JLPT စာဖြေသူအကောင့် Login Name မှားယွင်းသူနှင့် Password မှတ်သားထားခြင်း မရှိသူများသို့ အသိပေးခြင်း။
(၁) Login Name နှင့် ပတ်သက်၍
အကောင့်အမည်အား Registration ပြုလုပ်ရာတွင် Special Character (@,-,., etc) များ အသုံးပြု၍ မရပါ။
အကယ်၍ special character များကိုရိုက်ထည့်ပြီး Registered ပြုလုပ်ခဲ့ပါက Login ဝင်ချိန်တွင် special character များကို ဖြုတ်ထားသည့် အမည်ဖြင့် ဝင်ရောက်ရပါမည်။
(Eg - Login အမည်တွင် mgmg@gmail.com အား copy ကူး၍ဖြစ်စေ browser auto fill နှင့်ဖြစ်စေ Registration လုပ်ထားမိသူများအနေဖြင့် "mgmggmailcom" ဖြင့် Login ဝင်ပေးပါရန်။
အခြားသော အကြောင်းကြောင့် Login Name မသိရှိသူများသည် အောက်ဖော်ပြပါ ဖုန်းသို့ (အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ်) ပြောကြား၍ Login Name အား ရုံးချိန်အတွင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
ဖုန်းနံပါတ် -
09 986 093 637
09 428 756 746
(၂) Password Reset ပြုလုပ်ခြင်း
Password မှတ်သားမထားသူများနှင့် မေ့လျော့သွားသူများသည် အောက်ဖော်ပြပါ Google Form မှတဆင့် Password Reset ပြုလုပ်ရန်လျှောက် ထားနိုင်ပါသည်။
Google Form Link: https://forms.gle/A2Kqc6LzJ7pZX3Md7
Reset လျှောက်ထားသူများထံသို့ Email ဖြင့် ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
(၃)ရက်အတွင်း Email လက်ခံရရှိခြင်းမရှိပါက ၀၉-၄၂၈၆၁၂၁၅၁ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
* System Development အတွက် အချိန်အကန့်အသတ်ရှိပါသောကြောင့် System မှ တဆင့် Password Reset ပြုလုပ်ရန် Function မပါရှိသေးပါ။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း