Myanmar Association of Japan Alumni ( MAJA )

(1)၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application အတွက် Register ပြုလုပ်ထားသူများသို့ အသိပေးခြင်း (2) JLPT 2023 July အတွက် Online Application တင်သူများသို့ ငွေပေးချေခြင်းနှင့် ပတ်သက်၍ အသိပေးခြင်း။


(1)

JLPT စာမေးပွဲ Online Application အတွက် Register ပြုလုပ်ထားသူများ၏ "Login Name" အရှေ့နှင့် အနောက် နေရာများတွင် Display မဖြစ်သော Character များ ပါရှိနေသော Login Name များ ရှိနေကြောင်း တွေ့ရှိရပါသည်။ အဆိုပါ Display မဖြစ်သော Character များအား System တွင် ပယ်ဖျက်ပြီး ဖြစ်ပါ၍ မိမိအကောင့်သို့ ဝင်ရောက်၍ မရသော သူများအနေဖြင့် ပြန်လည် စမ်းသပ်ဝင်‌ရောက်ကြည့်ပါရန် အသိပေးအပ်ပါသည်။

ပြန်လည် စမ်းသပ်ဝင်ရောက်၍ မရသောသူများသည် အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း ဆောင်ရွက်ပါရန် အသိပေးအ‌ကြောင်းကြားအပ်ပါသည်။

"JLPT စာဖြေသူအကောင့် Login Name မှားယွင်းသူနှင့် Password မှတ်သားထားခြင်း မရှိသူများသို့ အသိပေးခြင်း"

https://www.facebook.com/.../a.164085897.../2534013346752393

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)

(2)

JLPT 2023 July Online Application တင်သူရာတွင် Online System မှ 2C2P Payment Channel မှ ပေးချေရန် လမ်းညွှန်ထားပြီးဖြစ်ပါသည်။ သို့ရာတွင် MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ တိုက်ရိုက်ပေးချေသူများ ရှိသည်ကို တွေ့ရှိရပါသည်။

ပေးချေရန်လမ်းညွှန်အားအောက်ဖော်ပြပါလင့်ရှိ User Manual (မြန်မာဘာသာ) စာမျက်နှာ (၂၉) / (PDF Page 31)တွင် ဖတ်ရှု့နိုင်ပါသည်။

User Manual (မြန်မာဘာသာ)

https://cdn-prod-static-assets.sgp1.cdn.digitaloceanspace...

Online System မှတင်ရာတွင် 2C2P Payment Channel မှ ပေးချေမှသာ System မှဖောင်လက်ခံနိုင်မည်ဖြစ်ပြီး၊ MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ ငွေပေးချေသူများသည် ဖောင်တင်မှု အောင်မြင်မည် မဟုတ်ပါ။

Online Application ဖြည့်သွင်းပြီး‌နောက် MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ တိုက်ရိုက်ငွေလွဲသူများသည် (၁) နာရီ စောင့်ဆိုင်းပြီးနောက် Online Application ဖောင်ပြန်လည်တင်ပေးရမည် ဖြစ်ပါသည်။

MAJA ၏ ဘဏ်အကောင့်နှင့် Quick Pay အကောင့်များသို့ ငွေသွင်းထားသူများအား ဖောင်လက်ခံခြင်းပြီး‌စီးသည့်နောက်ပိုင်းတွင် ပြန်လည်လျှောက်ထား ထုတ်ယူနိုင်ရန် စီစဥ်ပေးသွားမည် ဖြစ်ပါသည်။

JLPT စာမေးပွဲကျင်းပရေးကော်မတီ

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)ပေးချေရန် လမ်းညွှန်

 

 2023-02-21
၂၇ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း
visitors :      316,599