(1) ၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT User Login အကောင့်၏ Password Reset လျှောက်ထားသူများထံသို့ အထူးသတိပြုကြရန် အသိပေးခြင်း (2) JLPT 2023 July အတွက် Online Application တင်သူများသို့ (အထူး) အသိပေးကြေငြာချက်။ (3) ၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT User Login အကောင့်၏ Passwo
(1) ၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT User Login အကောင့်၏ Password Reset လျှောက်ထားသူများထံသို့ အထူးသတိပြုကြရန် အသိပေးခြင်း
Online Application တွင် Register ပြုလုပ်ပြီးသော်လည်း Login ဝင်ရောက်မရပါသဖြင့် Password Reset လျှောက်ထားသူများသို့ မသမာသူအချို့မှ MAJA အဖွဲ့အစည်းအသွင်ဆောင်၍ User Login အကောင့်၏ အချက်အလက်များကို တောင်းဆိုလျက်ရှိနေသည်ကို တွေ့ရှိရပါသည်။ စာဖြေသူများအနေဖြင့် အောက်ပါ Phone၊ Viber နှင့် Email မှ ဆက်သွယ်ခြင်းသာ တရားဝင် MAJA ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Phone: 09 986 093 637, 09 428 756 746,09 42861 2151
Viber : 09757976316, 09755086902
Email: [email protected] / [email protected] / @jlpt-maja.org ပါရှိသော Emails
အခြားသော Email, Phone မှ ဆက်သွယ်လာသော အချက်အလက်တောင်းဆိုမှုအား ဖြေကြားခြင်း မပြုလုပ်ကြပါရန် အထူးသတိပြုစေလိုပါသည်။
"Reset password နှင့် ပတ်သက်၍ JLPT System တွင် မှတ်ပုံတင်ထားခဲ့သော Phone ဖြင့်သာ ယခုဖော်ပြပါ viber ဖုန်းနံပါတ် 09757976316, 09755086902 သို့ message ပို့၍ စုံစမ်းနိုင်ပါသည်။
Password Reset မလျှောက်ထားခင် စစ်ဆေးရန်
(၁) Special Character (@ , . / - etc) မျာပါရှိသော Login Name မှ Special Character များကို ဖြုတ်ထားပါသည်။
(၂) Login Name ရှေ့နောက်တွင် ရိုက်နှိပ်မိထားသော <space> စသည့် မမြင်ရသည့် စာလုံးများအား System မှ ဖျက်ထားပေးပါသည်။
Special Character နှင့် <space> စသည့် မမြင်ရသည့် စာလုံးများမထည့်သွင်းပဲ ဝင်ရောက်ကြည့်ရှုပြီး၊ မရရှိမှသာ Password Reset လျှောက်ထားပါရန်။
Password Reset လျှောက်ထားရန်
Password မှတ်သားမထားသူများနှင့် မေ့လျော့သွားသူများသည် အောက်ဖော်ပြပါ Google Form မှတဆင့် Password Reset ပြုလုပ်ရန်လျှောက် ထားနိုင်ပါသည်။
Rest Password request Form Link: https://forms.gle/A2Kqc6LzJ7pZX3Md7
Reset လျှောက်ထားသူများထံသို့ အထက်ဖော်ပြပါ MAJA ၏ Email / Viber မှ ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
