Myanmar Association of Japan Alumni ( MAJA )

2022 December JLPT စာမေးပွဲ ဖောင်ဝယ်ယူတင်ခဲ့သူများ၏ Test Voucher ထုတ်ယူခြင်း (နောက်ဆက်တွဲ ကြေငြာချက် - ၃)


2022 December JLPT စာမေးပွဲ ဖောင်ဝယ်ယူတင်ခဲ့သူများ၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) များအား အောက်တိုဘာလ () ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၂၆) ရက်နေ့ အထိ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါသတ်မှတ်ရက်များအတွင်း အကြောင်းအမျိုးမျိုးကြောင့် (Test Voucher) မထုတ်ယူဖြစ်ခဲ့သူများအတွက် .၁၁.၂၀၂၂ ရက်နေ့ မှ .၁၁.၂၀၂၂ ရက်နေ့ အတွင်း (Test Voucher) ထပ်မံ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။

သို့ရာတွင် (Test Voucher) လာရောက်ထုတ်ယူရန် ကျန်ရှိသူများ ရှိနေပါသေးသဖြင့် အောက်ပါအချိန်ဇယားအတိုင်း နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပေးသွားမည်ဖြစ်ပြီး အောက်ပါရက်အတွင်း လာရောက်ထုတ်ယူခြင်း မရှိပါက ထပ်မံ ထုတ်ပေးမည် မဟုတ်ကြောင်း ကြေငြာအပ်ပါသည်။

ရန်ကုန်စာဖြေဌာန

နေ့ရက် - ၁၄.၁၁.၂၀၂၂ (တနင်္လာနေ့) မှ ၁၈.၁၁.၂၀၂၂ (သောကြာနေ့)

လိပ်စာ - နံပါတ် 2B (4) နှင်းဥယျာဉ်အိမ်ရာ၊ သုမင်္ဂလာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ

(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)

ဖုန်း - ၀၉- ၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆

မန္တလေးစာဖြေဌာန

နေ့ရက် - ၁၄.၁၁.၂၀၂၂ (တနင်္လာနေ့) မှ ၁၈.၁၁.၂၀၂၂ (သောကြာနေ့)

လိပ်စာ - ရေလမ်း၊ တိုက် () အခန်း () မင်္ဂလာမန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။

ရုံးဖွင့်ချိန် - နံနက် ၉း၀၀ နာရီမှ နေ့လယ် ၃း၃၀ နာရီအထိ

(နေ့လယ် ၁၂း၀၀ နာရီမှ ၁း၀၀ နာရီ အတွင်း ထမင်းစားချိန် ခေတ္တပိတ်ပါသည်။)

ဖုန်း - ၀၉-၂၅၅၁၆၂၅၃၃

(လျှောက်လွှာ ထုတ်ယူသူများ အဆင်ပြေစေရန် ၁၇.၁၁.၂၀၂၂ ရက်နေ့တွင် ကျရောက်သည့် အမျိုးသားနေ့တွင်လည်း ယခုကြေငြာချက်ပါ ရုံးချိန်အတိုင်း Test Voucher ထုတ်ပေးသွားမည် ဖြစ်ပါကြောင်း။)

*** MAJA အနေဖြင့် ယခုကဲ့သို့ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ထုတ်ယူခြင်းအတွက် မည်သည့် အခကြေးငွေမျှ (ထုတ်ယူကြေး၊ နောက်ကျကြေး၊ စသည်ဖြင့်) ကောက်ခံခြင်း လုံးဝ လုံးဝ မရှိကြောင်းကိုလည်း ထပ်လောင်းအသိပေးအပ်ပါသည်။ ***

ထုတ်ယူပြီးသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) ပျက်စီး/ပျောက်ဆုံးသူများအနေဖြင့်လည်း အထက်ပါ ရက်များအတွင်း ဓါတ်ပုံ () ပုံ၊ မှတ်ပုံတင်မူရင်း + မိတ္တူတစ်စုံ နှင့်တကွ အသစ်ပြန်လည် လာရောက်ထုတ်ယူ နိုင်ပါသည်။

Test Voucher (စာမေးပွဲဖြေဆိုခွင့်ကတ်) နှင့်အတူ အောက်ပါသတ်မှတ်ထားသော သက်သေခံကတ် (မူရင်း) တစ်ခုခု မပါရှိလျှင်စာမေးပွဲဖြေဆိုခွင့် မပြုပါ။

သတ်မှတ်ထားသော သက်သေခံကတ်ပြားများ

() မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

() ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှ လွဲ၍ ကျန်ယာဉ်မောင်းလိုင်စင်များ အားလုံး အကျုံးဝင်ပါသည်။)

() နိုင်ငံကူးလက်မှတ်

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

() ကျောင်းသားကတ်

( - က) အကျုံးဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ

၁။ အစိုးရမူလတန်း/အလယ်တန်း/အထက်တန်းကျောင်း ကျောင်းသားကတ်များ

၂။ တက္ကသိုလ်/ကောလိပ် ကျောင်းသားကတ်များ

၃။ ကိုယ်ပိုင်ကျောင်း၊ International Schools နှင့် ဘုန်းတော်ကြီးပညာသင်ကျောင်း ကျောင်းသားကတ်များ

( - ) အကျုံးမဝင်သည့် ကျောင်းသားကတ်အမျိုးအစားများ

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အရှေ့စာသင်နှစ်များမှ ကျောင်းသားကတ်များ

၂။ ဘာသာစကားသင်တန်းကျောင်းအပါအဝင် အခြားသင်တန်းကျောင်းများမှ ကျောင်းသားကတ်များ

၃။ တက္ကသိုလ်ဝင်တန်း ယာယီဖြေဆိုခွင့်ကတ်

အသေးစိတ်သိရှိလိုသည်များကို (ရန်ကုန်စာဖြေဌာန - ၀၉-၉၈၆၀၉၃၆၃၇၊ ၀၉-၄၂၈၇၅၆၇၄၆) နှင့် (မန္တလေးစာဖြေဌာန - ၀၉-၂၅၅၁၆၂၅၃၃) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2022-11-13
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,719