JLPT 2023 JULY တစ်ဦးချင်းလျှောက်လွှာလက်ခံခြင်းနှင့် ပတ်သက်၍ ကြေငြာချက်
၂၀၂၃ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ (၂) ရက်နေ့တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၌ ကျင်းပသွားမည်ဖြစ်ပါသည်။ စာမေးပွဲဖြေဆိုလိုသူများအတွက် တစ်ဦးချင်းလျှောက်လွှာလျှောက်ထားခြင်းအား Online မှသာ အောက်ပါအစီအစဉ်အတိုင်း လက်ခံပြုလုပ်သွားမည်ဖြစ်ပါသည်။
၁။ စာမေးပွဲကျင်းပမည့်ရက်
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂) ရက် (တနင်္ဂနွေနေ့)
၂။ စာမေးပွဲကျင်းပမည့်နေရာ
ရန်ကုန်မြို့နှင့် မန္တလေးမြို့။
၃။ Online လျှောက်လွှာလက်ခံမည့် လူဦးရေ
Level အားလုံးအတွက် လူဦးရေ အကန့်အသတ်မရှိ လက်ခံပေးသွားမည် ဖြစ်ပါသည်။
၄။ စာမေးပွဲကြေးနှင့် လျှောက်လွှာတင်ကြေး (စုစုပေါင်း)
Level N1 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N2 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N3 - ၄၂,၀၀၀ + ၃,၀၀၀ = (၄၅,၀၀၀ ကျပ်)
Level N4 - ၃၇,၀၀၀ + ၃,၀၀၀ = (၄၀,၀၀၀ ကျပ်)
Level N5 - ၃၇,၀၀၀ + ၃,၀၀၀ = (၄၀,၀၀၀ ကျပ်)
၅။ Online လျှောက်လွှာလက်ခံကာလ
Level N1 - ၂၁.၂.၂၀၂၃ (အင်္ဂါနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)
Level N2 - ၂၁.၂.၂၀၂၃ (အင်္ဂါနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)
Level N3 - ၂၂.၂.၂၀၂၃ (ဗုဒ္ဓဟူးနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)
Level N4 - ၂၃.၂.၂၀၂၃ (ကြာသပတေးနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)
Level N5 - ၂၄.၂.၂၀၂၃ (သောကြာနေ့) မှ ၃.၃.၂၀၂၃ (သောကြာနေ့)
၂၅.၂.၂၀၂၃ ရက်နေ့ (စနေနေ့)၊ ၂၆.၂.၂၀၂၃ ရက်နေ့ (တနင်္ဂနွေနေ့) နှင့် ၂.၃.၂၀၂၃ (ကြာသပတေးနေ့) များ ပိတ်ပါသည်။
**ရန်ကုန်စာဖြေဌာနနှင့် မန္တလေးစာဖြေဌာနအတွက် level အလိုက် တစ်ပြိုင်နက် လက်ခံသွားမည်ဖြစ်ပါသည်။**
၆။ Online လျှောက်လွှာလက်ခံမည့် အချိန်
System သို့ တစ်ပြိုင်နက်ထဲဝင်ရောက်ခြင်းအား ထိန်းချုပ်နိုင်ရန် လျှောက်လွှာစတင်လက်ခံမည့်အချိန်အား ကြိုတင်အသိပေးမည် မဟုတ်ပါ။ (လူဦးရေ ကန့်သတ်ထားခြင်းမရှိသည့်အတွက် လျှောက်လွှာလက်ခံကာလအတွင်း မိမိအဆင်ပြေသည့်ရက်တွင် (နံနက် ၉း၀၀ နာရီမှ ညနေ ၆း၀၀ နာရီအတွင်း) Online System သို့ ဝင်ရောက်လျှောက်ထား နိုင်ပါသည်။)
၇။ Online လျှောက်လွှာတင်ခြင်းနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်ရန်များ