Password Reset လျှောက်ထားသူများအား စာရင်းသွင်းချိန်(Register) တွင် ဖြည့်သွင်းထားသော Login Name၊ မှတ်ပုံတင်စသည့် သက်သေခံအမှတ်၊ Email များအား ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး၊ ကိုက်ညီသောသူများအား Password Reset လုပ်ပေးပြီး၊ လျှောက်ထားသူ၏ Email နှင့် ဖုန်းနံပါတ်သို့ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ စစ်ဆေးပြုလုပ်မှုများအတွက် (၁) ရက်မှ (၃) ရက် အတွင်း ကြာမြင့်နိုင်မည်ဖြစ်ပြီး၊ Online လျှောက်ထားခြင်းသတ်မှတ်ကာလအတွင်း အချိန်မှီ အကြောင်းကြားသွားမည် ဖြစ်ပါသည်။
အခြားသောနည်းလမ်းဖြင့် MAJA မှ Password Reset ပြုလုပ်ပေးခြင်းမရှိကြောင်း အထူးသတိပြုကြရန် အသိပေး အကြောင်းကြားအပ်ပါသည်။
"၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application အတွက် Register ပြုလုပ်ထားသူများသို့ အသိပေးခြင်း"
https://www.facebook.com/117985645021854/posts/2534724686681259/?mibextid=Nif5oz
"JLPT စာဖြေသူအကောင့် Login Name မှားယွင်းသူနှင့် Password မှတ်သားထားခြင်း မရှိသူများသို့ အသိပေးခြင်း"
https://www.facebook.com/117985645021854/posts/2534015090085552/?mibextid=Nif5oz
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
(2) JLPT 2023 July အတွက် Online Application တင်သူများသို့ (အထူး) အသိပေးကြေငြာချက်။
JLPT 2023 July Online Application အတွက် ဖောင်နှစ်ကြိမ်တင်ခြင်းများကို ကာကွယ်ရန် တစ်ဦး(မှတ်ပုံတင်နံပါတ်တစ်ခု) လျှင် User Register အကောင့် တစ်ခုသာ ဖွင့်လှစ်ရန် ကန့်သတ်ထားပါသည်။
သို့သော် အချို့သော စာမေးပွဲ လျှောက်ထားသူများသည် မှတ်ပုံတင်နံပါတ်လွှဲပြောင်း၍လည်းကောင်း၊ မှတ်ပုံတင်နှင့် ပတ်(စ)ပို့ စသည့် သက်သေခံကတ်ပြားအမျိုးမျိုးကို အသုံးပြု၍လည်းကောင်း အကောင့်တစ်ခုထက်ပိုမို ဖွင့်လှစ်ထားရှိထားပြီး၊ အကောင့် (၂)ခု (၃)ခုမှ တပြိုင်နက် လျှောက်ထားရန် ကြိုးစားလျက်ရှိကြောင်းတွေ့ရှိရပါသည်။
အကောင့်တစ်ခုထက်ပိုမိုပြီး၊ Register ပြုလုပ်ထားသူများသည် မိမိမှတ်ပုံတင် နံပါတ်အမှန်ဖြင့် ပြုလုပ်ထားသောအကောင့်ဖြင့်သာ JLPT Online Application ဖောင် (၁) စောင်သာ လျှောက်ထားရန် အသိပေးအပ်ပါသည်။ မိမိမှတ်ပုံတင် နံပါတ်အမှန် မဟုတ်သော Login အကောင့်ဖြင့် လျှောက်ထားသောလျှောက်လွှာများကို လက်ခံမည် မဟုတ်ကြောင်းနှင့် ပေးချေထားသော စာမေးပွဲကြေးအား ပြန်အမ်းရန် (လုံးဝ) တာဝန်ယူနိုင်မည် မဟုတ်ပါ။ တဖန်၊ စာဖြေသူတစ်ဦးတည်းမှ ငွေသွင်းပြီး ဖောင်နှစ်ကြိမ်အထက် လျှောက်ထားသူများကိုလည်း တစ်ကြိမ်ထက်ပိုသော စာမေးပွဲကြေးအား (လုံးဝ) ပြန်အမ်းသွားမည် မဟုတ်ကြောင်း (အထူး) အသိပေး အပ်ပါသည်။
အခြားသော အကြောင်းကြောင်းကြောင့် စာမေးပွဲကြေးအား ပြန်အမ်းရန် ဖြစ်ပေါ်လာပါက မှတ်ပုံတင် မူရင်းအားစစ်ဆေးပြီးစိစစ်ပေးအပ်သွားမည် ဖြစ်ပါသောကြောင့် အထူးသတိပြု စေရန် ကြေငြာအပ်ပါသည်။
