Myanmar Association of Japan Alumni ( MAJA )

Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ကြေငြာချက်


Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်ရာတွင် သတိပြုရမည့်အချက်များနှင့် လမ်းညွှန်များအား အောက်ပါ အတိုင်း ကြေငြာအပ်ပါသည်။

• Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်ခြင်းမှာ လျှောက်လွှာမတင်မီ အချက်အလက်များ ကြိုတင်ဖြည့်သွင်း ခြင်းအဆင့်ဖြစ်ပြီး၊ လျှောက်လွှာလက်ခံကာလတလျှောက်လုံးတွင်လည်း Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်နေနိုင်မည်ဖြစ်သည်။

သက်သေခံကတ်ပြားတစ်ခုအတွက် Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်း တစ်ကြိမ်သာ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ (ဆိုလိုသည်မှာ မှတ်ပုံတင်တစ်ခုလျှင် လျှောက်လွှာတစ်စောင်သာ တင်ခွင့်ရမည်ဖြစ်သည်။)

• Online System မှတဆင့် Registration ပြုလုပ်ခြင်းနှင့် လျှောက်လွှာတင်ခြင်းများအတွက် မိမိကိုယ်ပိုင်  Mail Address တစ်ခုအား မဖြစ်မနေပြင်ဆင်ထားရန် လိုအပ်ပါသည်။

• Registration(မှတ်ပုံတင်ခြင်း) ပြုလုပ်ရာတွင် ဖြည့်သွင်းခဲ့သော လော့ဂ်အင်အမည်နှင့် စကား၀ှက်တို့ကို မေ့လျော့ခြင်းမရှိစေရန် ဂရုပြုရပါမည်။

အသေးစိတ်လမ်းညွှန်များအား ဖော်ပြပါပုံများတွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 

 

 

 

 

 2023-02-19
Application Announcement for Long-term Capacity Development Scholarship Program
visitors :      212,717