Myanmar Association of Japan Alumni ( MAJA )

ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) လျှောက်ထားရာတွင် အကျုံးဝင်သည့် သက်သေခံ ကတ်ပြား (ID) နှင့် ပတ်သက်၍ ကြိုတင်ကြေငြာချက်


၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပမည့် JLPT စာမေးပွဲမှ စတင်၍ နောင်ကျင်းပမည့် JLPT စာမေးပွဲများ အတွက် လျှောက်လွှာလက်ခံရာတွင် အောက်ဖော်ပြပါ သက်သေခံကတ်ပြား (ID) များကိုသာ လက်ခံသွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေးကြေငြာအပ်ပါသည်။

သတ်မှတ်ထားသော သက်သေခံကတ်ပြား (ID) များ

() မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်။)

() သက်တမ်းရှိ နိုင်ငံကူးလက်မှတ်

() သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (က/A ဆိုင်ကယ်လိုင်စင်မှာ မွေးသက္ကရာဇ်မပါသဖြင့် အကျုံးမဝင်ပါ။)

() မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ အကျုံးဝင်ပါသည်။)

စာမေးပွဲဖြေဆိုရာတွင်လည်း စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Test Voucher) နှင့်အတူ အထက်ပါ သက်သေခံကတ်ပြား (ID) မူရင်း တစ်ခုခုမပါရှိပါက လုံးဝ ဖြေဆိုခွင့်ရရှိမည်မဟုတ်ပါ။ စာမေးပွဲလျှောက်ထားလိုသူများ ကြိုတင်ပြင်ဆင် ထားနိုင်ရန်အတွက် အသိပေး ကြေငြာအပ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

 2023-01-18
၂၀၂၇ ခုနှစ်၊ (၄) လပိုင်း အတွက် ခေါ်ယူမည့် သတင်းစာ စကော်လားရှစ် (2027 April Intake - ASAHI Shimbun Scholarship)
visitors :      283,444