Online Application လျှောက်လွှာများအား အကန့်အသတ်မရှိ လက်ခံမည် ဖြစ်ပါသောကြောင့် မှန်ကန်သောနည်းလမ်းဖြင့် စိတ်ပူပန်မှု မရှိပဲ လျှောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
(3) ၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT User Login အကောင့်၏ Password Reset လျှောက်ထားသူများထံသို့ အထူးသတိ ပြုကြရန် အသိပေးခြင်း
Online Application တွင် Register ပြုလုပ်ပြီးသော်လည်း Login ဝင်ရောက်မရပါသဖြင့် Password Reset လျှောက်ထားသူများသို့ မသမာသူအချို့မှ MAJA အဖွဲ့အစည်းအသွင်ဆောင်၍ User Login အကောင့်၏ အချက်အလက်များကို တောင်းဆိုလျက်ရှိနေသည်ကိုတွေ့ရှိရပါသည်။ စာဖြေသူများအနေဖြင့် အောက်ပါ Phone၊ Viber နှင့် Email မှ ဆက်သွယ်ခြင်းသာ တရားဝင် MAJA ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Phone: 09 986 093 637, 09 428 756 746,09 42861 2151
Viber : 09757976316, 09755086902
Email: [email protected] / [email protected] / @jlpt-maja.org ပါရှိသော Emails
အခြားသော Email, Phone မှ ဆက်သွယ်လာသော အချက်အလက်တောင်းဆိုမှုအား ဖြေကြားခြင်း မပြုလုပ်ကြပါရန် အထူးသတိပြုစေလိုပါသည်။
"Reset password နှင့် ပတ်သက်၍ JLPT System တွင် မှတ်ပုံတင်ထားခဲ့သော Phone ဖြင့်သာ ယခုဖော်ပြပါ viber ဖုန်းနံပါတ် 09757976316, 09755086902 သို့ message ပို့၍ စုံစမ်းနိုင်ပါသည်။
Password Reset မလျှောက်ထားခင် စစ်ဆေးရန်
(၁) Special Character (@ , . / - etc) မျာပါရှိသော Login Name မှ Special Character များကို ဖြုတ်ထားပါသည်။
(၂) Login Name ရှေ့နောက်တွင် ရိုက်နှိပ်မိထားသော <space> စသည့် မမြင်ရသည့် စာလုံးများအား System မှ ဖျက်ထားပေးပါသည်။
Special Character နှင့် <space> စသည့် မမြင်ရသည့် စာလုံးများမထည့်သွင်းပဲ ဝင်ရောက်ကြည့်ရှုပြီး၊ မရရှိမှသာ Password Reset လျှောက်ထားပါရန်။
Password Reset လျှောက်ထားရန်
Password မှတ်သားမထားသူများနှင့် မေ့လျော့သွားသူများသည် အောက်ဖော်ပြပါ Google Form မှတဆင့် Password Reset ပြုလုပ်ရန်လျှောက် ထားနိုင်ပါသည်။
Rest Password request Form Link: https://forms.gle/A2Kqc6LzJ7pZX3Md7
Reset လျှောက်ထားသူများထံသို့ အထက်ဖော်ပြပါ MAJA ၏ Email / Viber မှ ပြန်လည်အကြောင်းကြားသွားမည် ဖြစ်ပါသည်။