v လျှောက်လွှာလက်ခံကာလမတိုင်မီ ၂၀.၂.၂၀၂၃ (တနင်္လာနေ့) တွင် Online System သို့ ဝင်ရောက်၍ Registration စတင်ပြုလုပ်နိုင်မည် ဖြစ်သည်။
v Registration ပြုလုပ်ခြင်းမှာ လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်းခြင်းအဆင့်ဖြစ်ပြီး၊ လျှောက်လွှာလက်ခံကာလတလျှောက်လုံးတွင်လည်း Registration ပြုလုပ်နေနိုင်မည်ဖြစ်သည်။
v Registration ပြုလုပ်ရာတွင် အမည်၊ မွေးသက္ကရာဇ် အပါအဝင် ကိုယ်ရေးအချက်အလက်များအား ဖြည့်စွက်ရမည်ဖြစ်ပြီး၊ အဆိုပါ ကိုယ်ရေးအချက်အလက်များသည် လျှောက်လွှာတွင် အလိုအလျောက် ဖြည့်သွင်းပြီး ဖြစ်နေမည်ဖြစ်ပါသည်။
v လျှောက်လွှာတင်သူအနေဖြင့် လျှောက်လွှာလက်ခံသည့်ရက်တွင် Registration ပြုလုပ်ရာတွင်မပါဝင်ခဲ့သည့် အချက်အလက်များကိုသာ ဆက်လက်ဖြည့်သွင်းရမည်ဖြစ်ပါသည်။
v သက်သေခံကတ်ပြားတစ်ခုအတွက် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ မှတ်ပုံတင်တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ တင်ခွင့်ရမည် ဖြစ်သည်။)
v Online System မှတဆင့် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်းများအတွက် မိမိကိုယ်ပိုင် Mail Address တစ်ခုအား မဖြစ်မနေပြင်ဆင်ထားရန် လိုအပ်ပါသည်။
v ဓါတ်ပုံ (၃လအတွင်း ရိုက်ကူးထားသည့် ကြည်လင်ပြတ်သားသော ဓါတ်ပုံဖြစ်ရမည်။ အလင်းပြန်နေသော/ အရိပ်ကျနေသော/ ဝါးနေသော/ စွန်းပေနေသောပုံများ မဖြစ်ရပါ။ နောက်ခံမှာ အဖြူ၊ အနက်၊ အပြာ စသဖြင့် တစ်ရောင်တည်းသာ ဖြစ်ရမည်။ မိမိကိုယ်ကို ရိုက်ကူးထားသည့် selfie ပုံ၊ အခြားသူများနှင့် အတူရိုက်ကူးထားသည့် ပုံများ မဖြစ်ရပါ။ ဦးထုတ်၊ နေကာမျက်မှန်၊ Mask အစရှိသည်တို့ ဝတ်ဆင်ထားသည့် ပုံများ မဖြစ်ရပါ။)
v သက်သေခံကတ်ပြား (မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် အသုံးပြုလျှောက်ထားမည်ဆိုပါက မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင်၏ ရှေ့ခြမ်းရော၊ နောက်ခြမ်းပါ လိုအပ်ပါသည်။ နိုင်ငံကူးလက်မှတ် အသုံးပြု၍ လျှောက်ထားမည်ဆိုပါက ဓါတ်ပုံနှင့်အချက်အလက်များ ပါဝင်သည့် စာမျက်နှာအား လိုအပ်ပါသည်။)
ကျောင်းအလိုက်လျှောက်လွှာတင်ခြင်း၊ Online System ဖြင့် လျှောက်လွှာတင်ခြင်းလမ်းညွှန်၊ ကြိုတင် Registration ပြုလုပ် ခြင်းလမ်းညွှန်တို့နှင့် ပတ်သက်၍ ထပ်မံကြေငြာပေးသွားမည်ဖြစ်ပြီး၊ JLPT စာမေးပွဲနှင့် ပတ်သက်၍ စုံစမ်းမေးမြန်း လိုသည်များအား အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဖုန်း- ၀၉ ၄၂၈ ၇၅၆ ၇၄၆၊ ၀၉ ၉၈၆ ၀၉၃ ၆၃၇
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)