Myanmar Association of Japan Alumni ( MAJA )

JLPT 2023 JULY လျှောက်လွှာရောင်းချခြင်းနှင့်ပတ်သက်၍ကြိုတင်ကြေငြာချက်(သင်တန်းကျောင်းများ) ရန်ကုန် နှင့် မန္တလေး


ဇူလိူင်လ ()ရက်နေ့ တွင်ကျင်းပပြုလုပ်မည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ JLPT အတွက် သင်တန်းကျောင်း၊ ကုမ္ပဏီများအနေဖြင့် လျှောက်လွှာ‌‌ဝယ်ယူနိုင်ရန် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

ယခုကြေငြာချက်သည်ကြိုတင်စာရင်းပေးသွင်းရန်အတွက်ဖြစ်ပြီး၊ လျှောက်လွှာရောင်းချမည့် ကာလနှင့် တင်သွင်းရမည့်ကာလအား လျှောက်လွှာစာရွက်များ မြန်မာနိုင်ငံသို့ရောက်ရှိမည့်အချိန်တွင် ထုတ်ပြန် ကြေငြာ သွားပါမည်။

၁။ ကြိုတင်စာရင်းပေးသွင်းခြင်း။

တပြိုင်နက်တည်း လျှောက်လွှာလာရောက်ဝယ်ယူသူ များပြားနိုင်ပါသောကြောင့်၊ လူစုလူဝေး ဖြစ်ပေါ်မှုအား အတန်အသင့် ထိန်းချုပ်နိုင်စေရန် ရက်ချိန်းယူသည့်စနစ် (Booking System) ဖြင့် ရောင်းချသွားမည် ဖြစ်ပြီး သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေအများဆုံး (၁၅၀) စောင်နှုန်းဖြင့်သာ ရောင်းချသွားမည် ဖြစ်ပါသည်။

(လိုင်စင်တခုအား သင်တန်းကျောင်းတစ်ကျောင်းဟုသတ်မှတ်ပါသည်။ လိုင်စင်အခွဲများအကြုံးမဝင်ပါ။)

လျှောက်လွှာဝယ်ယူမည့် သင်တန်းကျောင်းများအနေဖြင့် အောက်ဖော်ပြပါ Google form မှတဆင့် (၂၀..၂၀၂၃ မှ ၂၇..၂၀၂၃) ရက်နေ့အတွင်း ကြိုတင်စာရင်းပေးသွင်းရန် လိုအပ်ပါမည်။

Google From Link >>> https://forms.gle/UtMfGvXSxozudGWJA

၂။ လျှောက်လွှာ၀ယ်ယူရန်လိုအပ်ချက်များ။

v သက်တမ်းရှိ သင်တန်းကျောင်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ လုပ်ငန်းလိုင်စင် မိတ္တူ (သို့) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် မိတ္တူ။

v ကျောင်း Letter Head ဖြင့် ထုတ်ပြန်ထားသည့် ပိုင်ရှင်/ကိုယ်စားလှယ်လွှဲစာ မူရင်းနှင့်မိတ္တူ (နမူနာပုံတွင်ကြည့်ရန်) လျှောက်လွှာဝယ်ယူချိန်တွင် Google form ၌ဖြည့်စွက်ထားခဲ့သော လျှောက်လွှာအစောင်ရေအတိုင်းသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး၊ လျှောက်လွှာတင်ချိန်တွင်လည်း အဆိုပါ အရေအတွက်အတိုင်းသာ လက်ခံသွားမည် ဖြစ်သည်။

v Level အလိုက်စာဖြေသူစာရင်း (နမူနာပုံတွင်ကြည့်ရန်)

v လာရောက်သူ၏ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ

သတ်မှတ်ချက်နှင့်အညီ စာရင်းပေးသွင်းထားသောကျောင်းများသို့ လျှောက်လွှာရောင်းချမည့် ကာလသတ်မှတ်ပြီးချိန်တွင်၊ လျှောက်လွှာလာရောက်ဝယ်ယူရမည့် နေ့ရက်၊ အချိန်၊ နေရာ များအား Email မှတဆင့် ဆက်သွယ်ပေးပို့သွားပါမည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

 2023-02-20
(1) ၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း (2) TYCA Vol.10 Interview အောင်မြင်သူစာရင်း ကြေငြာခြင်း
visitors :      224,972