Password Reset လျှောက်ထားသူများအား စာရင်းသွင်းချိန်(Register) တွင် ဖြည့်သွင်းထားသော Login Name၊ မှတ်ပုံတင်စသည့် သက်သေခံအမှတ်၊ Email များအား ကိုက်ညီမှုရှိမရှိ စစ်ဆေးပြီး၊ ကိုက်ညီသောသူများအား Password Reset လုပ်ပေးပြီး၊ လျှောက်ထားသူ၏ Email နှင့် ဖုန်းနံပါတ်သို့ အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။ စစ်ဆေးပြုလုပ်မှုများအတွက် (၁) ရက်မှ (၃) ရက် အတွင်း ကြာမြင့်နိုင်မည်ဖြစ်ပြီး၊ Online လျှောက်ထားခြင်းသတ်မှတ်ကာလအတွင်း အချိန်မှီ အကြောင်းကြားသွားမည် ဖြစ်ပါသည်။
အခြားသောနည်းလမ်းဖြင့် MAJA မှ Password Reset ပြုလုပ်ပေးခြင်းမရှိကြောင်း အထူးသတိပြုကြရန် အသိပေး အကြောင်းကြားအပ်ပါသည်။
"၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application အတွက် Register ပြုလုပ်ထားသူများသို့ အသိပေးခြင်း"
https://www.facebook.com/117985645021854/posts/2534724686681259/?mibextid=Nif5oz
"JLPT စာဖြေသူအကောင့် Login Name မှားယွင်းသူနှင့် Password မှတ်သားထားခြင်း မရှိသူများသို့ အသိပေးခြင်း"
https://www.facebook.com/117985645021854/posts/2534015090085552/?mibextid=Nif5oz
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
(4) JLPT 2023 July အတွက် Online Application တင်သူများသို့ အသိပေးကြေငြာချက်
ယနေ့၊ ဖေဖော်ဝါရီလ (၂၃) ရက် နေ့တွင် JLPT စာမေးပွဲ၏ ဖြေဆိုသူအများဆုံးဖြစ်သည့် N4 Level Online Application လျှောက်လွှာများကို စတင်လက်ခံသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများလက်ခံရာတွင် တပြိုင်နက်တည်းဝင်ရောက်မှုကြောင့် Server ရပ်ဆိုင်းမှုအား ကြိုတင်ကာကွယ်နိုင်ရန် တစ်နာရီလျှင် (၅၀၀) ခန့်နှင့် တစ်ရက်လျှင် (၅၀၀၀)ခန့် လက်ခံသွားမည် ဖြစ်ပါသည်။ လျှောက်လွှာများကို မတ်လ (၃) ရက်နေ့အထိ၊ လျှောက်ထားသူ အရေအတွက် အကန့်အသတ်မရှိ လက်ခံသွားမည် ဖြစ်ပါသောကြောင့်၊ စိုးရိမ်ပူပန်မှုမရှိပဲ အေးဆေးစွာ လျှောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စိတ်အလောကြီးစွာဖြင့် လျှောက်ထားခြင်းကြောင့် ဖြေဆိုမည့် Level မှားယွင်းခြင်း၊ စာမေးပွဲဖြေဆိုမည့်မြို့ မှားယွင်းထည့်သွင်းခြင်းများသည် လျှောက်ထားသူ၏တာဝန်သာဖြစ်ပြီး၊ System ၏ ကန့်သတ်ချက်အရ ပြန်လည်ပြင်ဆင်ပေးခြင်းနှင့် စာမေးပွဲကြေးပေးသွင်းထားငွေများကို ပြန်လည်ထုတ်ပေးနိုင်မည် မဟုတ်ပါ။ မိမိလျှောက်ထားခဲ့သည့် Level နှင့် စာမေးပွဲဖြေဆိုမည့်မြို့အတိုင်းသာ ဖြေဆိုသွားရမည် ဖြစ်ပါသည်။
ပြင်ဆင်နိုင်သောအချက်အလက်များမှာ စာမေးပွဲလမ်းညွှန်နှင့် အောက်ပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
“၂၀၂၃ ခုနှစ် ဇူလိုင်လ JLPT စာမေးပွဲ Online Application လျှောက်ထားပြီးသူများ၏ အချက်အလက်များအား ပြန်လည်စစ်ဆေးခြင်းနှင့် ပြင်ဆင်ခြင်း”
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)