2022 December JLPT စာမေးပွဲ Online မှ လျှောက်လွှာ တင်ထားသူများ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍ ကြေငြာချက်။ 2022 December JLPT စာမေးပွဲ ဖောင်ဝယ်ယူတင်ခဲ့သူများ၏ Test Voucher ထုတ်ယူခြင်း (နောက်ဆက်တွဲ ကြေငြာချက် - ၂)
2022 December JLPT စာမေးပွဲ Online မှ လျှောက်လွှာတင်ထားသူများ Test Voucher ထုတ်ယူခြင်းနှင့် ပတ်သက်၍ ကြေငြာချက်
2022 December JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် နိုဝင်ဘာလ (၁) ရက်နေ့မှ စတင်၍ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား အောက်ပါအတိုင်း ထုတ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၁။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ဝင်ရောက်ထုတ်ယူရမည့် Website Link
၂။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် လိုအပ်သည်များ
(၁) 22B နှင့် အစပြုသည့် invoice number (ဥပမာ - 22B-0820-99999999)
(၂) ငွေပေးချေသူအချက်အလက်နေရာတွင် ဖြည့်သွင်းခဲ့သည့် Password
==========
Test Voucher ထုတ်ယူပုံ အဆင့်ဆင့်
၁။ ပထမဦးစွာ အထက်ပါ link အား copy ယူ၍ browser တွင် ဖွင့်ပါ။
၂။ စာမေးပွဲဖြေဆိုခွင့်ဘောက်ချာရယူပါ အား နှိပ်ပါ။
၃။ ဘောက်ချာနံပါတ် (22B နှင့် စသည့် invoice number) နှင့် လျှို့ဝှက်ကုတ် (password) အား ထည့်၍ “ရှာမည်” ကို နှိပ်ပါ။
၄။ "Test Voucher List" စာမျက်နှာတွင်၊ လျှောက်ထားသူသည် "Test Voucher" နှင့် "Application Form" ကို pdf ဖိုင်ဖြင့် သီးခြားစီ ဒေါင်းလုဒ် (Download) လုပ်နိုင်ပါသည်။
Test Voucher file တွင် စာမျက်နှာ ၄ မျက်နှာ ပါဝင်ပါသည်။
စာမျက်နှာ ၁ - Test Voucher
စာမျက်နှာ ၂ - ပြေစာ
စာမျက်နှာ ၃ - စာမေးပွဲစည်းကမ်းများ
စာမျက်နှာ ၄ - စာမေးပွဲဖြေဆိုရမည့်နေရာပြမြေပုံ
Application Form file ကိုနှိပ်ပါက လျှောက်လွှာပုံစံ Form C ကို download လုပ်မည် ဖြစ်ပါသည်။
လျှောက်ထားသူသည် "Download all (Zip)" ခလုတ်ကို နှိပ်ပါက၊ စာမျက်နှာတွင်ပြသထားသည့် လျှောက်လွှာပုံစံနှင့် Test Voucher များအားလုံးကို download လုပ်မည်ဖြစ်ပါသည်။
(လျှောက်ထားသူသည် pdf file အားလုံးကို လိုချင်ပါက zip file ကို ဒေါင်းလုဒ် လုပ်နိုင်ပါသည်။)
==========
ငွေပေးချေသူအချက်အလက်နေရာတွင် ဖြည့်သွင်းခဲ့သည့် Password မေ့လျော့သူများအနေဖြင့် ရန်ကုန်စာဖြေဌာနဖြစ်စေ၊ မန္တလေးစာဖြေဌာနဖြစ်စေ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတိုင်း (နံနက် ၉း၀၀ နာရီမှ ညနေ ၄း၀၀ နာရီ အတွင်း) အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ Password Reset ပြုလုပ်ပေးပါရန် အကြောင်းကြားနိုင်ပါသည်။
၁။ ၀၉ - ၂၆၂ ၆၀၂ ၁၂၁
၂။ ၀၉ - ၄၂၈ ၆၁၂ ၁၅၁
၃။ ၀၉ - ၉၈၆ ၀၉၃ ၆၃၇
၄။ ၀၉ - ၄၂၈ ၇၅၆ ၇၄၆
(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီအတွင်း ထမင်းစားချိန် ဖုန်းဖြေဆိုခြင်း ခေတ္တနားပါသည်။)
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”
သတ်မှတ်ထားသော သက်သေခံကတ်ပြားများ
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)
(၃) နိုင်ငံကူးလက်မှတ်
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) ကျောင်းသားကတ်
(၅ - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ
၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ
၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ
(၅ - ခ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ
၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ
၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
2022 December JLPT စာမေးပွဲ ဖောင်ဝယ်ယူတင်ခဲ့သူများ၏ Test Voucher ထုတ်ယူခြင်း (နောက်ဆက်တွဲ ကြေငြာချက် - ၂)
2022 December JLPT စာမေးပွဲ ဖောင်ဝယ်ယူတင်ခဲ့သူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား အောက်တိုဘာလ (၃) ရက်နေ့မှ စတင်၍ ၂၆.၁၀.၂၀၂၂ ရက်နေ့ အထိ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
တစ်ဦးချင်းလျှောက်လွှာတင်သူများအနက် အကြောင်းအမျိုးမျိုးကြောင့် ၃.၁၀.၂၀၂၂ ရက်နေ့ မှ ၂၆.၁၀.၂၀၂၂ ရက်နေ့ အတွင်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူရန် ကျန်ရှိနေသေးသူများ/ မထုတ်ယူဖြစ်ခဲ့သူများ ရှိပါက ၁.၁၁.၂၀၂၂ ရက်နေ့ မှ ၄.၁၁.၂၀၂၂ ရက်နေ့ အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ Receipt Voucher စာရွက်နှင့်တကွ အောက်ပါလိပ်စာများအတိုင်း လာရောက်ထုတ်ယူနိုင်ပါသည်။
Receipt Voucher ပျက်စီး/ ပျောက်ဆုံးသူများအနေဖြင့်လည်း ၁.၁၁.၂၀၂၂ ရက်နေ့ မှ ၄.၁၁.၂၀၂၂ ရက်နေ့ ရက်နေ့ အတွင်း လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားဖြစ်စေ လျှောက်လွှာတင်ထားသူ၏ မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) သတ်မှတ်ထားသော သက်သေခံကတ်ပြားမိတ္တူ နှင့်တကွ အောက်ပါလိပ်စာများအတိုင်း လာရောက်ထုတ်ယူ နိုင်ပါသည်။
ရန်ကုန်စာဖြေဌာန
လိပ်စာ - နံပါတ် 2B (4)၊ နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။
ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ
(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)
ဖုန်း - ၀၉- ၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆
မန္တလေးစာဖြေဌာန
လိပ်စာ - ရေလမ်း၊ တိုက် (၁)၊ အခန်း (၆)၊ မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ
(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)
ဖုန်း - ၀၉-၂၅၅၁၆၂၅၃၃
Online မှ လျှောက်လွှာတင်ထားသူများအနေဖြင့် Online (System) မှသာ Test Voucher ပြန်လည် ထုတ်ယူရမည်ဖြစ်ပြီး၊ အသေးစိတ်များအား ထပ်မံ ကြေငြာပေးသွားမည် ဖြစ်ပါသည်။
Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင် “စာမေးပွဲဖြေဆိုခွင့် မပြုပါ။”
သတ်မှတ်ထားသော သက်သေခံကတ်ပြားများ
(၁) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)
(၂) ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)
(၃) နိုင်ငံကူးလက်မှတ်
(၄) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)
(၅) ကျောင်းသားကတ်
(၅ - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ
၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ
၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ
(၅ - ခ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ
၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ
၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ
၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်
အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း