝ လုံးဝ မရှိကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ပါသည်။ ***
Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် Online (System) မှသာ Test Voucher ပြန်လည် ထုတ်ယူရမည်ဖြစ်ပြီး၊ အသေးစိတ်များအား မကြာမီရက်ပိုင်းအတွင်း ထပ်မံ ကြေငြာပေးသွားမည် ဖြစ်ပါသည်။
ရန်ကုန်စာဖြေဌာန
တစ်ဦးချင်းလျှောက်လွှာတင်သူများအနက် အကြောင်းအမျိုးမျိုးကြောင့် ၃.၁၀.၂၀၂၂ ရက်နေ့ မှ ၁၉.၁၀.၂၀၂၂ ရက်နေ့ အတွင်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် ကျန်ရှိနေသေးသူများ/ မထုတ်ယူဖြစ်ခဲ့သူများ ရှိပါက ၂၀.၁၀.၂၀၂၂ ရက်နေ့ မှ ၂၆.၁၀.၂၀၂၂ ရက်နေ့ အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ Receipt Voucher စာရွက်နှင့်တကွ လာရောက် ထုတ်ယူနိုင်ပါသည်။
ထို့အပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် Receipt Voucher ပျက်စီး/ ပျောက်ဆုံးသူများအနေဖြင့်လည်း ၂၀.၁၀.၂၀၂၂ ရက်နေ့ မှ ၂၆.၁၀.၂၀၂၂ ရက်နေ့ အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လျှောက်လွှာတင်ထားသူ၏ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသော သက်သေခံကတ်ပြားမိတ္တူ နှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
လိပ်စာ - နံပါတ် 2B (4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ
(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)
မန္တလေးစာဖြေဌာန
တစ်ဦးချင်းလျှောက်လွှာတင်သူများအနက် အကြောင်းအမျိုးမျိုးကြောင့် ၃.၁၀.၂၀၂၂ ရက်နေ့ မှ ၄.၁၀.၂၀၂၂ ရက်နေ့များတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် ကျန်ရှိနေသေးသူများ/ မထုတ်ယူဖြစ်ခဲ့သူများ အနေဖြင့် ၂၆.၁၀.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ Receipt Voucher စာရွက်နှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
ထို့အပြင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် Receipt Voucher ပျက်စီး/ ပျောက်ဆုံးသူများအနေဖြင့်လည်း ၂၆.၁၀.၂၀၂၂ ရက်နေ့ နောက်ဆုံးထား၍ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စား ဖြစ်စေ လျှောက်လွှာတင်ထားသူ၏ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသော သက်သေခံ ကတ်ပြားမိတ္တူ နှင့်တကွ လာရောက်ထုတ်ယူနိုင်ပါသည်။
လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ
(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”
သတ်မှတ်ထားသော သက်သေခံကတ်ပြားများ
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)
(၃) နိုင်ငံကူးလက်မှတ်
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) ကျောင်းသားကတ်
(၅ - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ
၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ
၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ
(၅ - ခ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ
၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ
၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်
အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း